အပေါ်စီးမှ ကြည့်လိုက်လျှင် အရောင်မျိုးစုံ နှင့် ထူးခြားဆန်းပြားစွာ ကွဲပြားလှပနေသည့် ရေအိုင်များသည် တရုတ်နိုင်ငံမြောက်ပိုင်း ၊ Shanxi ပြည်နယ် ၊ Yuncheng ရှိ ဆားရေအိုင်များ ဖြစ်ပါသည်။

ထိုဆားအေိုင်များသည် စုစုပေါင်း ၁၂၀ စတုရန်းကီလိုမီတာ အထိကျယ်ဝန်းပြီး ဆားပါဝင်နှုန်းမြင့်မားကာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆိုဒီယမ်ဆာလဖိတ် ပျော်ဝင်တည်ရှိနေသော ကုန်းတွင်းရေအိုင်ကြီး ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက ဆားများ အများအပြား တည်ရှိထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ဆားပါဝင်နှုန်း မြင့်မားသဖြင့် ရေကူးလျှင် လူမမြှုပ်နိုင်ပါ။ ပေါလောပေါ်နေမည် ဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းရှိ ပင်လယ်သေသည်လည်း လူကို ပေါလောပေါ်စေနိုင်သည့် ဆားပါဝင်မှုအများဆုံး ရေအိုင်ကြီး ဖြစ်သလို ယခု Yuncheng ဆားရေအိုင်များကိုလည်း တရုတ်ပြည်၏ ပင်လယ်သေဟု တင်စား ခေါ်ဝေါ်ကြပါသည်။

ထိုဆားရေအိုင်များ အတွင်း၌ ရှိသော သေးငယ်သည့် ရေမှော်(ရေညှိ) ပင်များ နှင့် ဆားပျော်ဝင်မှု အနည်းအများပေါ်မူတည်ကာ အနီရောင် မှ လိမ္မော်ရောင် နှင့် အစိမ်းရောင် ကဲ့သို့ အရောင်ကွဲများစွာကို ဖြစ်ပေါ်ပြောင်းလဲစေခြင်း ဖြစ်ပါသည်။

အနီးကပ်ကြည့်လျှင် အရောင်တစ်မျိုးစီကို သိသာကွဲပြားစွာ တွေ့မြင်ရမည် ဖြစ်သလို အပေါ်စီးမှ ကြည့်လျှင် လှပသော သက်တန့်ရောင်စုံ ရေကန်များကဲ့သို့ စုစည်းတွေ့မြင် ရမည် ဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။