Monday, January 14, 2019

လူအယောက် ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်နေတဲ့ အမေရိကန်က အငြိမ်းစား စာပို့သမားကြီး


အမေရိကန်ပြည်ထောင်စု၊ တန်းနက်ဆီးပြည်နယ် (Tennessee) က အသက် ၈၇ နှစ်အရွယ် အငြိမ်းစားစာပို့သမားကြီးတစ်ဦးဟာ အဆိုပါဒေသက ကလေးဦးရေ ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်တယ်လို့ ၁၅ နှစ်ကြာစုံစမ်းမှုနဲ့ DNA စစ်ဆေးချက်တွေအရ သိရှိခဲ့ရပါတယ်။
အဖြစ်အပျက်က ဒီလိုပါ။ ၂၀၀၁ ခုနစ်မှာ စူးစမ်းလေ့လာသူ သုတေသီတစ်ဦးဖြစ်သလို အလွတ်စုံထောက်တစ်ဦးလည်းဖြစ်တဲ့ ဆစ်ဒ်ရွိုင်း (Sid Roy) ထံကို  လူနှစ်ယောက် ရှေ့ဆင့်၊ နောက်ဆင့်ဆိုသလို ရောက်လာခဲ့ပြီး သူတို့ရဲ့ ဖခင်အရင်းကို ရှာဖွေဖော်ထုတ်ပေးဖို့ ဆစ်ဒ်ဆီမှာ ကိုယ်စီကိုယ်ငှ အလုပ်အပ်သွားခဲ့ကြပါတယ်။ ဆစ်ဒ် ရဲ့စုံစမ်းဖော်ထုတ်မှုအပြီးမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ ဖခင်အရင်းက တစ်ဦးတည်းဖြစ်နေတာကို သွားတွေ့ခဲ့ပါတယ်။
ဆစ်ဒ်အတွက် အံ့အားသင့်ရုံအဆင့်ကနေ နောက်ထပ်အမှန်တရားတွေကိုပါ တစ်ကိုယ်တည်းကြိတ်ပြီးဖော်ထုတ်လိုတဲ့ အဆင့်ကိုရောက်သွားပြီး တန်းနက်ဆီးပြည်နယ်က ကလေး ၁၃၀၀ ကျော်ရဲ့ဖခင်က တစ်ဦးတည်းသာ ဖြစ်နေကြောင်း အဖြေရလဒ်ဟာ သူရဲ့ ၁၅ နှစ်ကျော်ကြာ သုတေသနခရီးမှာ DNA စစ်ဆေးချက်၊ သက်သေသာဓကတွေနဲ့ ခိုင်ခိုင်မာမာကြီး ပေါ်ထွက်လာခဲ့တပါ။ ကလေးတွေရဲ့ဖခင်အရင်းဖြစ်တဲ့ အငြိမ်းစားစာပို့သမားကြီးကလည်း ဝန်ခံသွားခဲ့သလို အင်တာဗျူးမှာ အခုလိုဖြေခဲ့ပါတယ်။
"ဟိုဘက်ခေတ်တုန်းက သန္ဓေတားတယ်ဆိုတာမျိုး ခေတ်မစားသေးတော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေလို့ပဲ မှတ်ယူနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ကျွန်တော့်သိက္ခာအတွက် အရှက်ရစရာမရှိပါဘူး။ ငယ်ငယ်တုန်းက ၁၉၆၀ ကာလတွေပေါ့။ ကျွန်တော်က ဂျွန်နီကတ်ရှ်နဲ့ တစ်ထေရာထည်းနီးပါးတူတယ်။ ဆိုတော့ ကောင်မလေးတွေ ကျွန်တော့်ကိုသိပ်ကြွေကြတယ်။ တချို့ဆို ဂျွန်နီကတ်ရှ်လို့ကို တကယ်အောက်မေ့ကြတာနော်။ ကျွန်တော်က တော်တော်လေးစွံခဲ့တယ်ပြောရမယ်။ အခွင့်အရေးတွေအများကြီးရခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်လည်း ပုထုဇဉ်လူသားပဲလေ။ အခွင့်အရေးတွေပေးလာမှတော့ ဘယ်ငြင်းနိုင်မှာလဲဗျ " လို့ စာပို့သမားဟောင်းကြီးက ဝန်ခံခဲ့ပါတယ်။
ဆစ်ဒ်ရွိုင်းရဲ့ သုတေသနရလဒ်အရ စာပို့သမားကြီးရဲ့ ဇာတ်လမ်းမှာ နောက်ထပ်ကလေးပေါင်းမြောက်များစွာရှိသေးကြောင်း သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။ အရေအတွက်အရ ရာနဲ့ချီသလား၊ ထောင်နဲ့ချီသလား ဆိုတာတော့ တိတိကျကျ မပြောသွားခဲ့ပါဘူး။
နောက်ပြီး ဖခင်အရင်းကို အစစ်အမှန်အတိုင်း သိရှိသွားကြတဲ့ သားသမီးတွေကလည်း ဒီအမှန်တရားရဲ့ အသေးစိတ်အချက်အလက်တွေသာ ပေါက်ကြားသွားခဲ့ရင် မိသားစုတော်တော်များများပြိုကွဲသွားဖို့ရှိတာကို နားလည်ကြပါတယ်။ ဒါကြောင့် ဖခင်အရင်းကို သိရှိခွင့်ရတဲ့ လက်ရှိအခြေအနေနဲ့သာ ကျေနပ်ကြပြီး အဘိုးအိုအပေါ် အပြစ်မမြင်ကြတာကြောင့် အမှုအခင်းနဲ့ တရားစွဲဆိုမှုတွေလည်းဖြစ်လာဖို့မရှိဘူးလို့ သူက ဆိုပါတယ်။
Ref: Worldnewsdailyreport.com "RETIRED @ HAS OVER 1,300 ILLEGITIMATE CHILDREN"
AI (ရိုးရာလေး)
Credit:yoyarlay

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...