ရုရှနိုင်ငံ ၊ Siberia ဒေသ တောင်ဘက်စွန်းတွင်တည်ရှိသော Lake Baikal ရေကန်ကြီးသည် ကမ္ဘာ့အနက်ဆုံး ရေကန်ကြီး ဖြစ်သလို ကမ္ဘာပေါ်တွင် ရေချိုပမာဏအများဆုံး တည်ရှိရာ ရေကန်ကြီးလည်း ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရေကန်ကြီးလည်းဖြစ်ပြီး ၊ ကမ္ဘာပေါ်ရှိ ကြည်လင်သန့်ရှင်းသော ရေကန်ကြီးများတွင်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထို့ပြင်မက ကမ္ဘာ့အကြီးဆုံး ရေကန်ကြီးများတွင်လည်း နံပါတ်(၇) အဖြစ်စာရင်းဝင်နေသော သာယာလှပသည့် သဘာဝရေကန်ကြီး ဖြစ်ပါသည်။

Lake Baikal ရေကန်ကြီးသည် ကမ္ဘာပေါ်တွင် ရေချိုပမာဏ အများဆုံးတည်ရှိသောရေကန်ကြီး ဖြစ်ပြီး ကမ္ဘာပေါ်ရှိရေချိုပမာဏ စုစုပေါင်း၏ ၂၀ မှ ၂၃ ရာခိုင်နှုန်းအထိ တည်ရှိနေပါသည်။

ထို့ပြင် အမြင့်ဆုံး ရေအနက် ၁၆၄၂ မီတာ (၅၃၈၇ ပေ) အထိ နက်သဖြင့် ကမ္ဘာ့ရေအနက်ဆုံး ကန်ကြီးအဖြစ်လည်း သတ်မှတ်ထားကြပါသည်။