“တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား........”
အထက်ပါ သီချင်းစာသားလေး ကို မြင်လိုက် ၊ တွေ့ လိုက် သည်နှင့် နတ်ရှင်နောင် သီချင်း ဆိုတာအားလုံးသိကြ ပါသည်။နတ်ရှင်နောင်၏
ရတုကဗျာများသည် ကျွန်တော်အပါအ၀င်ကဗျာချစ်သူများ အတွက် အလွန်လေးစား
နှစ်သက်ရပါသည်။တောင်ငူခေတ်သည် ရတုခေတ်ဟု မြန်မာစာပေတွင် တင်စားကြပါသည်။
ထိုရတုစာပေရှင် အများအပြားတွင်“နတ်ရှင်နောင်”ကို“ ရတုဘုရင်” ဟုပင်တင်စား
ကြပါသည်။
ယခုတင်ပြမည့်  ပိုစ့်သည် နတ်ရှင်နောင် ၏ စာပေဘ၀ကို တင်ပြလိုခြင်းမဟုတ်ပါ။ သူ၏နိုင်ငံရေးဘဝ
နှင့် နိုင်ငံရေး ခံယူချက် ကိုသာတင်ပြလိုခြင်း ဖြစ်ပါသည်။