တိရိစ္ဆာန်လေးများရဲ့ ချစ်စဖွယ် တစ်ဦးကိုတစ်ဦး ကူညီအနစ်နာခံတတ်ပုံလေးများ ဖြစ်ပါတယ်။ ချစ်စဖွယ်ကောင်းသလို သင်ခန်းစာလည်း ရရှိစေပါတယ်။
နေခရမ်း....
|
Friday, September 22, 2017
ထူးခြားလှပ Body Art ပန်းချီများ (၇)
ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးလှပ ဆန်းသစ်နေပါတယ်။ John Poppleton ဆိုသူအနုပညာရှင်ရဲ့ ဖန်တီးထားမှုပုံများ ဖြစ်ပြီး Black Light အလင်းရောင် ပါးပါးအောက်မှာ တောက်ပနေသော သဘာဝပုံများ ဖြစ်ပါတယ်။ လှပအသက်ဝင်မှုကတော့ ပြောစရာလိုမည် မထင်ပါ….
အိမ်အတွင်းမှ လှပသော ဥယျာဉ်ငယ်လေးများ (၂)
အိမ်အတွင်း၌ လှလှပပနှင့် ခေတ်မှီဆန်းသစ်စေသည့် ဥယျာဉ်ငယ်လေးများ
တည်ဆောက်ထားပုံများပါ။ နေရာများစွာ မပေးရဘဲ လှပဆန်းသစ်သည့်
ဒီဇိုင်းအလန်းလေးများပါ။
အမှတ်တမဲ့ အလွဲများ ( ၈၈ )
ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
ဒီကြော်ငြာ အသက်ဝင်တယ်ဗျာ...
ဘောလုံးကို သေခြာမြင်ရအောင်ပါ... :P
ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး အဆိပ်ဥယျာဉ်
ပန်းခြံဥယျာဉ်ဆိုသည်နှင့် လှပသော ပန်းပင် ၊ သစ်ပင်များ စိုက်ပျိုးပြသထားရာ အရပ်လို့ တွေါ်မြင်မိကြမှာပါ။ ယခုဖော်ပြမည့် ဥယျာဉ်ကတော့ ထိလန့်ဖွယ်ကောင်းလှသည့် ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အဆိပ်ဥယျာဉ်အကြောင်းပါ။ အဆိပ်ဥယျာဉ်ဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး အပင်များကို စုစည်းစိုက်ပျိုး ပြသထားရာ နေရာအမှန်ပင် ဖြစ်ပါသည်။

ဗြိတိန် နိုင်ငံ ၊ နောင်သမ်ဘာလမ်အရပ်ရှိ Alnwick အဆိပ်ဥယျာဉ်တွင် ကမ္ဘာ့အဆိပ်အပြင်းဆုံးစာရင်းဝင် သေစေနိုင်လောက်သည့် အပင်ပေါင်း ၁၀၀ လောက်ကို စိုက်ပျိုးပြသထားပါသည်။ အကျယ်အ၀န်းအားဖြင့် ၁၄ ဧကလောက်ရှိကာ Alnwick ရဲတိုက်ကြီး၏ အနီးအနားတွင် တည်ရှိသော အထင်ကရနေရာတစ်ခု ဖြစ်ပါသည်။

အဆိပ်ပင်များ အများအပြား စိုက်ပျိုးပြသထားသဖြင့် အ၀င်ဝ မုခ်ဦးမှပင်စကာ သတိပေးဆိုင်းဘုတ်များဖြင့် ပြသလမ်းညွှန်ထားပါသည်။ ထို့ပြင် လာရောက်လည်ပတ်သူများ အနေဖြင့်လည်း သတိပေးချက်များ နှင့်အညီ နေထိုင်လည်ပတ်ရကာ စောင့်ကြည့် ရှင်းပြသူများလည်း ရှိပါသည်။ အပင်တိုင်းသည် အဆိပ် ရှိတဲ့ အတွက် တို့ထိမိရင် သေစေနိုင်သလို မူးဝေ အော့အန် ယားယံခြင်းမျိုးများလည်း ဖြစ်တတ်ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများ အနေဖြင့် တို့ထိခြင်း ၊ အနံ့ခံခြင်း ၊ ၀ါးစားခြင်းမျိုး မပြုလုပ်ကြရန်လည်း သတိပေးထားကြပါသည်။
ကမ္ဘာ့ပေါ်ရှိ ခမ်းနားလှပဆုံးသော စာကြည့်တိုက်ကြီးများ
နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ပညာရည်မြင့်မားမှုကို ဆုံးဖြတ်ကြရာတွင် ပြည့်စုံကောင်းမွန်သော တက္ကသိုလ်ကောလိပ်များ ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှု နှင့်အတူ စာဖတ်ကြသော ပမာဏကိုပါ ထည့်သွင်းတွက်ချက်တတ်ကြပါသည်။ စာတတ်သူ ၊ စာဖတ်သူ များသည်နှင့်အညီ ထိုနိုင်ငံတွင်ရှိသော ပြည့်စုံကောင်းမွန်သော စာကြည့်တိုက်အရည်အသွေးကိုပါ မှတ်ကျောက်တင်လေ့ရှိပါသည်။ သို့သော် စာကြည့်တိုက်များ ဘယ်လောက်ပင်ကောင်းကောင်း ၊ စာအုပ်တွေ ဘယ်လောက်စုံစုံ ၊ စာဖတ်ဝါသနာပါသူ စာပေ၀ါသနာရှင်များသည်သာ အဓိကကျပါသည်။
တိုးတတ်ထွန်းကားသော နိုင်ငံများတွင် တူညီမှုများ များစွာရှိကြပါသည်။ ထိုအထဲတွင် ခေတ်မှီလှပပြီး စာဖတ်ခြင်စိတ် ပေါ်လာလောက်အောင် ခမ်းနားလှပ ပြည့်စုံကြသည့် စာကြည့်တိုက်ကြီးများ အများအပြား ရှိတတ်ကြခြင်းမှာလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စာကြည့်တိုက်ကြီးများတွင် လာရောက်လေ့လာဖတ်ရှု့သူများလည်း များပြားစည်ကားလှပါသည်။ယခု နေခရမ်းတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခမ်းနားလှပပြီး ပြည့်စုံကောင်းမွန်သော စာအုပ်များ များစွာရှိသည့် စာကြည့်တိုက်ကြီးတွေ အကြောင်းပါ။ ဘယ်လောက်ခမ်းနားလှပတဲ့ စာကြည့်တိုက်များလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…

Subscribe to:
Posts (Atom)