Friday, November 30, 2012
ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်
ဘရပ်ဆယ်လ် နိုဝင်ဘာ ၂၃
ဥရောပ တိုက်ရှိ မော်လ်တာ နိုင်ငံတွင် ချောကလက် တစ်မျိုးတည်းဖြင့် ရထား တည်ဆောက်ခဲ့ရာ ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထားအဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၎င်းအား ဘရပ်ဆယ်လ်မြို့ တောင်ပိုင်း ဘူတာရုံ၌ ခင်းကျင်း ပြသခဲ့ပြီး ၎င်းမှာ ၁၁၂ ပေ(၃၄ ဒသမ ၅ မီတာ) ရှည်၍ ၂၇၅၅ ပေါင် (၁၂၅ဝ ကီလို) ကျော် အလေးချိန် ရှိကြောင်း သိရသည်။
ကမ္ဘာ့ မြေပုံပေါ်၌ ဖော်ပြထားသည့် စန္ဒီကျွန်း တည်နေရာတွင် ကျွန်းမရှိဘဲ ရေပြင်ဖြစ်နေ
ကမ္ဘာ့ မြေပုံပေါ်တွင် ရှိနေသည့် စန္ဒီကျွန်းကို သိပံ္ပပညာရှင်များ ၂၅ ရက်ကြာ ရှာဖွေရာတွင် မြေပုံပေါ်တွင် ဖော်ပြထားသည့် နေရာ၌ ကျွန်းမရှိဘဲ ရေပြင်သာ ရှိသည်ကို တွေ့ရှိရသည်။ စန္ဒီကျွန်းသည် ပြင်သစ်အုပ်ချုပ် သော နယူးကယ်လီ ဖိုးနီးယားကျွန်းနှင့် သြစတြေးလျ အရှေ့ဘက် ကမ်းခြေအကြား တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိသည်ဟု မြေပုံပေါ်တွင် ဖော်ပြထား သော်လည်း ဆစ်ဒနီ တက္ကသိုလ်မှ ကျွမ်းကျင် သူ ပညာရှင်များက ရှာဖွေရာတွင် အဆိုပါ ကျွန်းရှိ သည့် နေရာသည် ရေပြင် ဖြစ်နေသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံနှင့်ကာတွန်းပုံလေးများပေါင်းစပ်မှု
Ben Heine ဆိုသည့် သူတစ်ဦး၏ ဖန်တီးမှုများပါ။
သူ၏စိတ်ကူးက ပြင်ပမှ ပုံရိပ်များနှင့် သူ၏ ပုံဆွဲပညာကို ပေါင်းစပ်
ကာ အသက်ဝင်လှပ ဆန်းကြယ်သောပုံလေးများ အဖြစ်ဖန်တီးခြင်
တာပါ။သူ၏စိတ်ကူးလေးများကို ဆယ်နှစ်သားအရွယ်လေးထဲက 
ပေးထားပါတယ်။မတူညီ ခြားနားသော ပုံရိပ်နှစ်ခုကို ပေါင်းစပ်ခြင်းဟု
ပါအုံးဗျာ...
ငှက် အမျိုးအစား ၁၅၁ ကောင်၏ အသံကို အသံတု ပြုလုပ်နိုင်သည့် နီပေါ နိုင်ငံသား တစ်ဦး
ခတ္တမန္ဒူ နိုဝင်ဘာ ၂၃
နီပေါနိုင်ငံ အလယ်ပိုင်း မက်ခ်ဝမ်ပါး ခရိုင် ဂတ်ဟီရွာရှိ ချာရီဒါဒါဟု ခေါ်သော နာမည်ကျော် ဂူတန်စပ်ကိုတာ ဆိုသူသည် ငှက်အသံ ၁၅၁ မျိုး၏ အသံများကို တုပပြုလုပ် နိုင်ခဲ့သည့် အတွက် ဂင်းနစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။
စပ်ကိုတာသည် ငှက် အမျိုးမျိုး၏ အသံကို တုပပြုလုပ် နိုင်သည့် ထူးခြားသော ပါရမီကြောင့် ကမ္ဘာ့စံချိန် ဂင်းနစ် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် ခံရခြင်းဖြစ်ပြီး ၎င်းသည် နီပေါနိုင်ငံရှိ ခရိုင် ၁၄ဝ ကျော်ရှိ ငှက်အသံ ၁၅၁ ကောင်၏ အသံများကို အသံတု လေ့ကျင့် ခဲ့ရကြောင်း သိရသည်။
၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီးပျက်သုဉ်းမည်ဆိုသော မာယာ ပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေ တွေ့ရှိ
ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ  ၂၁ ရက်တွင် ပျက်သုဉ်း မည်ဟု မာယာ ပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူ များက ရှာဖွေဖော် ထုတ်နိုင် ခဲ့သည်။
ကမ္ဘာ ပျက်မည့်နေ့ကို ကြိုတင် ဟောကိန်း ထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်သူများ၏ စိတ်ကူး စိတ်သန်း သာဖြစ် ပြီး မက္ကဆီကို အရှေ့တောင်ပိုင်းရှိ  မာယာတို (T) ပုံစံကျောက်တုံးတွင် ထွင်းထု ထားသည့် မာယာ ပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် အကြောင်းအရာ လုံးဝမပါရှိ ကြောင်း သိရသည်။
နှစ်ပေါင်း ၁ဝဝဝဝ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း အိမ်တစ်လုံး၏ အပိုင်းအစများ တူးဖော်တွေ့ရှိ
အီဒင်ဘာ့ဂ် နိုဝင်ဘာ ၂၄
လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ကျော်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအိမ် တစ်လုံး၏ အကြွင်းအကျန်အစအန များကို စကော့တလန် နိုင်ငံ အီဒင်ဘာ့ဂ် မြို့အနီးတွင် ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ နေအိမ် အကြွင်းအကျန် များကို Forth bridge သို့သွားသော လမ်းကြောင်း အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဘီစီ ၈၂၄ဝ ဝန်းကျင်ခန့်က နေအိမ် အကြွင်း အကျန်များ ဖြစ်သည်ဟု ရှေးဟောင်း သုတေသန ပညာရှင် များက ယူဆကြသည်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်ကို ရက်ပေါင်း ၉ဝ အတွင်း တရုတ် ကုမ္ပဏီ တည်ဆောက်မည်
ပေကျင်း  နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံမှYuandaGroup ကုမ္ပဏီသည် အထပ် ၂၂ဝ ပါဝင်သော မိုးမျှော်တိုက် တစ်လုံးကို ရက်ပေါင်း ၉ဝ အတွင်း တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း Shin Chew နေ့စဉ်ထုတ် သတင်းစာ၏ ဖော်ပြ ထားချက် အရ သိရသည်။ ၈၃၈ မီတာ အမြင့်ရှိသော Sky City  အမည်ရှိ အဆိုပါ မိုးမျှော်တိုက်ကို ချန်ရှာ ဒေသ၌ ယခုလ အကုန်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း Yuanda Group ကုမ္ပဏီက  ပြောကြားသည်။
တောင်အာရှ ကာယ ဗလမောင် ပြိုင်ပွဲတွင် HIV ရောဂါ ခံစား နေရသည့် မဏိပူရ ကာယ အလှမောင် အနိုင်ရ
အင်ဖာ  နိုဝင်ဘာ  ၂၆
အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်မှ HIV ရောဂါ ခံစား နေရသော ကာယ အလှမောင် တစ်ဦး ဖြစ်သူ ခွန်ဒရာ ပန်ပရာဒစ် ကူးမာသည် ပန်ဂျက် ပြည်နယ် လက်ဟီအန်နာ မြို့တွင် ကျင်းပသော တောင်အာရှ ၆၅ ကီလို ဝိတ်တန်း ကာယဗလမောင် ပြိုင်ပွဲတွင် အနိုင် ရရှိ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။
ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ
သယ်ရင်းတို့ရေ ဆေးရုံက မိုက်တယ်နော်..... မြေအောက်မှာဆောင်ထားတယ်ဆိုပဲ......
          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
အရောင်သွေးစုံပြီးချစ်စရာငါးလေးတွေ...
Related Posts Plugin for WordPress, Blogger...