
အမေရိကန်ပြည်ထောင်စုမှာ တာဝန် ထမ်းဆောင် နေတဲ့ ရဲမေတစ်ဦးဟာ အိမ်ခြေမဲ့ တစ်ဦးကို နွေးထွေးစွာ ဆက်ဆံခဲ့တာကြောင့် ချီးကျူး ခံခဲ့ရတယ်လို့ သိရပါတယ်။ တပ်ကြပ်ကြီး အဲရစ်ဟေဟာ ဓာတ်ဆီဆိုင် တစ်ခုမှာ အိမ်ခြေမဲ့ တစ်ဦးကို နွေးထွေးစွာ ဆက်ဆံပြီး သူ့မှာ ရှိနေတဲ့ အစားအစာတွေကို ပြန်လည် ဝေမျှ ကျွေးခဲ့ခြင်း ဖြစ်ပါတယ်။
ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့သူကတော့ တီယာနာဂရင်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ရေပန်းစား သွားခဲ့ပြီး ရဲမေ အဲရစ်ဟေကို ချီးကျူး စကားတွေ ပြောကြား ခဲ့ပါတယ်။ တီယာနာဂရင်းဟာ (၂) မိနစ်သာ ကြာတဲ့ ဒီဖြစ်ရပ်ကို တွေ့ခဲ့ပြီးနောက် ဓာတ်ပုံရိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တီယာနာဂရင်းဟာ အဲရစ်ဟေကို ရဲအဖြစ် သိထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာကို အမေရိကန် သတင်းဌာနတွေကလည်း စိတ်ဝင်တစား ဖော်ပြမှုတွေ ပြုလုပ် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ အမေရိကန်ပြည်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ အပေါ် အမြင်မကြည်မှုတွေ ရှိခဲ့ ပါတယ်။ ဒါကြောင့် အဲရစ်ဟေရဲ့ မေတ္တာတရားကို သိရှိနိုင်ဖို့ မီဒီယာတွေက မေးမြန်းမှုတွေ ပြုလုပ် ခဲ့ပါတယ်။ အဲရစ်ဟေ က “အိမ်ခြေမဲ့တွေကို တွေ့တဲ့ အခါမှာ ကျွန်မ အနေနဲ့ ကောင်းမွန်တဲ့ အပြုအမူနဲ့ ဆက်ဆံလေ့ ရှိပါတယ်။ ကျွန်မစကား ပြောခဲ့တဲ့ သူဟာ ကောင်းမွန်စွာနဲ့ ပြန်လည် ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။ သူ့ရဲ့ အကြောင်းတွေဟာ အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ်”လို့ ဆိုခဲ့ ပါတယ်။
တီယာနာဂရင်းဟာ ဒီဖြစ်ရပ်ကို သူ့သမီးကို ပြန်ပြောင်း ပြောဆိုခဲ့ပြီး ဂရုဏာစိတ်၊ မေတ္တာစိတ် ထားရှိဖို့ သွန်သင် ဆုံးမမှုတွေ ပြုလုပ် ခဲ့ပါတယ်။
Credit: messengernewsjournal.com