Monday, February 13, 2017

သာမာန်အချိန် နှင့် ဆောင်းတွင်းအချိန် ကွာခြားပုံများ

တစ်မ္ဘာတစ်လွှားရှိ အလွန်အေးခဲနိုင်သော နေရာများမှ
ရေခဲနေသော ပုံစံများကို သာမာန်အချိန်တွင်တွေ့မြင်နိုင်သည့် ပုံများနှင့် နှိုင်းယှဉ်ပြထား ပုံများပါ။

စာမေးပွဲအောင်ရန် လိုအပ်သောအမှတ်များ ချေးပေးမည့် အမှတ်ဘဏ်


တရုတ်နိုင်ငံရှိစာသင်ကျောင်းတစ် ခုတွင် စာမေးပွဲအောင်စေရန်အတွက် ကျောင်းသားများအမှတ်ချေးယူနိုင်မည့် စာမေးပွဲအမှတ်ဘဏ်ကို ဖွင့်လှစ်ထားခဲ့ သည်ဟု သိရသည်။တရုတ်နိုင်ငံအရှေ့ ပိုင်းရှိ စာသင် ကျောင်းတစ်ခုတွင် ကျောင်းသားများသည် နောက်ဆက်တွဲစာမေးပွဲများဖြေဆိုခြင်းဖြင့် မိမိတို့ချေးယူထားသည့် စာမေးပွဲအမှတ် များကို ပြန်ဆပ်ရမည်ဖြစ်သည်။၎င်းအစီ အစဉ်ကို လူမှုကွန်ရက်မီဒီယာပေါ်တွင် ထောက်ခံသူများရှိနေပြီး တရုတ်နိုင်ငံ၏ စာမေးပွဲပေါ်အခြေခံသော တင်းကျပ် သည့်ပညာရေးစနစ်နှင့် ရင်ဆိုင်နေရသော ကျောင်းသားများအတွက် ဖိအားများလျော့ သွားစေလိမ့်မည်ဟု ဆိုခဲ့ကြသည်။သို့ သော် အချို့ကလည်း ကျောင်းသားများ မှာ စာမေးပွဲဖြေဆိုရန် ကြိုးစားမှုများတွင် လျော့ရဲမှုများရှိလာလိမ့်မည်ဟု ထောက်ပြ ပြောဆိုခဲ့ကြသည်။

ကမ္ဘာ့အလှပဆုံး စာကြည့်တိုက်

ချက်ပြည်သူ့သမ္မတနိုင်ငံ ၊ Prague မြို့တော်ရှိ
Klementinum စာကြည့်တိုက်ကြီး၏ အတွင်းပိုင်း
ခမ်းနားထည်ဝါလှပမှု ပုံများပါ။

ကမ္ဘာပေါ်တွင် ပထမဆုံးတွေ့ရှိခဲ့သည့် မြန်မာပြည် မှ ဂြိုလ်သားပုံ အင်းဆက်မျိုးစိတ်သစ်


၂၀၁၇ ခု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကမ္ဘာ့သိပ္ပံပညာရှင်များ ၊ တက္ကသိုလ်ပါမောက္ခများ နှင့် သတင်းစာစောင်များ အကြားတွင် အထူးဂရုပြုအာရုံစိုက် ကြရသည့်တွေ့ရှိမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအရာကတော့ ကမ္ဘာပေါ်တွင် ယခင်ကတွေ့ရှိခဲ့ဖူးခြင်း မရှိသော ထူးခြားသည့် ပုံသဏ္ဍန်ရှိ အင်းဆက်ပုံပါ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာ့ပယင်းကျောက်အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းပါ။
မြန်မာနိုင်ငံ ဟူကောင်းတောင်ကြားဒေသ မှ ပယင်းကျောက်သားအတွင်းမှ ထိုအင်းဆက်ရုပ်ကြွင်းကို အော်ရီဂွန်တက္ကသိုလ်ကအင်းဆက်ဗေဒပညာဂုဏ်ထူးဆောင်ပါမောက္ခဂျော့ဂ်ျပွိုင်နာ ဂျူနီယာက ရှာတွေ့ခဲ့ခြင်း ဖြစ်ပါသည်။
ရှေးနှစ်သန်း ၁၀၀ ကျော်လောက် ဒိုင်နိုဆောများ ရှိစဉ်အချိန်ကတည်းက နေထိုင်ရှင်သန်ခဲ့သော အင်းဆက်များပါ။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၇)

Christoph Niemann ဆိုသည့် ပညာရှင်တစ်ယောက်၏
စိတ်ကူးဆန်းသစ် ပေါင်းစပ် ဖန်တီးထားပုံများပါ။

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးများ အကြောင်းကို အမှတ်စဉ် (၁)မှ (၁၅)
အထိတင်ပြချင်ပါတယ် ။ မှတ်တမ်းတွေက တစ်ခုနှင့်တစ်ခု အနည်းငယ် ကွဲလွဲမှု
တွေရှိပါတယ်။ ဒါကလည်း နောက်ဆုံးတည်ဆောက်မှုတွေ တစ်ခုပြီးတစ်ခု တိုးလာ
လို့ ပါ။ အခုဒီပိုစ့်ဟာလည်း နောင် နှစ်များမှာဆိုရင် ကွဲလွဲမှုတွေ ရှိလာအုံးမှာပါ။
ယခင်ပိုစ့်အဟောင်းကို ယခု ၂၀၁၇ ခုနှစ်အတွက် ပြန်လည်ပြင်ဆင်စုစည်းပြီး
ထပ်တင်ပေးလိုက်ပါတယ်။

သူငယ်ချင်းတို့ဆက်ပြီး ကြည့်လိုက်ကြပါအုံးနော်...

(၁) Burj Khalifa

၂၀၁၀ ထဲက ကမ္ဘာ့အမြင့်ဆုံးလို့စာရင်းဝင်ထားတာပါ။  21 September 2004 မှာ
စတင်တည်ဆောက်ခဲ့ပြီး 1 October 2009 မှာတော့ ပြီးစီးခဲ့ပါတယ်။
စတင်ဖွင့်လှစ်တာကတော့ 4 January 2010 မှပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမှာ
တည်ရှိပြီး 828 m (သို့) 2,717 ပေ မြင့်ပါတယ်။ ၁၆၃ ထပ်ရှိပါတယ်။

(၂) Shanghai Tower


တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦများ
စာရင်းတွင် ဒုတိယမြောက်ဖြစ်ပါတယ်။ 632 m (သို့) 2,073 ပေ မြင့်ပါတယ်။
အထပ်ပေါင်း ၁၂၈ ထပ်ရှိပါတယ်။ ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်
ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ တွင် တရားဝင်ဖွင့်လှစ် ခဲ့ပါသည်။

လူသားများ နှင့် တိရိစ္ဆာန်များ၏ အမြင်အာရုံ ကွာခြားပုံများ


Related Posts Plugin for WordPress, Blogger...