ကဲ ကြည့်လိုက်ပါအုံးနော်....
နေခရမ်း....
|
Wednesday, August 22, 2012
အသက်၉၀အရွယ် အဘိုးအိုတစ်ဦးက လေယာဉ်ပေါ်မှလေထီး အလွတ်ခုန်ချပြ

အမေရိကန်နိုင်ငံ၏ အလယ်ပိုင်းဒေသ မြောက်ဘက်စွန်း၌ရှိသော ၀စ္စကွန်ဆင်ပြည်နယ်တွင် နေထိုင်သော အသက်၉၀အရွယ် အိုင်ယာလန်နွယ်ဖွား ကလော့ဝီလျံဆိုသူက ၎င်း၏သားနှစ်ဦးနှင့်အတူ ဒုတိယကမ္ဘာစစ်အတွင်းက ၎င်းလေထီးခုန်ချသည့် နေ၁၉၄၄ခုနှစ် ဇူလိုင်လ၂၈ရက်က အဖြစ်အပျက်လေး၏ ၆၈နှစ်မြောက်အမှတ်တရအဖြစ် လေယာဉ်ပေါ်မှ လေထီးမဖွင့်ဘဲ အလွတ်ခုန်ချပြခဲ့သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဘီ-၁၇ဗုံးကြဲ လေယာဉ်ပေါ်မှ လေထီးခုန်ခဲ့သော အဖြစ်အပျက်ကို အမှတ်တရ ပြန်လည် ကျင်းပခဲ့ရာတွင် အလွန်ပင် ကျေနပ်အားရခဲ့ကြောင်း ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ

လူ၂၀၀၀ကျော် ဗျပ်စောင်းတီး၍ ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံ၊ ဂျီလင်းပြည်နယ်၊ လီယိုယွမ်မြို့မှာ သြဂုတ်လ၊၈ရက်က လူပေါင်း၂၀၁၂ဦးသည် အစုလိုက်၊ အပြုံလိုက် ဗျပ်စောင်းတီးပြခဲ့သောကြောင့် လူအများဆုံး ဗျပ်စောင်း တီးခတ်မှုအဖြစ် ထင်ပေါ်ကျော်ကြား လူသိများပြီး၊ ယင်းပြည်နယ်မှာ ဗျပ်စောင်းကို အကြောင်းပြု၍ ဗျပ်စောင်းအနုပညာ ပွဲတော်နွှဲပျော်ကြသည်။ ယင်းပွဲတော်မှာ တရုတ်ပြည်မှသာမက ကမ္ဘာတစ်လွှားမှ ပညာရှင်များက ပါဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ယင်းဗျပ်စောင်း သရုပ်ပြပွဲတော်မှာ ဗျပ်စောင်းပညာရှင်များက နာမည်ကျော် ဗျပ်စောင်းအကတေးသွားကို ငါးမိနစ်နှင့် စက္ကန့်၃၀ကြာအောင် တီးပြခဲ့ကြသည်။
ref:ပြည်မြန်မာ

ကောင်းကင်ကျွမ်းဘားသမား ၁၃၈ယောက်ဖြင့် ဂင်းနက်စ်စံချိန်သစ်တင်

အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ် အနောက်တောင်ဘက် မိုင်၈၀အကွာရှိ အိုတာဝါဒေသတွင် သြဂုတ်လ၄ရက်နေ့က ကောင်းကင်ကျွမ်းဘားသမား ၁၃၈ယောက်သည် အမြင့်ပေ ၁၈,၅၀၀မှ တစ်နာရီ မိုင်၂၂၀နှုန်းဖြင့် ဆင်းသက်ကာ ၂၀၀၉ခုနှစ်က တင်ထားခဲ့သော စံချိန်ဟောင်းကို ချိုးဖျက်ကာ ဂင်းနက်စ်စံချိန်သစ် တင်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်ခန့်က ကောင်းကင်ကျွမ်းဘားသမား ၁၀၈ ယောက်ဖြင့် စံချိန်တင်ထားခဲ့ကြောင်း သိရသည်။ အဆိုပါကောင်းကင်ကျွမ်းဘား အဖွဲ့သည်ယင်းကဲ့သို့ စံချိန်သစ်တင်နိုင်ရန် သုံးရက်အတွင်း ၁၅ကြိမ်မြောက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ကောင်းကင်ကျွမ်းဘား အဖွဲ့ဝင်အမှုဆောင်တစ်ဦးဖြစ်သူ မိုက်ခ်ဆွမ်နှင့်အဖွဲ့သည် TransformerIIIက ဇာတ်ကားတွင် WillisTowerပေါ်မှ အလွတ်ဆင်းသက်ပြီး ဇာတ်ဝင်ခန်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုကဲ့သို့ စံချိန်သစ်တင်ရန်တွင်လည်း အဆိုပါအတွေ့အကြုံများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။
ref: ပြည်မြန်မာ

Subscribe to:
Posts (Atom)