Monday, September 30, 2019

အသက်ဝင်လှပသော 3D ပန်းချီများ (၁၂)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အနုပညာရှင် Elif Nihan Sahin ရဲ့လက်ရာများ ဖြစ်ပါတယ်။

ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ (၆)

ကော်ဖီရည် များကို ပန်းချီဆေးအဖြစ် အသုံးပြုဖန်တီးထားခြင်း ဖြစ်ပါတယ်။ Giulia Bernardelli ၏ အနုစိတ် လက်ရာမြောက် ဖန်တီးထားမှုများပါ။

Friday, September 27, 2019

ထူးခြားလှပ Body Art ပန်းချီများ (၁၃)

ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ Body Art အနုပညာရှင် Gesine Marwedel ရဲ့လူ့ခန္ဓာကိုယ်ပေါ် လက်ရာမြောက် ရေးဆွဲထားမှုများ ဖြစ်ပါတယ်။

Friday, September 13, 2019

သာယာအေးချမ်းလှသည့် မော်တင်စွန်းခရီးစဉ် (သို့) ပင်လယ်ကမ်းခြေမှ ရတနာတစ်ပါး

     ငယ်စဉ်ကတည်းကပင် အဆိုတော်သန်းထွန်းလေးသီချင်းကြောင့် မော်တင်စွန်းစေတီကို ကြားသိရင်းနှီးဖူးကြမှာပါ။ အများအားဖြင့် ဧရာဝတီတိုင်းမှာ ရှိတယ်၊ ဆံတော်ရှင် စေတီတစ်ဆူဖြစ်တယ် ဆိုတာလောက်ပဲ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် မော်တင်စွန်းစေတီနှင့် တည်ရှိရာ နေရာဒေသဟာ မြန်မာ့ပထ၀ီဆိုင်ရာ အရေးပါနေရုံသာမက ဘာသာသာသနာရဲ့ မှတ်တိုင်အဖြစ်ပါ အထင်အရှား တည်ရှိနေပါတယ်။
     ယခုစာစုမှာ မြတ်မော်တင်စွန်း ဘုရားဖူးခရီးစဉ်၊ သမိုင်းအကျဉ်းချုပ် နှင့်အတူ ခရီးစဉ်များဖြစ်တဲ့ ငွေတောင်ကမ်းခြေနဲ့ ဟိုင်းကြီးကျွန်းခရီးစဉ်များကိုပါ အနည်းငယ်စီ တင်ပြပေးချင်ပါတယ်။ မော်တင်စွန်းစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အပိုင်ထဲတွင် ရှိကာ ပုသိမ်မြို့မှ ၉၆ မိုင် ၊  ရန်ကုန်မြို့မှဆိုရင် ၂၅၈ မိုင်ကွာဝေးပါတယ်။

     မော်တင်စွန်းစေတီတည်ရှိရာ ကုန်းတော်အရပ်သည် မြေပုံပေါ်မှာ ကြည့်ပါက ပင်လယ်ထဲသို့ အစွန်ဆုံးထိုးထွက်နေတဲ့ အငူဖြစ်ပါတယ်။တနည်းအားဖြင့် မြန်မာနိုင်ငံကုန်းမကြီးရဲ့ အနောက်တောင်ဘက်စွန်းမှာ တည်ရှိနေတာပါ။ ပထ၀ီဆိုင်ရာ အချက်များအရ ကပ္ပလီပင်လယ် (Andaman Sea) နှင့် အနာက်ဘက် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တို့ ထိစပ်ရာနေရာလေး ဖြစ်ပြီး ပင်လယ်နှစ်ခုကို တစ်ပြိုင်တည်း တွေ့မြင်နိုင်ပါတယ်။
     ထို့ပြင် ရခိုင်ကမ်းရိုးတန်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ ပေါင်းဆုံသည့် နေရာတွင် ရှိတဲ့ အငူစွန်းလေးဖြစ်ပါတယ်။ အနောက်ရိုးမတောင်တန်းများနဲ့ လှိုင်းတဖွေးဖွေး ပင်လယ်ပြင်ကြီးကို တစ်နေရာတည်း ရှု့မြင်နိုင်တဲ့ နေရာပါ။

Photo:Internet
     မော်တင်စွန်းစေတီတော်ရဲ့ သမိုင်းအကျဉ်းမှာ မြတ်စွာဘုရားသခင် ဘုရားအဖြစ်ကိုရ၍ လင်းလွန်းပင်ရင်း၌ စံပါယ်တော်မူစဉ် တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ဟူသော ဒွေဝါစိက သရဏဂုံတည်စေ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလဆန်း ၅ - ရက်နေ့တွင် ဆံတော်မြတ်ရရှစ်ဆူကို ပေးသနားတော်မူခဲ့ပါသည်။ ညီနောင်တို့ ဆံတော်ပင့်လာသည့်
အပြန်ခရီးတွင် အဇ္ဈတ္တနာဂရမြို့သို့ ဆိုက်ရောက်ရာ ဘုရင်က ဆံတော်နှစ်ဆူကို ပင့်ယူထားလိုက်သည်။ ထိုမှခရီးဆက်ခဲ့ရာ ကုသိမ နဂရ (ပုသိမ်) တောင်ပိုင်း နာဂရာဇ်မှော်ခေါ် သရနတောင်စွန်း (ဝါ) မော်တင်စွန်းအရောက်တွင် ဇေယျသေနနဂါးမင်းက ဆံတော်နှစ်ဆူကိုရယူ၍ မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှရရှိသည့် မြသားဖြင့် စိုင်တမော့အရွယ် စေတီကို တည်ထားကိုးကွယ်ခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...