
အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မြို့မှ မြေးသုံးဦးတို့၏အဘွား အသက်၆၀အရွယ်ရှိ အန်းမက်ဒေါနယ်ဆိုသူသည် သိုင်းရွိုက်အကျိတ်ပျက်စီးမှုကြောင့် ဆံပင်များကျွတ်မှုကို ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ခံစားရပြီးနောက်တွင် ဆံပင်များအားလုံးရိတ်ကာ ဆံပင်တုလည်း မဟုတ်သည့်နည်းလမ်း တစ်ခုကို ရွေးချယ်ခဲ့သည်။ အဘွားအိုအန်းမှာ စတာလင်ပေါင် ၇၂၀ (အမေရိကန်ဒေါ်လာ၉၀၀)ခန့် ကုန်ကျသော ဆံပင်ပုံစံ ဆေးမင်ကြောင်များကို တစ်ခေါင်းလုံးအနှံ့ခြယ်သခဲ့သည်။
၁၂နာရီကြာ ဆေးမင်ကြောင်ထိုးခြင်းကို အဘွားအိုက ''အရမ်းနာတာပဲ ဒါပေမဲ့ ဆံပင်မရှိလို့ စိတ်ညစ်ရလွန်းတဲ့ ဒုက္ခသက်သာသွားပါတယ်'' ဟုဆိုခဲ့သည်။ အဘွားအို၏ ခင်ပွန်းသည် အသက်၆၈နှစ်အရွယ် လန်က သူမအခုမှ ကျေနပ်သွားကြောင်းနှင့် သို့သော်လည်း ၎င်းမှာ နာကျင်လွန်းလှသည် ဟုဖြေဆိုခဲ့သည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။