Tuesday, May 9, 2017

အသက် (၅၀)ရှိသွားပေမယ့် နုပျိုလန်းဆန်းနေတဲ့ ဟောင်ကောင်မော်ဒယ်


ဟောင်ကောင်ရဲ့ အကျော်ကြားဆုံး မော်ဒယ်တစ်ဦး ဖြစ်တဲ့ ကန်ဒီလိုဟာ ဓာတ်ပုံစာအုပ် တစ်အုပ်ကို မိတ်ဆက်ပြသ ရောင်းချခဲ့ရာမှာ သူ့ရဲ့နုပျိုမှုကို သိခွင့်ရခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
      ဒီစာအုပ်ကို Timeless လို့ အမည်ပေးထားပြီး အမည်နဲ့လိုက်အောင် ကန်ဒီလိုရဲ့ အလှအပတွေကို မြင်တွေ့ ခံစားရမှာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ အသက် (၅၀) နှစ်ရှိနေပြီး ကလေးသုံးဦး ရှိပါတယ်။ စာအုပ် ထဲမှာတော့ ကန်ဒီလိုဟာ နတ်သမီးလို လှပနေပြီး သေးသွယ်တဲ့ ခန္ဓာကိုယ်၊ လှပတဲ့ မျက်နှာ၊ စမတ်ကျတဲ့ ၀တ်စားဆင်ယင်မှု တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတွေကို တွစ်တာမှတစ်ဆင့် ပြန်လည်ဖော်ပြရာမှာ အားလုံးရဲ့ ချီးကျူးခံခဲ့ရပါတယ်။
      ကန်ဒီလိုဟာ ဘီကီနီကို ၀တ်ဆင်ပြီး နှစ်ပေါင်းများစွာ ကတည်းက ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကန်ဒီလိုဟာ မိတ်ကက်ကို အကောင်းဆုံး ပြုပြင်နိုင်သူ ဖြစ်ပြီး အသက်အရွယ် ကြီးရင့်မှုကို ဖုံးကွယ် နိုင်ခဲ့ပါတယ်။ လှပတဲ့ ဆံပင်ကလည်း အသက်အရွယ် ကြီးသွားပြီလို့ ထင်မှတ်ကြမှာ မဟုတ်ပါဘူး။ ကန်ဒီလီဟာ ဒီဓာတ်ပုံတွေကို တောင်ကိုရီးယားနိုင်ငံမှာ သွားရိုက်တာ ဖြစ်ပြီး၊ ဖိနပ်အရံ(၈၀)၊ အ၀တ်အစား သေတ္တာ ( ၁၅)အိတ်အပြင် သားဖြစ်သူရဲ့ အိတ်ထဲမှာလည်း အ၀တ်အစားတွေ ထည့်ခဲ့သေးတယ်လို့ သိရပါတယ်။
Credit: messengernewsjournal.com 

အလုပ် ထုတ်ပယ်ခံရ ပြီးနောက် ထင်ရှားကျော်ကြားတဲ့ ဘ၀ ပိုင်ဆိုင်ခဲ့သူများ

ထင်ရှား ကျော်ကြားသူတိုင်း အနည်းဆုံး အလုပ်ကနေ တစ်ကြိမ် ထုတ်ပယ်ခံခဲ့ ရဖူးတယ်လို့ အမေရိကန် ဖက်ရှင် မဂ္ဂဇင်း ဒယ်ဒီတာ အန်နာဝင်းတိုးက ဖွင့်ပာ ပြောဆိုခဲ့ဖူးပါတယ်။တကယ်တမ်းမှာလည်း ထင်ရှားတဲ့ ဘ၀ကို ရောက်လာဖို့ အနည်းဆုံး အလုပ်ကနေ တစ်ကြိမ်လောက် ထုတ်ပယ် ခံရတာချည်းပါပဲ။ ဆိုလိုတာက အောင်မြင်တဲ့ ဘ၀ကိုရယူနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရစမြဲ ဖြစ်တယ်ဆိုတာ သိရှိနိုင်ရေး ဖြစ်ပါတယ်။
               အလုပ်ကနေ ထုတ်ပယ် ခံရပေမယ့် လဲကျသွားခြင်း မရှိဘဲ ပြန်လည် ရုန်းထနိုင်ခြင်းကြောင့် အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိသူတွေဟာ နည်ပယ်မျိုးစုံမှာ ရှိနေပါတယ်။ သူတို့ တစ်တွေဟာ ထင်ရှားတဲ့ စီးပွာရေး လုပ်ငန်းရှင်တွေ၊ အနုပညာသမားတွေ၊ ဖက်ရှင်ရေးရာမှာ အောင်မြင်နေသူတွေ စသဖြင့် အစုံအလင် ဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အလုပ်ကနေ ထုတ်ပယ် ခံရပေမယ့် ထင်ရှား ကျော်ကြားသူအဖြစ် ရောက်ရှိလာသူတွေ အကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။


ဂျေကေရိုးလင်း
                 ပာယ်ရီပေါ်တာ ဖန်တီးရှင် ဂျေကေရိုးလင်းဟာ ကမ္ဘာကြီးကို လွှမ်းမိုးမှု အရှိဆုံးသူတွေထဲမှာ ပါဝင်နေပေမယ့် အောင်မြင်မှုကို အမြဲတမ်းရ ယူနိုင်ခဲ့တာ မပာုတ်ပါဘူး။ လက်ရှိအချိန်မှာ အသက် ( ၄၉) နှစ် ရှိပြီဖြစ်တဲ့  ဂျေကေရိုးလင်းဟာ အလုပ်ကနေ ထုတ်ပယ်ခံရ ပြီးနောက် ပာယ်ရီပေါ်တာ စာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
                ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းမှု၊ အလုပ်အကိုင် မရှိမှုစတဲ့ ပြဿနာတွေကြားက ပာယ်ရီပေါ်တာ စာအုပ်ကို ၁၉၉၅ မှာ လက်နှိပ်စက် အဟောင်းနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပျို ကိုယ်နုလိုလျှင် ချစ်တတ်အောင်သင်


ချစ်တတ်ခြင်းသည် ရန်လိုခြင်းထက် ပိုကောင်းကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
            ယင်းစကားသည် အထူးသဖြင့် ခွေးတူဝက်တူ ကောင်များအတွက် မှန်ကန်သည်ဟု ဆိုရမည်။ ငယ်ရွယ်စဉ်တွင် တိုက်ခိုက်မှုများဖြင့် အချိန် ကုန်တတ်သည့် ခွေးတူဝက်တူ အထီးများသည် အေးဆေးစွာ နေတတ်သည့် ခွေးတူဝက်တူ အထီးများထက် အိုမင်းမှုနှုန်း ပိုမြန်တတ်ကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
            ငယ်ရွယ်စဉ်တွင် တိုက်မှုခိုက်မှု ၀ါသနာ မပါသည့် ခွေးတူဝက်တူ ကောင်များသည် ကိုယ်စိတ် ကျန်းမာ ချမ်းသာရေး၊ အမများနှင့် ရောနှော နေထိုင်ရေးတို့ အတွက်လည်း အချိန်ပို ပေးနိုင်ကြသည်။ ဗြိတိန်နိုင်ငံ ဂလိုဆဲစတာရှိုင်းယား ဒေသရှိ ၀ုချက်စတာ ဥယျာဉ်ရှိ ခွေးတူ ၀က်တူများအား အက်ဇီတာ တက္ကသိုလ်မှ ပညာရှင်များက လေ့လာခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များသည် ခွေးတူ ၀က်တူများအား နှစ်ပေါင်း (၃၅) နှစ်ကြာ လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၃)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ...

သဘာဝကျောက်တိုင်များနှင့် လွင်ပြင်ကြီး

Australia နိုင်ငံသည် သဘာဝ အလှအပများ ၊ လှပသော ကမ်းခြေများနှင့်အတူ သဘာဝအတိုင်း ဖြစ်တည်နေသော ထူးခြားသော အကြောင်းအရာများ အများအပြား ရှိရာနိုင်ငံကြီးပါ။ ယခု လွင်ပြင်ကြီးတစ်လျောက် သဘာဝအတိုင်း ထိုးထိုးထောင်ထောင်နှင့် ကျောက်တုံးတိုင်များ ပြန့်ကျဲတည်ရှိနေသော နေရာသည် Australia နိုင်ငံ၏ အနောက်ဘက်အစွန်းပိုင်း ပင်လယ်ကမ်းခြေ အနီးတွင် တည်ရှိပါသည်။

ထိုနေရာကို Nambung အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားပါသည်။ အကျယ်အ၀န်းအားဖြင့် 192.68 km2 (74.4 စတုရန်းမိုင်)အထိ ရှိပြီး သဘာဝအတိုင်း မြေပြင်မှ ထိုးထွက်နေသောပုံစံ ကျောက်တိုင် ၊ ကျောက်စွန်းများ အများအပြား တည်ရှိနေပါသည်။

အနိမ့် အမြင့် ပုံစံ အမျိုးမျိုး တည်ရှိနေပြီး တစ်ချို့ကျောက်တိုင်များသည် ၅ မီတာ အထိ အမြင့်ရှိပါသည်။
ထုံးကျောက်တိုင်များ ဖြစ်ကြပြီး လွန်ခဲ့သော နှစ်များစွာကတည်းက ဖြစ်ပေါ်တည်ရှိနေခြင်း ဖြစ်ပါသည်။ ပင်လယ်ရေ လျော့နည်းမှုကြောင့် ရေနေအခွံမာသတ္တ၀ါလေးများ စုပုံသေဆုံးပြီး ထုံးကျောက်တုံးများဖြင့် ပေါင်းစပ်ကာ ဖြစ်တည်လာကြခြင်း ဖြစ်ပါသည်။

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၅)

လူဘ၀ ဇာတ်ခုံတစ်လျှောက် ကြုံတွေ့ရတတ်တဲ့ သင်ခန်းစာယူစရာ၊ ဗဟုသုတ ဖြစ်စရာ အဖြစ်လေးတွေကို ဆက်လက်တင်ပေးပါအုံးမည်။
ဒီတစ်ခါတင်ပြမည့် အကြောင်းအရာလေးကတော့ သက်ဦးဆံပိုင် ဘုရင်ဖြစ်နေသော်လည်း အနီးရှိ မြှောက်ပင့်တတ်တဲ့ အမတ်များကို ပညာပေးတဲ့ ဘုရင်တစ်ယောက်အကြောင်းပါ။


ဒိန်းမတ်ပြည့်ရှင် ကနွတ်ဘုရင်သည် ခရစ်နှစ် ၉၉၅ မှ ၁၀၃၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သောမင်းတစ်ပါး ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကပင် ဖခင်ဘုရင်ကြီးနှင့်အတူ အင်္ဂလန်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သူပါ။ ၁၀၁၄ တွင် ဖခင်သေဆုံးချိန်တွင် ထီးနန်းဆက်ခံကာ အင်္ဂလန်ပြည်ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ၁၀၁၆ တွင် အင်္ဂလန်တစ်ပြည်လုံးအား သိမ်းပိုက်ကာ အုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ဒိန်းမတ် နှင့် အင်္ဂလန်နိုင်ငံ သာမကပဲ နော်ဝေးနိုင်ငံ
ထီးနန်းကိုလည်း ၁၀၂၈ တွင် ရရှိခဲ့ပါတယ်။

အလွန်တန်ခိုးထက်တဲ့ မင်းတစ်ပါးပေါ့။ သူသည် တိုင်းပြည်များကို တရားမျှတစွာဖြင့် အုပ်ချုပ်ပြီး ခိုင်မာတဲ့ဥပဒေများ ကိုလည်း ပြဌာန်းခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့ တိုင်းပြည်များကို တရားမျှတစွာဖြင့် အုပ်ချုပ်သဖြင့် တည်ငြိမ်အေးချမ်းခဲ့ပါတယ်။

Related Posts Plugin for WordPress, Blogger...