Friday, May 12, 2017

အွန်နရီ၏ အောင်ပွဲခံဟန်ကို ပါးစပ်ဖြင့် ပန်းချီရေးဆွဲမှု ပြုလုပ်


အသက်(၁၇နှစ်) အရွယ်မှာ ဒိုင်ဗင် ထိုးရင်း မတော်တဆ ဖြစ်ရပ်ကြောင့် မသန်စွမ်း ဘ၀ကို ရောက်ရှိ သွားခဲ့တဲ့ ဖရေဇာဟာ ဘ၀ကို အရှုံးမပေးသူဖြစ်ကြောင်း သက်သေ ပြသမှု ပြုလုပ် ခဲ့ပါတယ်။ အဲဒါကတော့ ဖရေဇာဟာ ပါးစပ်ကို အသုံးပြုပြီး ပန်းချီကားတွေ ရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၉ မှာ သူငယ်ချင်းတွေနဲ့ အတူ ပင်လယ် ကမ်းခြေကို သွားရောက်ရင်း ဒိုင်ဗင်ထိုးခဲ့ရာမှာ မတော်တဆဖြစ်မှုနဲ့ ကြုံခဲ့ရပြီး ကျောရိုးတွေ အားလုံး ပျက်စီး သွားခဲ့ပြီး ပခုံးနှစ်ဖက်ဟာ လုံးဝ လှုပ်ရှားလို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိ သွားခဲ့ပါတယ်။ ဒါပေမဲ့ ဖရေဇာဟာ ဘ၀ကို လုံးဝ အရှုံး မပေးခဲ့ဘဲ ပါးစပ်နဲ့ ပန်းချီ ရေးဆွဲနိုင်အောင် လေ့ကျင့်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
          ဖရေဇာ နောက်ဆုံး ရေးဆွဲ ခဲ့တဲ့ ပန်းချီကားဟာ အာဆင်နယ်  ဂန္ထ၀င်တိုက်စစ်မှူး သီယာရီအွန်နရီရဲ့ ဒူးထောက်ပြီး အောင်ပွဲခံဟန် ဖြစ်ပါတယ်။ ဒီပုံကို လူမှုကွန်ရက်မှာ တင်ရှိခဲ့ရာ ချီးကျူးမှုတွေ ရရှိ ခဲ့ပါတယ်။ ဖရေဇာဟာ အွန်နရီပုံကို သာမက အင်္ဂလန် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း၊ ဟယ်ရီပေါ်တာ ဇာတ်ကောင်၊ တင်းနစ် ကစားသမား ရော်ဂျာဖက်ဒါးရား စတဲ့ ပုံတွေကိုလည်း ပါးစပ်နဲ့ ရေးဆွဲမှု ပြုလုပ်ခဲ့ပါတယ်။ ဖရေဇာဟာ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ် တစ်ခု ထောင်ထားပြီး အဲဒီမှာ သူ့ရဲ့ ပန်းချီကားတွေကို ပြသမှု ပြုလုပ် ခဲ့ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်မှာလည်း သူဘာပုံတွေ ဆွဲခဲ့ပြီးသလဲ ဆိုတာကို အသိပေးမှုတွေ ပြုလုပ် ခဲ့ပါတယ်။
          ဖရေဇာက “ကျွန်တော် အသက် (၁၇)နှစ် အရွယ်မှာ မသန်စွမ်း ဘ၀ကို ရောက်ခဲ့တာမို့ အရာအားလုံး ပြီးဆုံး သွားခဲ့ပြီလို့ ထင်မှတ် ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ပြန်လည် ရုန်းထ နိုင်ခဲ့ပါတယ်။ ထင်ရှားတဲ့ ကစားသမားတွေကို အရောင်တွေနဲ့ ခြယ်သနိုင်မှု  ပြုလုပ် နိုင်ခဲ့ပါတယ်”လို့ ပြောကြား သွားခဲ့ပါတယ်။
Credit: messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...