Friday, May 12, 2017

စိတ်တူကိုယ်တူ ရှိမရှိက ဆက်ဆံရေး သက်တမ်းကို အဆုံးအဖြတ်ပေးနိုင်


လူနှစ်ဦးကြား ဆက်ဆံရေး ခိုင်မာစေရာတွင် စိတ်တူကိုယ်တူ ရှိမှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပညာရှင်များက သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
      ဆက်ဆံရေးတစ်ခုတွင် တစ်ဦးတစ်ယောက်၏ နှစ်ခြိုက်မှု၊ အရည်အသွေးတို့ကို အခြားလူတစ်ဦးထံတွင် မည်မျှ မြင်တွေ့ရသည်က ယင်းဆက်ဆံရေး မည်မျှ သက်တမ်းရှည်မည်ကို ဆုံးဖြတ်ပေးတတ်ကြောင်း စိတ်ပညာရှင်များက ပြောဆိုခဲ့သည်။ ယင်းဖြစ်စဉ်ကို စိတ်ပညာရှင်များက အတ္တနှင့်အခြားလူ ကူးလူး ဆက်နွယ်မှုဟု ခေါ်ဆိုကြသည်။
      ချစ်မှုခင်မှု ဆက်ဆံရေးတစ်ခုတွင် ပါဝင်သူနှစ်ဦးသည် အချိန်ကြာမြင့်လာသည် နှင့်အမျှ တစ်ဦး၏ အမူအကျင့်နှင့် အခြား တစ်ဦး၏ အမူအကျင့်များ ပေါင်းစပ်သွားပြီး မည်သည့် အမူအကျင့်က မည်သူပိုင်ဖြစ်သည်ကို ခွဲခြားရ ခက်ခဲ သွားတတ်သည်။ ယင်းအချိန်တွင် စုံတွဲများသည် ကျွန်တော် /ကျွန်မဟု ပြောဆိုမည့်အစား ကျွန်တော်တို့/ ကျွန်မတို့ဟုသာ ပြောဆိုကာ ကိုယ့်ချစ်သူ ခင်သူကိုလည်း ကိုယ်ပွားတစ်ခုလို မှတ်ယူလာတတ်သည်။

      ယင်းကဲ့သို့ အခြေအနေမျိုး ရောက်ရှိသွားပါက စုံတွဲများအနက် တစ်ဦးဦးသည် ကိုယ့်ချစ်သူအား အခြားသူများနှင့် နှိုင်းယှဉ်မိသည့် အခါတွင် ဆိုးကွက်များကို ဖော့ပစ်ကာ ကောင်းကွက်များကို ပိုမို တွေးလာတတ်ကြောင်း တိုရွန်တို တက္ကသိုလ်မှ စိတ်ပညာ ပါရဂူဘွဲ့ကျောင်းသူ ဆာဘရီနာထိုင်က ပြောဆိုခဲ့သည်။
      “သင့်ကိုနှိုင်းယှဉ်ခြင်း = ကိုယ့်ကိုယ် ကိုယ်နှိုင်းယှဉ်ခြင်း- ကိုယ်ချစ်ရသော ကိုယ်ပွားအား လူမှုရေးအရ နှိုင်းယှဉ်လေ့လာ ချက်”အမည်ရှိသော စာတမ်းကို ကိုယ်ရည် ကိုယ်သွေးနှင့် လူမှု စိတ်ပညာဂျာနယ်၏ ဇူလိုင်လထုတ် စာစောင်တွင်    ဖော်ပြခဲ့သည်။
Source:DM
Credit: messengernewsjournal.com  

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...