Monday, April 17, 2017

ကမ္ဘာကျော် ရုပ်ရှင်းကားများကို ပုံစံတူရိုက်ကူးခြင်း

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ ဇာတ်ဝင်ခန်းများကို တုပကာ ရိုက်ကူးပြီး ဟာသသဘောဖြင့် ပြန်လည်တင်ပြထားသည့် ရုရှဇနီးမောင်နှံပါ။
သူတို့၏ မရှိရှိတာနှင့် တုပဖန်တီးထားမှု စိတ်ကူးများမှာ တွေ့မြင်ရသူများ အနေဖြင့် ပြုံးရယ်မိစေပါတယ်။
ကဲ..... သူတို့ဘယ်လောက်တူအောင် တုပနိုင်ပါသလဲ .....

ကမ္ဘာ့လူဦးရေအများဆုံး စုပေါင်းချည်ငင်မှု

တရုတ်နိုင်ငံ ၊ Guizhou ပြည်နယ် ၊ Wangmo တွင် အမျိုးသမီး ၃၃၀ ကျော်က အတူတကွ စုပေါင်း ဗိုင်းပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တင်ခဲ့ပါသည်။ ထိုကဲ့သို့ လူအများဆုံ တပြိုင်နက် စုပေါင်းဗိုင်းငင်ခြင်းကို ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ် မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ပြင်ဦးလွင် ၊ မိုးကုတ် ပတ်ဝန်းကျင်မှ သဘာဝရှု့ခင်း အလှများ

နေခရမ်းဆီ ပို့ပေးထားတဲ့ ဦးကျော် ဦးကျော် ၏ ကိုယ်တိုင်ရိုက်
ပုံများပါ။ ပြင်ဦးလွင် ၊ မိုးကုတ် ပတ်ဝန်းကျင်မှ သဘာဝရှု့ခင်း
အလှများပါ။ တိမ်ပင်လယ်ကြီးအလားထင်မှတ်မှားရအောင်
သာယာလှပနေပုံနှင့် သဘာဝအလင်းတန်း ဖြစ်တည်နေပုံက
မြင်ရခဲတာမို့ ခွင့်ပြုချက်တောင်းပြီးပြန်တင်ပေးလိုက်ပါတယ်။
ပုံပို့ပေးတဲ့ ဦးကျော် ဦးကျော် အား အလွန်ကျေးဇူးတင်ပါတယ်။

မြေဧက တစ်သန်းကို ချီလီအစိုးရအား လှူဒါန်းသဖြင့် သမိုင်းတွင်မြေအကျယ်ဆုံး လှူဒါန်းမှုအဖြစ် မှတ်တမ်းဝင်


တောရိုင်းသတ္တဝါများ ကျက်စားရာ မြေဧက ၁၀ သန်းကိုအမျိုးသားဥယျာဉ် ကြီးများအဖြစ် ထိန်းသိမ်းသွားမည်ဟု ချီလီအစိုးရကကြေညာထားပြီး အစိုးရ ကြေညာထားသည့် ဒေသကြီးသည် အလှူရှင်တစ်ဦးကြောင့် မြေဧက တစ် သန်း ပိုမိုကျယ်ဝန်းသွားပြီဖြစ်သည်။ ပတာဂိုနီးယားကုမ္ပဏီတွင် စီအီးအို အဖြစ် အမှုထမ်းခဲ့သူ ခရစ်တွမ်ကင်စ်က ၎င်းပိုင်မြေဧက တစ်သန်းကို အစိုးရအား ရက်ရက်ရောရော လှူဒါန်းလိုက်ခြင်းဖြစ် သည်။ ယင်းအလှူသည် သမိုင်းတွင် လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက လှူ ဒါန်းသည့် မြေဧကအနက် အများဆုံးဖြစ် သည်ဟုကုမ္ပဏီထုတ်ပြန်ချက်တွင် ရေး သားထားသည်။ စုစုပေါင်း မြေဧက၁၁ သန်းကို အစိုးရက အမျိုးသားဥယျာဉ် ကြီးပေါင်း ငါးခု ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထိုဒေသရှိ မီးတောင်များ၊ ကမ်းရိုးတန်း ဒေသများနှင့်သစ်တောများကို ကာကွယ် ထိန်းသိမ်းသွားမည်ဟု ချီလီအစိုးရက ကတိပြုသည်။ တောရိုင်းသဘာဝကို စိတ် ဝင်စားသည့် ခရီးသွားများ အထက်ပါ ဥယျာဉ်ကြီးများတွင် လည်ပတ်နိုင်မည်ဖြစ် သည်။ ယင်းသဘာဝအခြေခံခရီးသွား လုပ်ငန်းသည် လူပေါင်း ၄၃ ၀၀၀ ခန့်ကို အလုပ်အကိုင်ပေးနိုင်မည်ဖြစ်ပြီး ထိုခရီး သွားလုပ်ငန်းမှတစ်နှစ်လျှင်ဒေါ်လာသန်း ၂၇၀ ခန့် ရရှိနိုင်မည်ဟု အစိုးရက ခန့်မှန်း ထားသည်။
Ref ; DM
Credit:Pyimyanmar

ချောကလပ်များဖြင့် ဖန်တီးထားသော အနုပညာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်တွင် မတ်လ ၁၆ ရက် က ပြုလုပ်ခဲ့သည့် အနုပညာပွဲတော်၌ ချောကလက်ဖြင့် ပြုလုပ်ထားသည့် အနုပညာလက်ရာများအားတွေ့ရစဉ် (ဆင်ဟွာ)

သက်တမ်း အနှစ် ၃၀၀၀ခန့်ရှိတဲ့ ဖာရိုဘုရင်တစ်ပါးရဲ့ရုပ်တု တူးဖော်ရရှိ

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ အီဂျစ်နဲ့ ဂျာမန် သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အံသြဖွယ် ရှာဖွေတွေ့ရှိမှု တစ်ခုကို တွေ့ခဲ့ကြပါတယ်။ ဒါကတော့ နှစ်ပေါင်း ၃၀၀၀ ခန့်ရှိပြီဖြစ်တဲ့ ဖာရိုဘုရင် Ramses II ရဲ့ ရုပ်တုပဲဖြစ်ပါတယ်။ ကိုင်ရိုမြို့အနီး နေမြို့တော်လို့ခေါ်ကြတဲ့ Heliopolis မြို့ဟောင်းက Matariya လို့ခေါ်တဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုကနေ တူးဖော်ရရှိခဲ့တာဖြစ်စ်ပါတယ်။ ရုပ်တုရဲ့အမြင့်မှာ ၈မီတာ(၂၆.၂ပေ) ခန့် ရှိပြီး သလင်းကျောက်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Ramesses II ဟာ ဘီစီ ၁၂၀၀ ၀န်းကျင်ခန့်က အလွန်ကျော်ကြားတဲ့ ဖာရိုဘုရင်တစ်ပါးဖြစ်ပြီး Ramesses the Great လို့ လူသိများပါတယ်။ ၁၉ဆက်ရှိတဲ့ အီဂျစ်မင်းဆက်ထဲက တတိယမြောက်ဖာရိုဘုရင်ဖြစ်ပြီး စွမ်းအားပြည့်ဝတဲ့ အီဂျစ်အင်ပါယာကို တည်ထောင်နိုင်ခဲ့ပြီး ဆီရီးယားမှ မြောက်ဆူဒန်အထိ သိမ်းပိုက်နိုင်ခဲ့တဲ့ ဘုရင်လည်းဖြစ်ပါတယ်။ Ramses II  ဟာ အသက် ၆၇နှစ်မှာ ထီးနန်းစွန့်ပြီးတဲ့နောက် သူယုံကြည်ရာ ဘုရားကျောင်းတွေကိုတည်ဆောက်ရင်း သူ့ရဲ့ရုပ်တုကိုပါ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
အီဂျစ်တို့ရဲ့အလေးအမြတ်ထားရာ Heliopolis မြို့ဟောင်းက နေဘုရားကျောင်းအနီးမှာ Ramses II ရဲ့ ရုပ်တုအပြင် လူအရွယ်အစားရှိတဲ့ ရုပ်တုတစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့ရပါတယ်။ ဒီရုပ်တုကတော့ Ramses II ရဲ့ မြေး၊ ဖာရိုဘုရင်  Seti II ရဲ့ ရုပ်တုပဲ ဖြစ်ပါတယ်။ နေဘုရားကျောင်းကို Ramses II က တည်ဆောက်စေခဲ့တာဖြစ်ပြီး အီဂျစ်ရဲ့ အကြီးဆုံးဘုရားကျောင်းလည်းဖြစ်ပါတယ်။

စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ (၅)

ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်
များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင်
ဖန်တီးထားသော ပုံများကိုပါ။
Peter Callesen ဆိုတဲ့ အနုပညာရှင်တစ်ဦး၏ ပုံဖော်ဖန်တီးထားသည့် ရုပ်ပုံလေးများပါ။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၄)

Nico Sechi ဆိုသည့် အနုပညာရှင်တစ်ဦး၏ စိတ်ကူးဆန်းသစ် တီထွင်ဖန်တီးထားပုံများပါ။

အရောင်စုံလှပနေသော တရုတ်နိုင်ငံ မှ သက်တန့်ရေအိုင်များ

အပေါ်စီးမှ ကြည့်လိုက်လျှင် အရောင်မျိုးစုံ နှင့် ထူးခြားဆန်းပြားစွာ ကွဲပြားလှပနေသည့် ရေအိုင်များသည် တရုတ်နိုင်ငံမြောက်ပိုင်း ၊ Shanxi ပြည်နယ် ၊ Yuncheng ရှိ ဆားရေအိုင်များ ဖြစ်ပါသည်။

ထိုဆားအေိုင်များသည် စုစုပေါင်း ၁၂၀ စတုရန်းကီလိုမီတာ အထိကျယ်ဝန်းပြီး ဆားပါဝင်နှုန်းမြင့်မားကာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆိုဒီယမ်ဆာလဖိတ် ပျော်ဝင်တည်ရှိနေသော ကုန်းတွင်းရေအိုင်ကြီး ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက ဆားများ အများအပြား တည်ရှိထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ဆားပါဝင်နှုန်း မြင့်မားသဖြင့် ရေကူးလျှင် လူမမြှုပ်နိုင်ပါ။ ပေါလောပေါ်နေမည် ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းရှိ ပင်လယ်သေသည်လည်း လူကို ပေါလောပေါ်စေနိုင်သည့် ဆားပါဝင်မှုအများဆုံး ရေအိုင်ကြီး ဖြစ်သလို ယခု Yuncheng ဆားရေအိုင်များကိုလည်း တရုတ်ပြည်၏ ပင်လယ်သေဟု တင်စား ခေါ်ဝေါ်ကြပါသည်။

ပျောက်ဆုံးနေသော ကမ္ဘာ

ကျွန်တော်တို့ ကမ္ဘာကြီးပေါ်တွင် ပျောက်ဆုံးနေသော ကမ္ဘာ (Lost World) ဟုတင်စား ခေါ်ဝေါ်ကြသည့် နေရာလေးမှာ ဆိုကိုထရာကွန်းကလေး (Socotra Island) ဖြစ်ပါသည်။ ထိုဆိုကိုထရာကျွန်းကလေးသည် ပျောက်ဆုံးနေသောကမ္ဘာဟူသည့် နာမည်နှင့် လိုက်ဖက်အောင်ပင် ထူးခြားဆန်းပြားသည့် နေရာတစ်နေရာ အဖြစ် တည်ရှိနေပါသည်။

သူငယ်ချင်းတို့အနေဖြင့်ဆိုကိုထရာကျွန်းကလေးပေါ် ရောက်ရှိသွားမည်ဆိုပါက တွေ့မြင်ရသည့်
 မြင်ကွင်းကြောင့်ပင် အခြားကမ္ဘာ တစ်ခု (သို့) ရှေးဟောင်းကမ္ဘာသို့ ရောက်ရှိသွားရသလို ခံစားရစေမည် ဖြစ်ပါသည်။

ထိုကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်ပြီး ထိုအပင်မျိုးများကို အခြားကမ္ဘာ အရပ်ရပ်တွင် မြင်တွေ့ဖူးကြမည် မဟုတ်ပါ။ ဆန်းပြားအံ့သြဖွယ် အပင်ပုံစံများကြောင့် သင်သည် စိတ်ကူးယဉ်ကမ္ဘာသို့ ရောက်ရှိစေသလို ဖြစ်စေမည် အမှန်ပါ။

နှုတ်ခမ်းပေါ်က အနုစိတ်ပန်းချီ

နှုတ်ခမ်းပေါ်တွင် အနုစိတ်လက်ရာမြောက်အောင် ရေးဆွထြားသည့် ပုံလေးများပါ။
Jazmina Daniel ဆိုသည့် ပညာရှင်တစ်ဦး၏ ရေးဆွဲထားမှုများ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...