Friday, September 22, 2017

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး အဆိပ်ဥယျာဉ်

ပန်းခြံဥယျာဉ်ဆိုသည်နှင့် လှပသော ပန်းပင် ၊ သစ်ပင်များ စိုက်ပျိုးပြသထားရာ အရပ်လို့ တွေါ်မြင်မိကြမှာပါ။ ယခုဖော်ပြမည့် ဥယျာဉ်ကတော့ ထိလန့်ဖွယ်ကောင်းလှသည့် ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အဆိပ်ဥယျာဉ်အကြောင်းပါ။ အဆိပ်ဥယျာဉ်ဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး အပင်များကို စုစည်းစိုက်ပျိုး ပြသထားရာ နေရာအမှန်ပင် ဖြစ်ပါသည်။

ဗြိတိန် နိုင်ငံ ၊ နောင်သမ်ဘာလမ်အရပ်ရှိ Alnwick အဆိပ်ဥယျာဉ်တွင် ကမ္ဘာ့အဆိပ်အပြင်းဆုံးစာရင်းဝင် သေစေနိုင်လောက်သည့် အပင်ပေါင်း ၁၀၀ လောက်ကို စိုက်ပျိုးပြသထားပါသည်။ အကျယ်အ၀န်းအားဖြင့် ၁၄ ဧကလောက်ရှိကာ Alnwick ရဲတိုက်ကြီး၏ အနီးအနားတွင် တည်ရှိသော အထင်ကရနေရာတစ်ခု ဖြစ်ပါသည်။

အဆိပ်ပင်များ အများအပြား စိုက်ပျိုးပြသထားသဖြင့် အ၀င်ဝ မုခ်ဦးမှပင်စကာ သတိပေးဆိုင်းဘုတ်များဖြင့် ပြသလမ်းညွှန်ထားပါသည်။ ထို့ပြင် လာရောက်လည်ပတ်သူများ အနေဖြင့်လည်း သတိပေးချက်များ နှင့်အညီ နေထိုင်လည်ပတ်ရကာ စောင့်ကြည့် ရှင်းပြသူများလည်း ရှိပါသည်။ အပင်တိုင်းသည် အဆိပ် ရှိတဲ့ အတွက် တို့ထိမိရင် သေစေနိုင်သလို မူးဝေ အော့အန် ယားယံခြင်းမျိုးများလည်း ဖြစ်တတ်ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများ အနေဖြင့် တို့ထိခြင်း ၊ အနံ့ခံခြင်း ၊ ၀ါးစားခြင်းမျိုး မပြုလုပ်ကြရန်လည်း သတိပေးထားကြပါသည်။


ပန်းခြံထဲဝင်လျှင် အကာအကွယ် အင်္ကျီ နှင့် လက်အိတ်တွေ ၀တ်ဆင်ဝင်ရောက် ရတာ ဖြစ်သလို ငယ်ရွယ်လွန်းသော ကလေးသူငယ်များကိုလည်း အထူးကြပ်မတ်ထားပါသည်။ အပင်တိုင်းသည် လူကိုဒုက္ခပေးစေနိုင်ပါသဖြင့် အထူးဂရုစိုက်ဖို့ နေရာအနှံ့ သတိပေးထားပါသည်။

အဆိပ်ရှိသောအပင်များကို သံကွန်ခြာအုပ်ထားခြင်း ၊ အကာအရံဖြင့် ပြသထားခြင်းအပြင် အမျိုးအမည် ၊ သတိပေးချက်ရေးသားထားသော ဆိုင်းဘုတ်များပါ တပ်ဆင်ထားပါသည်။

လူကိုအန္တရာယ်ပေးသော အပင်များတွင် ဘိန်းပင်ကဲ့သို့သော အပင်များကိုပါ စိုက်ပျိုးပြသထားပါသည်။ တစ်ချို့အပင်များသည် လှပသော ပန်းပွင့်များ ပွင့်လန်းနေကြပြီး ခူးယူးနမ်းခြင်း မလုပ်ရန် တားမြစ်ထားပါသည်။

ဒီလောက်အန္တရာယ်များတာ ၊ လာတဲ့သူရှိပါ့မလား ထင်ရသော်လည်း နှစ်စဉ်လာရောက်လည်ပတ်သူများ အများအပြားရှိပါသည်။ တစ်နှစ်လျှင် လူ ခြောက်သိန်းကျော် လာရောက်လေ့ရှိပါသည်။

ထိုကဲ့သို့ အဆိပ်ဥယျာဉ်တည်ထောင် ပြသရခြင်းမှာလည်း လာရောက်သူများ အနေဖြင့် အဆိပ်ပင်များ အကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ သို့သော် လက်ဆော့ ခြေဆော့လျှင်တော့ အလွန်အန္တရာယ်များပြီး အခန့်မသင့်လျှင် သေနိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။












သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...