
Apollo 11 သည် ၁၉၆၉ ခုနှစ်တွင် လမျက်နှာပြင်ပေါ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပြီး ယင်းပေါ်လိုက်ပါသွား သည့် လူသုံးဦးသည်လည်း လမျက်နှာပြင် ပေါ်တွင် လမ်းလျှောက်ခွင့်ရသည့် ပထမဦးဆုံးလူသားများဖြစ်သွားတော့သည်။ ယင်းအောင်မြင်မှုကြီးကို လူအများက ချီး မွမ်းခန်းဖွင့်ခဲ့ကြသည်။ ထိုသို့စွမ်းဆောင်ခဲ့ နိုင်သဖြင့် အမေရိကသည် အာကာသနည်း ပညာပြိုင်ပွဲတွင် ရုရှားထက် သာသွားတော့ သည်။ သို့သော် လပေါ်ဆင်းသက်ပြခြင်း သည် အတုသာဖြစ်သည်ဟူသော ယူဆ ချက်များလည်း ထွက်ပေါ်လာသည်။ လ ပေါ်ဆင်းပြနေသည့်ပုံများကို လူအချို့က နှစ်ရှည်လများ အသေးစိတ်လေ့လာပြီး ယင်းသည်အတုသာဖြစ်ကြောင်း၊ အမေရိ ကန်အစိုးရသည် လူများကို အတုဖြင့်လှည့် ဖြားခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြနေသည့် မှတ်တမ်းဗီဒီယိုအများအပြားလည်း ပေါ် ထွက်ခဲ့သည်။ ထို့ကြောင့် ရုရှားအာကာသ အေဂျင်စီ Roscosmos ၏အကြီးအကဲဖြစ် သူ ဒီမစ်ထရီရိုဂိုဇင်ကလည်း အမေရိကန် တို့ လမျက်နှာပြင်ပေါ် အမှန်တကယ်ဆင်း သက်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသွားမည် ဟု ဆိုလိုက်သည်။ လပေါ်တွင်အခြေစိုက်စ ခန်းတစ်ခုတည်ထောင်လျှင် ကုန်ကျစရိတ် အလွန်ကြီးမည်ဖြစ်သောကြောင့် ယင်းစ ရိတ်အားလုံးကို တစ်နိုင်ငံတည်း ကျခံနိုင် မည်မဟုတ်ကြောင်း မော်လ်ဒိုဗာသမ္မတ နှင့်စကားပြောစဉ်တွင် ၎င်းကဆိုလိုက်သည်။ အမေရိကန်အာကာသယာဉ်မှူးများ လ ပေါ် အမှန်တကယ်ဆင်းခဲ့သလောဆိုသည့် မေးခွန်းကို ]အဲဒါ တကယ်ဟုတ်၊ မဟုတ် လေ့လာဖို့ ကျွန်တော်တို့အဖွဲ့တစ်ဖွဲ့ ဖွဲ့ ထားတယ်။ သူတို့ကို လပေါ်လွှတ်သွားမှာ] ဟု ဖြေဆိုသွားခဲ့သည်။ ရုရှားသည် လပေါ် တွင် စခန်းတစ်ခုတည်ဆောက်သွားရန် လည်း စဉ်းစားနေသည်။
( IT, 10.12.18) ချယ်ရီ
Credit:Pyimyanmar newsjournal