Monday, February 13, 2017

စာမေးပွဲအောင်ရန် လိုအပ်သောအမှတ်များ ချေးပေးမည့် အမှတ်ဘဏ်


တရုတ်နိုင်ငံရှိစာသင်ကျောင်းတစ် ခုတွင် စာမေးပွဲအောင်စေရန်အတွက် ကျောင်းသားများအမှတ်ချေးယူနိုင်မည့် စာမေးပွဲအမှတ်ဘဏ်ကို ဖွင့်လှစ်ထားခဲ့ သည်ဟု သိရသည်။တရုတ်နိုင်ငံအရှေ့ ပိုင်းရှိ စာသင် ကျောင်းတစ်ခုတွင် ကျောင်းသားများသည် နောက်ဆက်တွဲစာမေးပွဲများဖြေဆိုခြင်းဖြင့် မိမိတို့ချေးယူထားသည့် စာမေးပွဲအမှတ် များကို ပြန်ဆပ်ရမည်ဖြစ်သည်။၎င်းအစီ အစဉ်ကို လူမှုကွန်ရက်မီဒီယာပေါ်တွင် ထောက်ခံသူများရှိနေပြီး တရုတ်နိုင်ငံ၏ စာမေးပွဲပေါ်အခြေခံသော တင်းကျပ် သည့်ပညာရေးစနစ်နှင့် ရင်ဆိုင်နေရသော ကျောင်းသားများအတွက် ဖိအားများလျော့ သွားစေလိမ့်မည်ဟု ဆိုခဲ့ကြသည်။သို့ သော် အချို့ကလည်း ကျောင်းသားများ မှာ စာမေးပွဲဖြေဆိုရန် ကြိုးစားမှုများတွင် လျော့ရဲမှုများရှိလာလိမ့်မည်ဟု ထောက်ပြ ပြောဆိုခဲ့ကြသည်။
ကျောင်းအာဏာပိုင် များက ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်ကာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်း၏ စာအတော်ဆုံးကျောင်းသား ၄၉ ဦးကြား တွင် ဖိအားများလျော့သွားကာ အမှတ်များ လဲလှယ်နိုင်ရန်ဖြစ်သည်ဟု ဆိုခဲ့သည်။သို့သော် ကျောင်းသားများသည် ချေးယူ ထားသည့်ရမှတ်များကို အချိန်မီပြန်မဆပ် နိုင်ပါက ပြန်ဆပ်သည့်ရမှတ်ကိုအတိုးပါ ထည့်ပေးရမည်ဖြစ်ပြီး ပြန်မဆပ်နိုင်ပါက နာမည်ပျက်စာရင်းအသွင်းခံရမည်ဖြစ် သည်။ကျောင်းသားတစ်ဦးက]နှစ်ဝက်စာ မေးပွဲမဖြေခင်မှာ ကျွန်တော်ဖျားပါတယ်။ ပထဝီဘာသာအတွက် အတန်းတွေအများ ကြီးလွတ်သွားလို့ စာမေးပွဲကျပေမယ့် အမှတ်ဘဏ်ရှိလို့ ပြန်လည်ပြင်ဆင်ခွင့်ရ ရှိခဲ့တာ ဝမ်းသာစရာပါပဲ}ဟု ဆိုခဲ့သည်။ တရုတ်နိုင်ငံတွင် စာမေးပွဲ၏ဖိအားဒဏ် များကြောင့် နှစ်စဉ် မိမိကိုယ်ကိုယ်သတ် သေသည့်ကျောင်းသားအရေအတွက်များ ပြားလျက်ရှိသည်ဟု သိရသည်။
Ref ; AP,16.1.17
Credit:Pyimyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...