Saturday, May 6, 2017

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၅)

Jesuso Ortiz ဆိုသူ ပညာရှင်တစ်ဦး၏ ဖန်တီးမှု ပုံများပါ။ သူရဲ့ထူးခြားမငတစ်ခုက အများအားဖြင့် ပန်းပွင့်လေးများကိုအသုံးပြုပြီး ပုံလေးများအဖြစ် ရိုးရိုးရှင်းရှင်းဖြင့် လှပအောင် တီထွင်ရေးဆွဲထားမှုပါ။

ရောင်စုံလှပနေသော ဖန်ကမ်းခြေ

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ် ၊ Fort Bragg အနီးရှိ MacKerricher မှ ကမ်းခြေသည် ရောင်စုံတောက်ပသော သောင်ပြင်ကြောင့် ကျော်ကြားလူသိများပါသည်။ ထိုကမ်းခြေတစ်လျောက် ရောင်စုံ ဖန်တုံး ၊ ဖန်စလေးများသည် သောင်ပြင်ကျောက်စရစ်ခဲလေးများနှင့် အတူ တည်ရှိနေပါသည်။

အမှန်တော့ ထိုဖန်တုံး ၊ ဖန်စလေးများသည် အလိုအလျောက် ရောက်ရှိလာခြင်း မဟုတ်ပါ။ ၁၉၄၉ ခုနှစ်များအတွင်း၌ ထိုနေရာသည် ဖန်ထည်ပစ္စည်း အမှိုက်များ အများအပြားစွန့်ပစ်ရာ နေရာ တစ်နေရာ ဖြစ်ခဲ့ပါသည်။

သဘာဝကမ်းခြေအလှကို လူတွေက သွားဖျက်စီးခဲ့ပေမယ့် သဘာဝတရားက လှပအောင် ပြုပြင်ပြီး လူသားများကို ပြန်လည်လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ပါသည်။ဖန်ကွဲ ဖန်စ အပျက်အစီးများကို ပင်လယ်လှိုင်းလုံးများက သယ်ဆောင် ပွတ်စားခဲ့ပြီး ကမ်းခြေသို့ ပြန်လည်တင်ပေး ခဲ့ပါသည်။

ကိုယ်တိုင်ဆိုင်သွားကာ မုန့်ဝယ်စားတတ်သည့် ခွေးလိမ္မာလေး

 
သူငယ်ချင်းတို့ကို အလွန်လည်ပြီး ချစ်စရာကောင်းတဲ့ ခွေးကလေးအကြောင်း တင်ပြပါမယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ၊ ကျီလင်းပြည်နယ် ၊ ချောင်ချမ်းမြို့မှ ဘော်ဘီ လို့ အမည်ပေးထားသည့် ခွေးကလေးသည် ဈေးဆိုင်သို့ ပုံမှန်သွားရောက်ကာ မိမိစားချင်သည့် မုန့်ကို ၀ယ်စားလေ့ ရှိပါသည်။ မုန့်ဝယ်စားတာ သင်ပေးထားလို့ ရပေမယ့် ဘော်ဘီ၏ ထူးခြားချက်မှာ မိမိအိမ်မှ ယူဆောင်လာသော ပိုက်ဆံ နှင့် ၀ယ်စားမည့် မုန့် တန်ဖိုးကို တွက်ချက်တတ်ခြင်း ဖြစ်ပါသည်။ သူ၏ သခင်မှ ငွေ တစ်ယွမ်ပေးလိုက်လျှင် အိမ်အနီးရှိ ဈေးဆိုင်သို့သွားကာ သူနှစ်သက်သော ကြက်အူချောင်း (သို့) ကြက်တောင်ပံ တို့ကို ကိုယ်တိုင်သွားရောက်ကာ ၀ယ်စားပါသည်။ ခွေးကလေးသည် ပိုက်ဆံကို ကိုက်၍ ဈေးဆိုင်သို့ ချီတက်သွားပုံမှာ ချစ်စရာ ကောင်းလှပါသည်။

အမှတ်တမဲ့ အလွဲများ ( ၈၄ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
အင်း မီးကတော့ငြိမ်းမှာ မြင်ယောင်သေးတယ်...

မမရယ်... မတော်လို့ ခြေရှော်သွားရင်... :o

ကမ္ဘာ့အကြီးဆုံး ဘောပင်ကြီး


ကမ္ဘာ့အကြီးဆုံးဘောပင်ကြီးကို အန္ဒိယနိုင်ငံမှ Acharya Makunuri Srinivasa ဆိုသူမှ ဖန်တီးခဲ့ပါသည်။ ဘောပင်ကြီးသည် ၅.၅ မီတာ (၁၈ ပေ ၀.၅၃ လက်မ) အထိ ရှည်လျားပြီး အလေးချိန်အားဖြင့် ၃၇.၂၃ kg (၈၂.၀၈ ပေါင် ၁.၂၄ အောင်စ) ရှိပါသည်။ ဘောပင်ကြီးသည် အမှန်ပင် ရေးသား၍ရသော အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဘောပင်ကြီးအဖြစ် ၂၀၁၁ ခုနှစ်တွင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင် ခဲ့ပါသည်။ ယခုအချိန်အထိ ကမ္ဘာ့အကြီးဆုံးအဖြစ် သတ်မှတ်ထားရသော ဘောပင်ကြီး ဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

Related Posts Plugin for WordPress, Blogger...