Monday, May 7, 2018

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၇)


အိမ်ခြံဝင်းအတွင်းမှ ရေကူးကန်အလန်းလေးများ

မိမိအိမ်ခြံဝင်းအတွင် နေရာသိပ်မပေးရဘဲ ခေတ်မှီလှပတဲ့ ရေကူးကန်ပုံလေးများ စုစည်းတင်ပေးလိုက်ပါတယ်။

ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၇)

တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော် ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ လေးစားစရာပါ။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၁၁)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၁)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

ခုန်ကူးရမှာပေါ့

တော်တော်စည်းကမ်းမဲ့တဲ့ အပင်တွေ

အမှတ်တမဲ့ အလွဲများ ( ၉၈ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ..

အိပ်ချင်မူးတူးနဲ့ ကောက်စွပ်လာတယ်နဲ့ တူပါတယ်

ကြိုက်တတ်လိုက်တာ သားသားရယ်...

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ အံ့မခန်းမိတ်ကပ်ပညာ (၃)

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများမှ သရုပ်ဆောင်၏ အထူးပြုလုပ်ချက် မိတ်ကပ်ပညာဖြင့် ဖန်တီးထားပုံများပါ။ ထူးချွန်သည့် မိတ်ကပ်ပညာနှင့်အတူ ကောင်းမွန်သေသပ်သည့် နည်းပညာပြုလုပ်ချက်များပါ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ကားကောင်းများ ပေါ်ထွက်လာစေပါတယ်။ တစ်ချို့ပုံများဆိုလျှင် ဖန်တီးမှုကောင်းလွန်းသဖြင့် မူရင်းမျက်နှာနှင့် ကွဲပြားသွားတာ တွေ့ရမှာပါ။

ပင်လယ်အောက်တွင် စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း

မြစ်ဆိုလျှင် ကုန်းမြေပေါ်တွင်သာ တွေ့မြင်တတ်ကြပေမယ့် ယခုမြစ်ကြီးကတော့ ပင်လယ်နက်မြစ်ကြမ်းပြင်၌ တသီးတခြား စီးဆင်းနေသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာများအောက်တွင် ရေအေးစီးကြောင်း၊ ရေနွေးစီးကြောင်းများ စီးဆင်းနေတတ်သော်လည်း ယခုမြစ်ကြီးကတော့ ထိုကဲ့သို့ ရေစီးကြောင်းသဘောမျိုး မဟုတ်ဘဲ မြစ်တစ်ခုရဲ့ အင်္ဂါရပ်များ အပြည့်အစုံပါဝင်နေတာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ပင်လယ်အောက်တွင် စီးဆင်းနေသည့် ထူးထူးခြားခြား မြစ်ကြီးအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ထိုမြစ်ကြီးကတော့ Black Sea(ပင်လယ်နက်) ကြမ်းပြင်ကို ၂၀၁၀ခု၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် လိဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ လေ့လာရင်း တွေ့ရှိအတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ပင်လယ်နက်ရေပြင်၏အောက်တွင် အရောင်မတူသည့် နောက်ထပ်မြစ်တစ်စင်း စီးဆင်းနေခြင်းမျိုး ဖြစ်ပေါ်နေတာပါ။

ပင်လယ်ကအပေါ် ၊ မြစ်ကအောက် စသည်ဖြင့် ရေများမရောထွေးသွားဘဲ သီးခြားဖြစ်တည်နေတာပါ။ သိပ်သည်းဆနှင့် သဘောသဘာဝမတူညီသော ရေနှစ်မျိုးသည် မရောထွေးဘဲ သီးခြားစီဖြစ်တည်နေခြင်းပဲ ဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်တည်နေသည့် မြစ်သည် အလွန်ကြီးမားနေတာကို တွေပမြင်ကြရပါသည်။

ကမ္ဘာ ၊ လ နှင့် ဂြိုလ်ကြီးများ၏ ပြောင်းလဲလာသော ဓာတ်ပုံများ

ကမ္ဘာ ၊ လ နှင့် ဂြိုလ်ကြီးအသီးသီးကို ရှေးယခင်နှစ်များစွာထဲက ရိုက်ကူးထားသည့် ပုံများနှင့် ယခုခေတ် ရိုက်ကူးထားသည့် ပုံများကို နှိုင်းယှဉ်တင်ပြထားခြင်း ဖြစ်ပါသည်။ အချို့ပုံများသည် အလွန်သိသာစွာ ပြောင်းလဲနေသည်ကို တွေ့ရမှာပါ။ ဒါကလည်း တိုးတက်လာသော နည်းပညာနှင့်အညီ စွမ်းအားမြင့်လာသော တယ်လီစကုပ်မှန်ဘီလူးကြီးများနှင့် အရည်အသွေးမြင့် ကင်မယာများကြောင့် ပုံထွက်များ ပိုပြီးတိကျရှင်းလင်းလာကြခြင်း ဖြစ်ပါသည်။ သို့သော် မူလအစရိုက်ကူးထားသော ပုံများရဲ့ကျေးဇူးကိုတော့ မမေ့သင့်ပါ။ ထိုပုံများကြောင့်ပင် အာကာသအကြောင်းကို လေ့လာသင်ယူနိုင်ခဲ့ကြပြီး အဆင့်အတန်းလည်း တဖြည်းဖြည်း မြင့်လာကြခြင်း ဖြစ်ပါသည်။ ပုံများကို နှိုင်းယှဉ်ကြည့်ပြီး မည်မျှလောက် ပြောင်းလဲသိမြင်လာကြကြောင်း လေ့လာကြည့်လိုက်ရအောင်ဗျာ…

ထူးခြားလှပလှသည့် အစိမ်းရောင်မီးတောင်ချော်တုံးများလွင်ပြင်

တွေ့မြင်နေကြပုံမျိုး မဟုတ်ဘဲ ကြည့်နေရာတွင် စိမ်းစိမ်းစိုစို အစိုင်အခဲကုန်းကမူလေးများ ဖြစ်နေတဲ့ လွင်ပြင်ဒေသလေးအကြောင်းကို တင်ပြပေးချင်ပါတယ်။ ထိုဒေသလေးကတော့ အိုက်စလန်နိုင်ငံ တောင်ဘက်စွန်း ပင်လယ်ကမ်းခြေဒေသမှာ ဖြစ်ပါတယ်။ သာမာန်ကြည့်ရင် အစိမ်းရောင် မြက်ခင်းလွင်ပြင်ဟု ထင်စရာရှိသော်လည်း အမှန်မှာ အစိုင်အခဲ အစုစု တောင်ကုန်းလေးများသဖွယ် ဖြစ်နေတဲ့ မီးတောင်ချော်တုံး၊ ချော်ခဲများ ဖြစ်ပါတယ်။ ထိုမီးတောင်ချော်တုံးများပေါ်တွင် ရေညှိမှော်ပင်တစ်မျိုး နေရာအနှံ့ပေါက်နေသဖြင့် လွင်ပြင်တစ်ခုလုံး စိမ်းစိုလှပနေခြင်း ဖြစ်ပါတယ်။

ထိုရေညှိမှော်ပင်မျိုးများသည် အိုက်စလန်နိုင်ငံမှာ အများဆုံးပေါက်ရောက်နေတတ်တဲ့ အပင်များလည်း ဖြစ်ပါတယ်။ တကယ်တော့ အိုက်စလန်နိုင်ငံမှာ ၁၇၈၃ ခုနှစ်၌ အလွန်ပြင်းထန်ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ၁၇၈၃ မှ ၁၇၈၄ ခုနှစ်အတွင်း ၈ လတိုင်တိုင်ကြာခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ကျွဲ၊ နွား နှင့် မြင်းများ သေဆုံးခဲ့ရသလို သိုးဆိတ်များလည်း လေးပုံ သုံးပုံခန့် သေဆုံးခဲ့ရပါတယ်။ သမိုင်းတလျောက် အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး များပြားလှတဲ့ မီးတောင်ချော်ရည်များ ၊ ပြာမှုန့်များ ၊ အဆိပ်သင့် ဓာတ်ငွေ့များကြောင့် ဆိုးကျိုးများစွာ ခံစားရခြင်း ဖြစ်ပါတယ်။

ထိုကဲ့သို့ မီးတောင်ပေါက်ကွဲမှု အကျိုးဆက်အဖြစ် ပင်လယ်ကမ်းခြေမှ ရေနေသတ္တ၀ါများ သေဆုံးရှားပါးမှု ဖြစ်ပေါ်ခဲ့သလို လူများအနေဖြင့်လည်း စားနပ်ရိက္ခာရှားပါးမှုကြောင့် လေးပုံတစ်ပုံခန့် သေကြေပျက်စီးခဲ့ရပါတယ်။ ထို့ပြင် မီးတောင်ပေါက်ကွဲမှုရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာမြောက်ပိုင်းခြမ်း ရာသီဥတု ပြောင်းလဲခြင်းများကိုလည်း ခံစားခဲ့ရပါတယ်။ မြောက်အမေရိကတွင် ၁၇၈၄ ခုနှစ်၌ ဆောင်းရာသီဟာ အရှည်ကြာဆုံးနဲ့ အအေးဆုံးအဖြစ် စံချိန်တင် ဖြစ်ပေါ်ခဲ့သလို ကြီးမားပြင်းထန်တဲ့ နှင်းမုန်တိုင်းကြီးများလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
Related Posts Plugin for WordPress, Blogger...