Monday, December 31, 2012
အာဆီယံ ၁၀ နိုင်ငံထဲမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အကောင်းဆုံး မြို့ကြီး ၁၀ မြို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံမှ တောင်ကြီးမြို့ ပါဝင်
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်..။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ဖြစ်သည်..။တောင်ကြီးမြို့ ပတ်ဝန်းကျင်ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာနေရာဖြစ်သည်..။ ပတ်ဝန်းကျင်ကျေးရွာများမှ လတ်ဆပ်သောထုတ်ကုန်များ လာရောက်ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စားအကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်..။
Sunday, December 30, 2012
ရေအောက်စတိတ်စင်/ စတူဒီယို
အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။
ဥရောပမှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊ ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။
ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake
သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။
ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်
ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချိန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
...
ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
Saturday, December 29, 2012
ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်
ဒေးဗစ်စတန်းဒစ် ဆိုတဲ့ ပညာရှင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေရဲ့ ဒီဇိုင်းတွေကို လိုက်လံ စုစည်း လေ့လာပြီး "The Art of Money" (ငွေစက္ကူများ၏ အနုပညာ) ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။
သူ့စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်ကို စုစည်းတင်ပြလိုက်ပါတယ်။ အဆင်ပြေသလို စီစဉ်ထားတာ ဖြစ်ပြီး အလှပဆုံး အစဉ်လိုက်တော့ မဟုတ်ပါဘူး။ နိုင်ငံအမည်နဲ့ ငွေအမျိုးအစားကို ယှဉ်တွဲ ဖော်ပြထားပါတယ်။ (အသံထွက်များ လွဲခဲ့သော် ခွင့်လွှတ်ပါ)
ပြင်သစ်-ပစိဖိတ် ကျွန်းစုများ (ဖရန့်)
မြူဆိုင်းတဲ့  ဒူဘိုင်းမှာ
အလွန်တစ်ရာပူပြင်းခြောက်သွေ့ လှသည့် ဒူဘိုင်းရဲ့ ကမ္ဘာကျော်နွေရာသီကာလကြီးကုန်ဆုံး
လွန်မြောက်ခဲ့ လေပြီ...
နှစ်စဉ်နှစ်တိုင်း ဤအချိန်သို့ ရောက်လျှင် နွေနှောင်းလွန်မြောက် ဆောင်းမပီ၊မိုးမကျ ထိုစပ်ကူး
မတ်ကူးကာလ၏ သဘောသရုပ်အဖြစ် မြူတို့ ဝေတတ်သည်မို့ ယခုနှစ်လည်း အစဉ်အလာမ
ပျက် မြူဆိုင်းတဲ့ ဒူဘိုင်းမှာ မြင်ကွင်းလေးဖြစ်တည်လာခဲ့ ပုံကို ဂျာမန်ဓါတ်ပုံဆရာက အမိအရ
အလှအပအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့ ပါတယ်...
ထို့ ကြောင့် ဤအရာကို...အချစ်ဟုခေါ်ပါသည်
ကျော်သက်မိန်းကလေး၊ ဘရာဇီးလ်နိုင်ငံသူကလေး ယ်လစ်နီ ဒါကုစ်ဆေးလ်ဗာ ဟာ သူမ
ဒို ဒါဆေးလ်ဗား ကာဗယ်လ်ဟို နှင့် လက်ချင်းချိတ်ကာ လျှောက်လှမ်း လျှက် ချစ်သူကိုအနမ်းပန်း
ချွေဖို့ ခါးကိုင်းကာ ခေါင်းငုံ့ မွှေးကြူခဲ့ ပါတယ်....
ဘရာဇီးလ်နိုင်ငံ၊ဆာလီနိုပိုလစ် အရပ်မှဆယ်ကျော်သက်မိန်းကလေး အနေဖြင့် သူမ၏ဦးနှောက်
အတွင်း အကြိတ်ကြောင့် မရပ်မနားထွားကြိုင်းလာနေသည့် အတွက် ခန္ဓာကိုယ်မတန်တစ်ဆကြီး
မားကာအရပ်လည်းအလွန်ရှည်လျားနေရပါတယ်...
The height of passion: Brazil's tallest teen, Elisany da Cruz 
Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis, 
Brazil
ကိုယ်ကတော့ မြင့် မြင့် ကိုပဲကြိုက်တယ်... အမြင့် ကိုပဲမှန်းတယ်...
ချစ်ခြင်းနဲ့ သက်သေတည်.... အချစ်သာလျှင်ပဓာန...
နှင်းဇီးကွက်တို့ လျှောစီးကျင့်ချိန် အလှပဆုံးမြင်ကွင်း၏ အထိမိဆုံးရိုက်ချက်
ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် မောင့်ရီးရဲလ်မြို့သည် ရေခဲအမှတ်အောက် ဒီဂရီများစွာ ကျဆင်းသည့် အလွန်အေးသော ရာသီဥတုကို ပိုင်ဆိုင်ထားသည်။ အဆိုပါဒေသတွင် ကမ္ဘာ့ရှားပါး မျိုးစိတ်တစ်ခုဖြစ်သည့် နှင်းဇီးကွက်များ နေထိုင်ကြသည် ဟုသိရသည်။
ကမ္ဘာ့အ၀ဆုံး မော်ဒယ်များကိုသာ ဓာတ်ပုံရိုက်လိုသူ
အမေရိကန်ပြည်ထောင်စု အီတလီလူမျိုး ဓာတ်ပုံဆရာ အသက်၃၆နှစ်အရွယ်ရှိ ယိုဆီလိုလှိုင်းသည် အများနှင့်မတူ တမူထူးခြားစွာ အ၀လွန်နေသော အမျိုးသမီးများအား ကိုယ်ဟန်ပြမယ်အဖြစ် အသုံးပြုကာ သူ၏၀ါသနာအတိုင်း ဓာတ်ပုံများရိုက်ယူ၍ ပြခန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဓာတ်ပုံဆရာက ၀နေသော အမျိုးသမီးများ၏ အလှကိုပေါ်လွင်ရန်နှင့် အများပြည်သူတို့မှ အသစ်အဆန်း တစ်ရပ်အနေဖြင့် ကြည့်ရှုရန် ထိုကဲ့သို့ဓာတ်ပုံများ စုဆောင်းရိုက်ကူးခြင်း ဖြစ်သည်ဟုဆိုသည်။
ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးကလေး
ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အမျိုးသမီးတစ်ဦး မွေးမြူထားသော ချီဟွားဟွားအနွှယ်ဝင် ခွေးကလေးမှာ ယခုအခါ ဗြိတိန်နိုင်ငံ၏ အသေးငယ်ဆုံး ခွေးငယ်ကလေးအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။
မက္ကဆီကိုမြောက်ပိုင်း၌ ဂြိုဟ်သားဦးခေါင်းခွံသဏ္ဌာန် တူးဖော်တွေ့ရှိ
မက္ကဆီကိုနိုင်ငံ အိုနေးဗတ်စ် ကျေးရွာအနီးတွင် လွန်ခဲ့သောနှစ် ၁၀၀၀ခန့်ကဟု ယူဆရသော အရိုးစုတစ်စုံနှင့် ဦးခေါင်းခွံတစ်ခုကို ဘူမိဗေဒနှင့် ရှေးဟောင်း သုတေသီများက တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဦးခေါင်းခွံမှာ လူဦးခေါင်းခွံနှင့် ကွဲပြားခြားနားသည့် ပုံသဏ္ဌာန်ရှိကာ ဟောလိဝုဒ်ဒါရိုက်တာ ရစ်ဒလေစကော့ဒ်၏ ရုပ်ရှင်ဇာတ်ကားထဲမှ ဂြိုဟ်သား၏ဦးခေါင်း ခွံကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရသည်။
ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး
သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမစာရင်းဝင် အီစတန်ဘရောင်ြးွေမဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက်မ၍ြွေမအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံရှိ စစ်အေးကာလက တည်ဆောက်ခဲ့သော ကတုတ်ကျင်းကြီးကို ဇိမ်ခံနိုက်ကလပ်အဖြစ် အသုံးပြု
ရုရှားနိုင်ငံမော်စကို မြို့လယ်ရှိ ကရင်မလင် ရင်ပြင်အနီး မြေအောက်၁၈၄ပေ အနက်၌ တည်ဆောက်ထားသော ကတုတ်ကျင်းအမှတ် ၄၂ကိုယခုအခါ ၂၄နာရီဖွင့်လှစ်သည့် ဇိမ်ခံနိုက်ကလပ် အဖြစ်ပြောင်းလဲ အသုံးပြုမည်ဟု သိရသည်။ အဆိုပါကတုတ်ကျင်းကို ၁၉၅၆ခုနှစ်က တည်ဆောက်ခဲ့ပြီး ထိုစဉ်က ရုရှားစစ်ခေါင်းဆောင်များ၊ နျူကလီးယားဗုံး တိုက်ခိုက်မှုအန္တရာယ်မှ ရှောင်တိမ်းခိုအောင်းနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။ အဆိုပါကတုတ်ကျင်းထဲ၌ လူပေါင်း၃၀၀ခန့် သက်သောင့် သက်သာနေနိုင်ပြီး ထိုနေရာသို့ ရောက်ရှိဖို့ရန်အတွက် မြေအောက်သို့ ဓာတ်လှေကားဖြင့် ၁၈ထပ်ဆင်းရမည် ဟုသိရသည်။
ကမ္ဘာမြေဆွဲအားဖြင့် အလင်းရောင်ပေးသွားမည့်မီးအိမ်
ကမ္ဘာမြေဆွဲအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူထားသည့် မီးအိမ်တစ်မျိုးကို ဗြိတိန်ကုမ္ပဏီတစ်ခုက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါမီးအိမ်ပေါင်း ၁၀၀၀ခန့်ကို အိန္ဒိယနှင့် အာဖရိကတို့ကဲ့သို့ လျှပ်စစ်ဓာတ်အား အရေးပေါ် လိုအပ်နေသည့် ဒေသများသို့ အခမဲ့ဝေငှ ပေးသွားမည်သို့ ဟုသိရသည်။
Friday, December 28, 2012
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ
1. University of Cambridge
Britain's University of Cambridge has topped the list, making it the best university in the world for science.
ခန္ဓာကို ဇောက်ထိုး နေပြီး ဆံပင်ညှပ်ပေးတဲ့ ဆံပင်ညှပ်ဆရာ ကွန်ဖူးသမား
တရုပ်နိုင်ငံမှ ဆံပင်ညှပ်ဆရာတစ်ဦးဟာ ဆံပင်လာညှပ်သူတွေ စိတ်ဝင်စားပြီး များများလာညှပ်အောင် ကင်းမှီးကောက်ထောင် ကွန်ဖူးကျင့် ပြီး ဆံညှပ်ညပ်ပေးနေတယ်လို့ သိရပါတယ်။
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ
ကျင်အဓိပ္ပါယ် 
“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရေးဖွဲ့တတ်သည်ကို တွေ့ ရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရေးဖွဲ့ထားသည်။
ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့သတို့သမီးလောင်း အပြေးပြိုင်ပွဲ
(ဓာတ်ပုံ - Thiti Wannamontha) ဘန်ကောက်မှာ ဒီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတို့သမီးလောင်း အပြေးပြိုင်ပွဲကို အမျိုးသမီး ၂၀ က သူတို့ရဲ့ အနာဂတ်လက်တွဲဖော်တွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
FM ရေဒီယိုဌာနကတခု ပြုလုပ်တဲ့ ဒီပွဲ အနိုင်ရရင် ဘတ် ၆ သိန်းတန် မင်္ဂလာပွဲကျင်းပဖို့ အခွင့်အရေးကြီး ရမှာ ဖြစ်တဲ့အတွက် အများအပြား လျှောက်လွှာတင်ပြီး ပြိုင်ကြတာပါ။
Arizona မှထူးဆန်းသောအလင်းရောင်များ နှင့်အနက်ရှိုင်းဆုံးချောက်ကြီး
ကမ္ဘာ့၏မြောက်ဘက်အခြမ်း Arizona ဘက်တွင် ထူးခြားဆန်းပြားသော လှိုင်းခေါင်းပုံသဏ္ဍန် အင်မတန်မှနက်ရှိုင်းသောချောက်တစ်ခုကို  ရှာဖွေတွေ့ ရှိခဲ့ပါတယ် ယခုဒီသတင်းကြောင့် ၄င်းမြို့တွင်ထူးဆန်းသောသတင်းတစ်ပုဒ်အနေနှင့်တွေ့ ရပါတယ် အဘယ်ကြောင့်ဆိုသော် ၄င်းတို့ ပြည်နယ်အတွက် လူသိများလာမည်ဖြစ်ပြီး ကျော်ကြားလာမည်လဲဧကံအမှန်ပင်ဖြစ်ပါတော့သည်။
ရေအောက်မှာလမ်းလျှောက်ကြမလား
ဂျပန်နိုင်ငံက အနုပညာပြတိုက်တစ်ခုမှာပြသထားတဲ့ 
ရေကန်တုပါတဲ့ ။ ရေကန်ပုံစံ ကန်တစ်ခုပြုလုပ်ထားပြီး ရေမျက်နှာပြင်နေရာမှာ
အလွန်ပါးတဲ့ မှန်အကြည်တစ်ချပ်ကိုအုပ်လိုက်ပြီး အပေါ်မှာ ရေအနည်းငယ်တင်ပေးလိုက်တော့
နေရောင်ထိုးတဲ့ အခါ ကန်တစ်ခုလုံးရေပြည့်နေတဲ့ ပုံစံဖြစ်သွားပါတယ်။
Thursday, December 27, 2012
မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါတော့ ပြတိုက်လေးတစ်ခုကို ကြည့်ကြရအောင်ပါ၊ ကုန်းပေါ်က ပြတိုက်တွေကို ကြည့်ရတာ ရိုးမယ်နော်၊ ဒီတော့ ရေအောက်က ပြတိုက်ကို သွားကြည့်ကြမယ်နော်....
မက်ဆီကို နိုင်ငံ၏ရေအောက်ပြတိုက်သည် ကမ္ဘာ့လှည့်ခရီးသည်များကို အံ့မခန်း ဆွဲဆောင်ထားပါသည်။ မက်ဆီကိုနိုင်ငံ ရေအောက်ပြတိုက်တွင် ကျောက်ဆစ် ပန်းပုရုပ်တုများ ကို ရေအောက် သန္တာကျောက်တန်းများနှင့်အတူ သဘာဝအလှနှင့်ထပ်ဟက် အက်စပ်နေစေရန် ထားရှိကာ ကမ္ဘာပေါ်မှထူးခြားသော ရေအောက်ပြတိုက် တစ်ခုဖြစ်ပါသည်.။
ကမ္ဘာတစ်လွား သဘာဝအလှများ ခံစားနိုင်သော အလှပဆုံး နွေရာသီ အပန်းဖြေစခန်းများ
နွေရာသီ အားလပ်ချိန်ကျရောက်ပြီ ဖြစ်ရာ ကမ္ဘာအရပ်ရပ်တွင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ ၊ အလုပ်တွင်းမှ လုပ်ဖော်ကိုင်ဖက်များ စသည်ဖြင့် အဖွဲ့များဖွဲ့ပြီး အပန်းဖြေ ခရီးများ ထွက်လေ့ ရှိကြသည်။ အချို့က ခေတ်မှီမြို့ကြီးပြကြီးများကို ခရီးသွားကြပြီး၊ အချို့က သဘာဝအလှများ ခံစားနိုင်သော နေရာများကို ပိုမိုနှစ်သက်ကြသည်။ အချို့ကလည်း မိမိတို့ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းဖြေရန် ရေကူးကန်၊ ရေတံခွန်၊ ရေပူစမ်း စသောနေရာများ နှင့် ပင်လယ်ကမ်းခြေ ကဲ့သို့သော အပန်းဖြေစခန်းများကို သွားရောက်လည်ပတ်နိုင်ရန် အားခဲထားကြသည်။
ယခုနှစ်နွေရာသီ အားလပ်ရက်များအတွက် ကမ္ဘာတစ်လွားရှိ သဘာဝ ပါတ်ဝန်းကျင် အလှအပများ ခံစားကာ ရေကူးရင်း အပန်းဖြေနိုင်သော အပန်းဖြေစခန်းများမှ အလှပဆုံး နွေရာသီ အပန်းဖြေစခန်း များကို မြို့တော်ပုသိမ် ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။ 
113373 jpg
Golden Triangle Resort – ချင်းရိုင် ၊ ထိုင်းနိုင်ငံ
အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်
ဝါရှင်တန် ဒီဇင်ဘာ ၂၅
ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည်   မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။
ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင်
ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ ဖြစ်သော အင်းတော်ကြီးအိုင် အကြောင်းကိုတင်ပြပေး မှာပါ။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်ရှိသည်။ ရေပြင်ဧရိယာစတုရန်းမိုင်၁၀၀ အပါအ၀င်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ္ဘာတွင်တတိယအကြီးဆုံး၊
အရှေ့တောင်အာရှ ကုန်းတွင်းရေနေဒေသထဲမှာ အကြီး ဆုံးဖြစ်သည်။
Wednesday, December 26, 2012
ဂရင်းနစ်စာရင်းဝင် တည်ဆောက်မှုများ(၄)
16.WORLD'S BIGGEST EXCAVATOR ....... 45500tons ... 95meters high ... 215meters long
ဂရင်းနစ်စာရင်းဝင် တည်ဆောက်မှုများ(၃)
11.WORLD'S TALLEST BUILDING .........dubai...800 meters high ...finished 2008 ..burj dubai
ဂရင်းနစ်စာရင်းဝင် တည်ဆောက်မှုများ(၂)
6.WORLD'S LONGEST BRIDGE................................................ china
ဂရင်းနစ်စာရင်းဝင် တည်ဆောက်မှုများ
1.WORLD'S BIGGEST INDOOR SWIMMING-POOL..................................... CANADA
ကမ္ဘာ့ဂရင်းနစ်စံချိန်ဝင်ထူးဆန်းထွေလားများစုစည်းမှု
ကမ္ဘာ့ထူးဆန်းထွေလာများနှင့် ကမ္ဘာ့အံ့သြမင်သက်စရာများကို ကမ္ဘာ့ပေးတွင် မှတ်တမ်းစာအုပ်ပြုလုပ်ကာ အမြဲမှတ်တမ်းတင်ထားလေ့ ရှိပါသည် . ဂရင်းနစ်စာအုပ်တွင် ၀င်ရောက်ရန် ကမ္ဘာ့နေရာအသီးသီးမှ ထူးဆန်းသောလူများက မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြကာ ဂရင်းနစ်စာအုပ်တွင် မိမိနာမည် ပါအောင်မှတ်တမ်းတင်ကြပါသည် ယခုလဲ ခုလပိုင်းတွင်နောက်ဆုံးတင်ထားသော ဂရင်းနစ်စာအုပ်မှအကြောင်းအရာများကို တင်ပြလိုက်ပါသည်..။
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။
Saturday, December 22, 2012
အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun
တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။
ဟိန္ဒူလူမျိုးတွေရဲ့ ရှေးကျသောရိုးရာဓလေ့နှင့်မိုးရွာသွန်းစေမှု
ကမ္ဘာပေါ်မှာ လူရယ်လို့ဖြစ်လာကတည်းက ကိုးကွယ်ယုံကြည် ဆည်းကပ်မှုတွေနဲ့ တွေ့ဆုံရပါတယ် ။ အဲဒီလို တွေ့ဆုံ တဲ့အခါမှာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရာယုံကြည်ရာ ရိုးရာဓလေ့ အစွဲအလမ်းတွေလည်း ဖြစ်ပေါ် လို့လာပါတယ် ။ ရှေးကျေးလက်အညာဒေသတွေမှာလည်း မိုးရွာသွန်းစေအောင် မိုးခေါ်တာတို့ ၊ လွန် ဆွဲပြိုင် ပွဲကျင်းပတို့ဆိုတာ ဟိုးယခင်ကတည်းက ဖြစ်ပေါ်တည်ရှိနေတာဖြစ်ပါတယ် ။
အမှတ်တမဲ့အလွဲများ(၂၀)
အမှတ်တမဲ့အလွဲများ(၂၀) အထိရောက်လာပါပြီ။
ဆက်လက်အားပေးကြပါအုံးနော်...
 သေပါပြီဗျ... 
ထူးဆန်းတဲ့အဆောက်အုံများ
1. The Crooked House
ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
……………………………………………………..
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာ သိပံ္ပပညာ ရှင်များ ပြန်လည်ပုံဖော်
လီမာ ဒီဇင်ဘာ ၁၆
ယူတာဗယ်လီ တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ပီရူး နိုင်ငံအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အုပ်စိုးခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာအား  ပြန်လည် ပုံဖော်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။
သုတေသန ပညာရှင် များသည် အဆိုပါ မျက်နှာ ပြန်လည် ပုံဖော်မှုအား ပီရူး နိုင်ငံ လမ္ဘရီကြီး မြို့ရှိ ဘရန်နင်း ပြတိုက်၌ လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုရောဟိတ် အမျိုးသမီးသည် အေဒီ ၁၂ဝဝ ဝန်းကျင်ခန့်က ပီရူး နိုင်ငံ၌ သြဇာ အရှိဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဟအဂန် ကလပ်စ်က ပြောကြားခဲ့ သည်။
ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို
တိုကျို  ဒီဇင်ဘာ  ၁၈
အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။
အလူမီနီယံ စည်သွတ်ဘူးများ အသုံးပြုပြီး တည်ဆောက်ထားသည့် အဘူဒါဘီ ခံတပ်ပုံတူ
လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀က ထင်ပေါ်ကျော်ကြားခဲ့သည့် သမိုင်းဝင် အဘူဒါဘီခံတပ်ကြီးကို အလူမီနီယံ စည်သွတ်ဘူးပေါင်း ၄၆၅၅၆ဘူးဖြင့် ဖန်တီးပြနိုင်သောကြောင့် ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမှ ကျောင်းသားလေးများက အဆိုပါခံတပ်ပုံတူကို ဖန်တီးရန် ခြောက်ရက်ကြာမျှ အချိန်ယူခဲ့ရသည်။ အဆိုပါ ခံတပ်ပုံတူကိုဖန်တီးရန် အလူမီနီယံသတ္တုကို အသုံးပြုရသည့် အကြောင်းအရင်းမှာ အဆိုပါသတ္တုသည် အာရပ်စော်ဘွားများ ပြည်ထောင်စု စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်သည်ဟုဆိုသည်။
 ref: ပြည်မြန်မာ 
ကမ္ဘာ့နောက်ဆုံးနေ့အတွက် အသက်ကယ်ဘောလုံး တရုတ်၌ပြုလုပ်
လျှူကွီယန်အမည်ရှိ တရုတ်အမျိုးသားတစ်ဦးသည် မာယာလူမျိုးတို့၏ ကမ္ဘာ့နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသော ဒီဇင်ဘာလ၂၁ရက်နေ့အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အသက်ကယ်ဘောလုံးပုံစံကို ဒီဇိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအသက်ကယ်ဘောလုံးကို Noah's arkဟုအမည်ပေးထားပြီး ပေ၃၃ဝကျော် မြင့်မားသော ရေလှိုင်းများ၏ ဒဏ်ကိုပါခံနိုင်ရည်ရှိအောင် ပြုလုပ်ထားသည်။
ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးအား မိုးကြိုးထိမှန်ရာမှ သက်တံကြီးတစ်ခု ထွက်ပေါ်လာ
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သည့် ဘဂ်ျခါလီဖာတိုက်ကြီးအား ပြင်းထန်သော မိုးကြိုးလျှပ်စီးကြောင်း ပစ်ခတ်မှုကြောင့် အံ့ဖွယ်ကောင်းလောက်အောင် တိုက်ကြီး၏ နောက်ခံရှုခင်းမှာ ရုတ်ခြည်းပြောင်းလဲခဲ့သည်။ အမြင့်၂၇၁၇ပေရှိပြီး သံမဏိတန်ပေါင်း လေးထောင်ကျော်ဖြင့် ဆောက်လုပ်ထားသော ကမ္ဘာ့အမြင့်ဆုံး တိုက်ကြီးပေါ်၌ အဆင့်မြင့်မိုးကြိုးလွှဲ စနစ်တပ်ဆင်ထားသောကြောင့် တစ်စုံတစ်ရာထိခိုက် ပျက်စီးမှုမရှိခဲ့သော်လည်း ယခုပစ်ချလိုက်သည့် မိုးကြိုးမှာ ကြီးမားပြင်းထန်လှသည်ဟု သတင်းဌာနများမှ ပြောဆိုခဲ့သည်။ အဆိုပါမိုးကြိုးပစ်ချပြီးနောက် မိုးမျှော်တိုက်ကြီးပေါ်တွင် လေးကိုင်းသဏ္ဌာန် သက်တံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သတင်းထောက်များက ထိုပုံကို အမိအရရိုက်ယူနိုင်ခဲ့သည်။
 ref: ပြည်မြန်မာ 
ကမ္ဘာ့အန္တရာယ်အများဆုံး ဘာသာရေး ခရီးစဉ်တစ်ရပ်
တရုတ်နိုင်ငံရှိ ထင်ရှားကျော်ကြားသော ကွန်ဖူးဓားသိုင်းသမား ၀တ္ထုများတွင် ပါဝင်လေ့ရှိသည့် ဟွာရှန်းတောင်တန်းသည် ဘီစီ ၂၀၆ခုနှစ်ကတည်းက တရုတ်နိုင်ငံအနောက်ဘက်ခြမ်းရှိ ဟန်မင်းဆက်ဘုရင်များ အထွတ်အမြတ်ထားရာ စီရွေးဘုရားကျောင်း တည်ရှိပြီး တရုတ်ပြည်သူများ အတွက်လည်း ယနေ့ထိ ကမ္ဘာပေါ်တွင် လူအများသွားလာလေ့ရှိသည့် ဘာသာရေးဆိုင်ရာ နေရာများ၏ အန္တရာယ်အကြီးမားဆုံး ခရီးတစ်ခုဖြစ်လာပြီဖြစ်သည်။
Tuesday, December 18, 2012
မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ
ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည်စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။ အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘင်္ဂလားကျားလို့လည်း ခေါ်ပါတယ်။ ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။
ကရင့်ရိုးရာ ကြေးဖားစည်
[Image: 299948_198210996918640_100001892229807_4...?width=350]
ကရင်ဘာသာအားဖြင့် “က္လိုအိုဝ်တ္လာအိုဝ်” ဟုခေါ်သည့်
ကရင်ရိုးရာ ကြေးဖားစည်သည် ကရင်ရိုးရာ ယဉ်ကျေးမှု၏
အရေးကြီးဆုံး ပြယုဂ်များတွင် တစ်ခု အပါအ၀င် ဖြစ်သည်။
အလားတူ စည်များကို တရုတ်၊ မွန်ဂိုလ**ယားနှင့် အခြား
အရှေ့တောင်အာရှ ဒေသများတွင် ပျံ့ နှံ့ စွာ တွေ့ ရသည်။
စည်အမျိုးအစား ငါးမျိုးရှိရာတွင် တစ်မျိုးမှာ
ကရင်ဖားစည် ဖြစ်သည်။
ကာဂျစ်စတန် နိုင်ငံမှ ပြန်ပေးဆွဲခံ သတို့ သမီးများ
ကာဂျစ်စတန် နိုင်ငံရှိ လွှတ်တော် အမတ်များသည် နိုင်ငံတစ်ဝန်း သတို့သမီး များအား ပြန်ပေး ဆွဲခြင်းအတွက် တင်းကျပ်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်မည့် ဥပဒေ ပြဋ္ဌာန်းချက် တစ်ရပ်ကို အတည် ပြုနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။
လွှတ်တော်သို့ တင်သွင်းမည့် အဆိုပါ ဥပဒေ မူကြမ်းသည် လွှတ်တော်နှင့် သတို့သမီး ပြန်ပေး ဆွဲခြင်းကို ရိုးရာဓလေ့ အဖြစ် သတ်မှတ်၍ ကာကွယ်လိုသူ လူထုအဖွဲ့ အစည်းများ အကြား သဘောထား ကွဲလွဲမှု တစ်ရပ်အဖြစ် ထွက်ပေါ် လာခဲ့သည်။
ကွယ်လွန်ပြီးခင်ပွန်း၏ အံ့ဆွဲကိုရှင်းရာမှ ပေါင်သုံးသိန်းတန် ရွှေဒင်္ဂါးတွေ့ရှိ
အင်္ဂလန်နိုင်ငံ တန်းဘရစ်ခ်ျအရပ်မှ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီးကြီးတစ်ဦးသည် ခင်ပွန်းသည်၏ အံဆွဲကို ရှင်းရာမှ ၁၈ရာစုနှစ်က စပိန်ရွှေဒင်္ဂါးတစ်ပြားတွေ့ရှိပြီး လေလံတင်ရောင်းချရာ ဒီဇင်ဘာ၆ရက်နေ့ လေလံပွဲ၌ ၎င်းရွှေဒင်္ဂါးမှာ ပေါင်သုံးသိန်းနှင့် ရောင်းချနိုင်ခဲ့သည်။
ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။
မြေးသုံးဦးအဘွား၏ ဆံပင်ပုံစံသစ်
အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မြို့မှ မြေးသုံးဦးတို့၏အဘွား အသက်၆၀အရွယ်ရှိ အန်းမက်ဒေါနယ်ဆိုသူသည် သိုင်းရွိုက်အကျိတ်ပျက်စီးမှုကြောင့် ဆံပင်များကျွတ်မှုကို ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ခံစားရပြီးနောက်တွင် ဆံပင်များအားလုံးရိတ်ကာ ဆံပင်တုလည်း မဟုတ်သည့်နည်းလမ်း တစ်ခုကို ရွေးချယ်ခဲ့သည်။ အဘွားအိုအန်းမှာ စတာလင်ပေါင် ၇၂၀ (အမေရိကန်ဒေါ်လာ၉၀၀)ခန့် ကုန်ကျသော ဆံပင်ပုံစံ ဆေးမင်ကြောင်များကို တစ်ခေါင်းလုံးအနှံ့ခြယ်သခဲ့သည်။
အသက်ရှင်နိုင်ရန် အတွက် ဗော့ဒ်ကာ အရက် ၁ဝ လီတာ သောက်သုံး ခဲ့ရသည့် ဆိုက်ဘေးရီးယားမှ ဆင်ကြီးများ
မော်စကို ဒီဇင်ဘာ ၁၅
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင် အအေး လွန်ကဲမှုကြောင့် အသက်ဘေး ရင်ဆိုင် ခဲ့ရသည့် ဆင်ကြီးနှစ် ကောင်ကို ၁ဝ လီတာရှိ ဗော့ဒ်ကာ အရက်များအား ရေနွေးနှင့် ရောနှော တိုက်၍
ကယ်ဆယ် ခဲ့ရကြောင်း တာဝန် ရှိသူများ၏ ပြောကြားချက် အရ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ဆင်များကို တင်ဆောင် ထားသည့် နောက်တွဲယာဉ် မီးစွဲလောင်ခဲ့ရာ   ၄င်းတို့ကို အပြင်သို့ ကယ်ထုတ် ခဲ့ရသောကြောင့် ၄င်းဆင်ကြီး များသည်    အကာအရံ မရှိသည့် အဝေးပြေး လမ်းမပေါ်၌ အလွန် အေးမြသည့် ရာသီဥတုဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...