
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။
ဝေလငါး၏လေရှူပေါက်မှ ထုတ်လွှတ်လိုက်သော ရေငွေ့သည် စိုစွတ်ခြောက်သွေ့သော ဆည်းဆာနေရောင်ကြောင့် မီးပန်းသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အသက်၅၅နှစ်အရွယ်ရှိ ယင်းဓာတ်ပုံဆရာ မက်တ်တာနာက ခန့်မှန်းပြောကြားခဲ့သည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။