
နာဆာရဲ့  ပထမဆုံး ဂြိုဟ်သိမ်ဂြိုဟ်မွှားနမူနာလေ့လာရေးမစ်ရှင် OSIRIS-Rex ဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ Bennu ဂြိုဟ်သိမ်ဆီရောက်ရှိခဲ့တာဖြစ်ပေမယ့် အစောပိုင်းနေအဖွဲ့အစည်းစနစ်က ကာလအပိုင်းအခြားအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ်အသိပညာတွေ လေ့လာနိုင်ခဲ့ပါတယ်။
OSIRIS-REx စူးစမ်းယာဉ်ဟာ Bennu ပေါ်က ရွှံ့စေးတွေထဲမှာ ရေကို တွေ့ရှိခဲ့ပါတယ်။
Bennu ဆီရောက်ဖို့ နှစ်နှစ်လောက်အချိန်ယူရကျိုး နပ်ခဲ့ပါတယ်။
OSIRIS-REx ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၁.၄ သန်းကို ခရီးသွားခဲ့ပြီး Bennu ထံ ချဉ်းကပ်ခဲ့ပါတယ်။ သြဂုတ်လနဲ့ ဒီဇင်ဘာလ အစောပိုင်းအတွင်းမှာ သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ သူ့ရဲ့ကိရိယာတွေထဲက သုံးခုကို သည်ဂြိုဟ်သိမ်ပေါ်ကို ချိန်ထားခဲ့ပါတယ်။
သည်အာကာသယာဉ်ပေါ်က ရောင်စဉ်တိုင်းကိရိယာနှစ်ခုဖြစ်တဲ့ OVIRS နဲ့ OTES က အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အက်တမ်တွေ အတူတကွပေါင်းစည်းထားတဲ့ မော်လီကျူးတွေဖြစ်တဲ့ ဟိုက်ဒရိုဆိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သည်ဟိုက်ဒရိုဆိုင်းတွေက ဂြိုဟ်သိမ်ပေါ်က ရွှံ့စေးတွေအတွင်းမှာ နစ်မြှုပ်ပြီး တည်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေပါတယ်။
Bennu ဟာ သူကိုယ်တိုင် ရေကိုထိန်းသိမ်းထားဖို့ အလွန်သေးငယ်ပေမယ့် ဆိုလိုတာက သူ့ရဲ့သက်တမ်းတစ်လျှောက်လုံး မှာ အချို့နေရာတွေမှာ ရေတွေနဲ့ အပြန်အလှန်တည်ရှိနေတယ်လို့ဆိုလိုရာရောက်ပါတယ်။ Bennu ဟာ ပိုကြီးတဲ့ ဂြိုဟ်သိမ် တစ်ခုရဲ့အစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့ "မိခင်" ဂြိုဟ်ပေါ်မှာ ရေတွေတည်ရှိနေနိုင်ပါတယ်။
"အစောပိုင်းနေအဖွဲ့အစည်းဆီက အကြွင်းအကျန်တစ်ခုဖြစ်တဲ့ သည်ဂြိုဟ်သိမ်ပေါ်မှာ ရေဓာတ်တွေတည်ရှိမှုက Bennu ဟာ ရှေးဦးခေတ်ဓာတ်ဖွဲ့စည်းပုံကိုလေ့လာတဲ့ OSIRIS-REx မစ်ရှင်အတွက် အကောင်းဆုံးနမူနာဖြစ်တယ် "လို့ နာဆာရဲ့ Goddard အာကာသယာဉ်စင်တာက ကိရိယာသိပ္ပံပညာရှင် အေမီဆိုင်မွန် က ပြောခဲ့ပါတယ်။
"၂၀၂၃ ခုနှစ်မှာ သည်မစ်ရှင်က ကမ္ဘာမြေဆီ နမူနာပစ္စည်းတွေ ပြန်ယူလာတဲ့အချိန်မှာ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ သမိုင်းနဲ့ အဆင့်ဆင့်ပြောင်းလဲလာပုံနဲ့ပတ်သက်ပြီး အဖိုးမဖြတ်နိုင်တဲ့သတင်းအချက်အလက်အသစ်တစ်ခုကို သိပ္ပံပညာရှင်တွေ လက်ခံရရှိမှာဖြစ်ပါတယ်"
သည်မစ်ရှင်ရဲ့သိပ္ပံပညာရှင်တွေအတွက် အချင်း၊ လှည့်ပတ်မှုနှုန်း နဲ့ အမူအကျင့်တို့အပါအဝင် Bennu ရဲ့ သွင်ပြင်အစစ်ကို ပုံဖော်ခန့်မှန်းရာမှာ အတိအကျနီးပါးဖြစ်နိုင်ဖို့ အားတက်သွားစေပါတယ်။
မေသက်
Ref: CNN. Dec 10, 2018
Credit:Kumudar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။