Saturday, October 20, 2012

သွေးဖြင့်ရေးခဲ့သည့် ပန်းချီလက်ရာများ


ပန်းချီပညာရှင်အများစုသည် ၎င်းတို့၏ ပန်းချီအနုပညာလက်ရာများကို ရောင်စုံဆေးများဖြင့်သာ ခြယ်မှုန်းကြသော်လည်း နယူးယောက်မြို့ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ၎င်း၏သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ပေါင်းစပ်ရေးဆွဲထားသော ပန်းချီကားများကို အောက်တိုဘာ ၄ရက်နေ့မှစတင်၍ နယူးယောက်မြို့ မက်ဟန်တန်ရပ်ကွက်တွင် ဖွင့်လှစ်ပြသသွားခဲ့သည်။ အသက်၃၀အရွယ်ရှိ ပန်းချီပညာရှင် ကက်စတီဂီလာသည် ယင်းပန်းချီကားများကို ဆယ်နှစ်ကျော်အချိန်ယူပြီး ရေးဆွဲခဲ့သည်။ ထိုသို့၎င်း၏သွေးများ အသုံးပြုရေးဆွဲခြင်းဖြင့် ပန်းချီကားများကို ၎င်း၏ စိတ်ဆန္ဒ နောက်ဆုံးအဆင့်အထိ ရောက်ရှိရန်ပန်းချီ အနုပညာလက်ရာများကို ဖန်တီးရေးဆွဲနိုင်ခဲ့ကြောင်း ကက်စတီဂီလာက တွေ့ဆုံမေးမြန်းပွဲတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ လူ၏သွေးများတွင် Ironoxideဓာတ်ပါဝင်မှုရှိပြီး ရှေးခေတ်ဂန္တ၀င် ပန်းချီလက်ရာများတွင်လည်း Ironoxideကြောင့် သံချေးတက်ခြင်းကဲ့သို့ ဓာတ်ပြုမှုများကို တွေ့ရှိရကြောင်းဂီလာက ဆက်လက်ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...