Sunday, December 15, 2013
အမှတ်တမဲ့အလွဲများ(၃၈)
ဒီတစ်ပါတ် သူငယ်ချင်းတို့ အတွက် အလွဲပုံလေးတွေ တင်ပေးလိုက်ပါပြီ။
အားပေးကြပါအုံးနော်...
အံမယ် အဖမ်းခံရတာတောင် ပြုံးပြုံးကြီး။ 
ပုဒ်မ ၁၈ နဲ့များလား မသိဘူးနော်...
အီးးး ကယ်ကြပါအုံးဗျ...
Saturday, December 7, 2013
ဆန်းဆန်းပြားပြား Body Art ပန်းချီများ (၃)
ဒီဆိုဒ်မှာ Body Art ပန်းချီနဲ့ပတ်သတ်တဲ့ ပိုစ့်တွေတော်တော်များများတင်ပေးဖူးပါတယ်။
ထူးထူးခြားခြားအနုပညာ စာမျက်နှာမှာ ကြည့်နိုင်ပါတယ်။အခုလည်း အီတလီ ပန်းချီပညာရှင်
Johannes Stoetter  ၏ ဆန်းပြားတဲ့ Body Art ပန်းချီများကို တင်ပေးလိုက်ပါတယ်။
ကြည့်ရှုအားပေးကြပါအုံးနော်......
ဒီပုံကတော့ ကြည့်လိုက်လျှင် ရောင်စုံလှပတဲ့ ဖားပုံစံဟုထင်စရာပါ။ ဒါပေမယ့် ဒီလိုပုံဖြစ်စေဖို့
အမျိုးသမီး ငါးဦး ပေါင်းစပ်ဖွဲ့စည်းထားရတာပါ။ မိန်းကလေးငါးဦး ကို ပုံစံကျအောင်နေခိုင်းပြီး
ဆေးရောင်စုံတင်လိုက်တဲ့အခါ ယခုပုံစံမြင်ရပါတယ်။ ဒါဟာ Johannes ၏ လက်ရာမြောက်တဲ့
ပုံကောင်းတစ်ခုပါ။ ကျွန်တော်အရင်က တင်ပေးဖူးတဲ့ ထူးထူးခြားခြားပေါင်းစပ် အနုပညာ ပိုစ့်
တွင် မိန်းကလေး ၃ ဦးဖြင့် ကျားခေါင်းပုံ ဖန်တီးမှု အဆင့်ဆင့် ကို တင်ပြပေးဖူးပါတယ်။
ဆက်လက်ကြည့်လိုက်ကြပါအုံးဗျာ...
Friday, December 6, 2013
သမိုင်း မတင်မီခေတ်က ကြောင်များ မျိုးသုဉ်းခဲ့သည့်အကြောင်းရင်း ရှာဖွေတွေ့ရှိ
သမိုင်း မတင်မီ တစ်ချိန်က မြောက်အမေရိကတိုက်တွင် ရှင်သန် ကျက်စားခဲ့သည့် ဓားကောက်ပုံ စွယ်သွားပါသော
ကြောင်များ မျိုးသုဉ်းသွားခြင်းသည် အစာရေစာ ပြတ်လပ်မှုကြောင့် မဟုတ်ကြောင်း သုတေသီများက
အတည်ပြု ပြောကြားလိုက်သည်။ အပေါ်အံသွားတွင် အလွန်ကြီးမား ချွန်မြသည့် အစွယ်ကြီးနှစ်ချောင်း
ပါသည့် အဆိုပါ ကြောင်ကြီးများ (အရွယ်အစားဖြင့်မူ ယနေ့ခေတ် ကျားကြီးများထက်
ပိုမိုကြီးမားလေ့ရှိ)သည် လွန်ခဲ့သော နှစ်ပေါင်း (၁၂၀၀၀)ကျော်က ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
Thursday, December 5, 2013
မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဂျပန်ကျွန်းငယ်
တိုကျိုမြို့တောင်ဘက် ကီလိုမီတာ (၁၀၀၀) ကွာ  ပစိဖိတ်သမုဒ္ဒရာထဲက ဂျပန်ပိုင် အိုဂါဆာဝါရာကျွန်းတွေနားက ကျွန်းတစ်ကျွန်းမှာ ကမ်းလွန်မီးတောင်
တစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပေါ်လာ ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံမိုးလေ၀သဋ္ဌာနက  မီးတောင်နောက်ဆုံးပေါက်ကွဲမှုဟာ နီရှီနိုရှီမာအရှေ့မြောက်ဘက် မီတာ (၅၀၀)ခန်မှာဖြစ်ကြောင်း ဗုဒ္ဓူဟူးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။  လူမနေတဲ့ကျွန်းမှာနှစ်(၄၀) အတွင်း ပထမဆုံးပေါက်ကွဲမှုဖြစ်ရပ်လည်းဖြစ်ပါတယ်။ ကျွန်းလယ်မီးတောင်အလယ်ကမီးခိုးမြူတွေထွက်လာတဲ့ပုံနဲ့ မီးခိုးမည်းတွေ စက္ကန့်(၃၀)နဲ့စက္ကန့်(၆၀)ကြားတစ်ခါ ပန်းထွက်လာတဲ့ပုံကို NHK ကကင်မရာသမားတစ်ယောက်က ရိုက်ထားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဗုဒ္ဓလှိုဏ်ဂူတွေ့ရှိခဲ့သည့် ဂျပန်သုတေသနအဖွဲ့
ဂျပန်သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်ဒေသမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ
တာလီဘန်တွေကြီးစိုးတဲ့ လွန်ခဲ့တဲ့ (၁၂)နှစ်ခန့်ကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ယခုအချိန်မှာ တော့ ဂျပန်သုတေသနအဖွဲ့ဟာ ယခင်က ဗုဒ္ဓဘာသာအမွေအနှစ်တွေတည်ရှိတဲ့ နေရာနဲ့ (၃) ကီလိုမီတာအကွာမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါလှိုဏ်ဂူဟာ (၄.၅)ကီလိုမီတာအနက်ရှိ လှိုဏ်ဂူအတွင်းမှာ ဗုဒ်္ဓဘာသာနဲ့ ဆက်စပ်ပစ်္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဂူတွင်းက ရုပ်ပွားတွေတွေဟာ ဘေးဝန်းကျင်ရှိ ဂူတွေထဲက ရုပ်ပွားတော်တွေထက် နှစ်(၁၀၀)လောက် သက်တမ်းပိုစောတယ်လို့ သိရပါတယ်။
Saturday, November 30, 2013
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၈)
ခန္ဓာကိုယ်မှ အလိုအလျောက် မီးထတောက်လောင်ကျွမ်းခြင်း အကြောင်းများကို
တင်ပြလာတာ များပါပြီ။ ဒီတစ်ခါတော့ ဒီလိုအဖြစ်များဖြစ်ပျက်တတ်တဲ့ အကြောင်း
မှတ်ချက်များကို တင်ပြရင်း နိဂုံးချုပ်ပါတော့မယ်။
ဒီအကြောင်းများဟာ ယုံကြည်ရန်ခက်ပါတယ်။ ကမ္ဘာ့ပညာရှင်အများသည်လည်း
ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်းရှိကြပါတယ်။ဒါပေမယ့် ဘက်နှစ်ဘက်
လုံးက ပညာရှင်များကတော့ ပြည့်စုံမှန်ကန်တဲ့ သက်သေပြချက်များကို ယနေ့
အထိ မပြနိုင်ကြပါဘူး။ အကြောင်းအရာ တစ်ခုတွင် မှန်ကန်သည်ဟုထင်ရသော
သက်သေပြချက်များသည် နောက်ထပ်အဖြစ်အပျက်များတွင် မမှန်နိုင်တော့ပါ။
ထို့ကြောင့်ပင် ဒီအဖြစ်အပျက်များကို Sloontaneous Human Combution
(SHC) ဟုခေါ်ကြပြီး အဖြေမသိနိုင်သော Unknow Cases များအဖြစ် မှတ်တမ်း
တင်ထားကြပါတယ်။
ထူးထူးခြားခြားတည်ရှိနေသော ပင်လယ်သေ
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိုင်းတွင် ရှိကြသည့် အလွန်ကြီးမား
သော အင်းကြီးများ ၊ ကန်ကြီးများ ရှိကြပါတယ်။ တစ်ချို့မှာ အလွန်ကြီး
ကြသဖြင့် ကုန်းတွင်းပင်လယ်ဟု ခေါ်ကြပါတယ်။ ထိုအထဲမှ ပင်လယ်သေ
အကြောင်းကို နေခရမ်း မှ တင်ပြချင်ပါတယ်။
ပင်လယ်သေ ဟာ အရှေ့အလယ်ပိုင်းဒေသ တွင်တည်ရှိပြီး ၊ ပါလက်စတိုင်း၊
အစ္စရေး ၊ ဆီးရီးယား ၊ လက်ဘလွန်၊ အီဂျစ်နှင့်ဂျော်ဒန်နိုင်ငံတို့နှင့် ဆက်စပ်နေပါတယ်။
 ပင်လယ်သေ ၏ ထူးခြားချက်များမှာ ထို ရေထဲတွင် ရေနေသတ္တ၀ါများ မနေနိုင်ကြပါ။
 ရေထဲတွင် အငန်ဓာတ် အလွန်များ နေသောကြောင့် ဖြစ်ပါတယ်။ 
ပင်လယ်သေ ၏ ရေမျက်နှာပြင်သည် ကမ္ဘာ့ကုန်းပိုင်းတွင် အနိမ့်ဆုံးဖြစ်ပါတယ်။
ပျမ်းမျှခြင်းအရ ကမ္ဘာ့ပင်လယ်ရေပြင်အောက် မီတာ 427  (1,401 ပေ) နိမ့်နေပါတယ်။
Thursday, November 28, 2013
အံ့ဩစရာကောင်းလောက်အောင် အသိမြန်၊ အတတ်မြန်လွန်းသည့် ကလေးငယ်
ကလေးငယ်တစ်ယောက် အတတ်မြန်၊ အသိမြန်သည့်အခါ "လူဖြစ်မြန်လိုက်တာ"ဟု အများက ချီးကျူးကြသည်။
ဂျိုနသန်သော့ပ်ကမူ လူဖြစ်အမြန်တကာ့ အမြန်ဆုံး ကလေးငယ် တစ်ဦးအဖြစ် တင်စားနိုင်မည် ဖြစ်သည်။
ဂျိုနသန်သည် လူ့လောကထဲ ရောက်ချိန်ကိုပင် ခပ်မြန်မြန် အစပြုခဲ့သူ ဖြစ်သည်။ ဂျိုနသန်ကို
မွေးဖွားရာတွင် ချောမောလွယ်ကူလွန်းပြီး မွေးဖွားချိန် (၅)မိနစ်သာ ကြာခဲ့ကြောင်း ၎င်း၏မိခင်
ဟီသာသော့ပ်က ဆိုသည်။ ထို့နောက်တွင်လည်း ဂျိုနသန် အနေဖြင့် အရာရာ အတတ်မြန်၊ အသိမြန်စွာ
ကြီးပြင်းလာခဲ့သည်။ ဂျိုနသန်၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုသည် အခြားရွယ်တူ ကလေးငယ်များထက် သိသိသာသာရှေ့ပြေးနေကြောင်းလည်း သိရသည်။
မိသားစုနှင့် အပေါင်းအသင်းများက ဂျိုနသန်ကို ဆတ်ဆတ်ကြဲကလေးဟု နာမည်ပေးထားသည်။ ဂျိုနသန်သည်မွေးဖွားချိန် (၅)မိနစ်ဖြင့် ဘဝကို အစပြုခဲ့သည့်နောက် အသက်(၇)လသား အရွယ်တွင် လမ်းစလျှောက်သည်။
မျက်ခွံပေါ်မှ ထူးထူးခြားခြား မိတ်ကပ် ဆေးရေးပန်းချီ
ထူးချွန်သည့် ပန်းချီပညာရှင် တစ်ဦးအတွက် နေရာတိုင်းသည် ပိတ်ကားတစ်ချပ် ဖြစ်နိုင်ကြောင်း အစ္စရေး မိတ်ကပ်ပညာရှင် တစ်ဦးက လက်တွေ့ပြသလိုက်သည်။ Blogger တစ်ဦးလည်းဖြစ်သည့် တယ်လ်ပီလက်သည် ကိုယ်တိုင်ဖန်တီးထားသည့် မျက်ခွံအလှခြယ် ပုံရိပ်များကို အင်တာနက်တွင် လွှင့်တင်ပြသခဲ့ရာ လူအများ တအံ့တဩ ချီးကျူးခဲ့ရသည်။ သူမသည် မျက်ခွံနှင့် မျက်လုံးကြား နေရာများတွင် အလွန်ဆန်းကျယ်သည့် အနုစိတ် ပန်းချီပုံလေးများကို ဖက်ရှင်တစ်ခုအဖြစ် ခြယ်သ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့စံချိန်တင် မီးလုံးအရေအတွက်ဖြင့် အလှဆင်ထားသည့် နေအိမ်
ဩစတြေးလျမှ မိသားစု တစ်ခုသည် ခရစ္စမတ် ကာလအတွက် ရည်စူးကာ ကမ္ဘာ့စံချိန်တင် မီးလုံးအရေအတွက်ဖြင့် နေအိမ်ကို အလှဆင်ခဲ့ကြောင်း သိရှိရသည်။ ကန်ဘာရာရှိ ဒေးဗစ်ရစ်ချတ်တို့ မိသားစုသည် မီးလုံးပေါင်း (၅၀၂၁၆၅)လုံးကို အသုံးပြုကာ ခရစ္စမတ် ကာလအတွက် နေအိမ်အလှဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်အဖွဲ့၏ နေအိမ်ကို မီးလုံးအရေအတွက် အများဆုံး အလှဆင်နိုင်သည့် စံချိန်သစ်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ ဒေးဗစ်တို့ မိသားစုသည် (၂၀၁၁)ခုနှစ်က မီးလုံးပေါင်း (၃၃၁၀၃၈)လုံးဖြင့် အဆိုပါ ကမ္ဘာ့စံချိန်ကို စတင်ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မှ မိသားစုတစ်ခုက မီးလုံးအရေအတွက် (၃၄၆၂၈၃)လုံးဖြင့် ၎င်းတို့၏ စံချိန်ကို ကျော်ဖြတ်သွားသည်။
ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ
ဗုဒ္ဓ၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် အစောဆုံး အထောက်အထား တွေ့ရှိ
ဗုဒ္ဓမြတ်စွာဘုရား၏ သမိုင်းကြောင်းကို ယခုထက် ပိုမို၍ ထဲထဲဝင်ဝင် အထောက်အထား ရှာဖွေနိုင်မည့် သာသနိက အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို သုတေသီများက တူးဖော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ နီပေါနိုင်ငံ၊ လုမ္ဗဏီ ဥယျာဉ်အတွင်း၌ သစ်သားဖြင့် ဆောက်လုပ်ထားသည့် ဗိမာန်နေရာဟောင်း တစ်ခုကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံသည် သစ်ပင်တစ်ပင်ကို ကာကွယ်ဆောက်လုပ်ထားသည့် အခြေအနေဟု ယူဆရသည်။ ဗုဒ္ဓဝင် မှတ်တမ်းများအရ ဗုဒ္ဓ၏ မယ်တော်ဖြစ်သော မာယာဒေဝီသည် သစ်ကိုင်းတစ်ခက်ကို လက်ဖြင့်ဆွဲလျှက် ဗုဒ္ဓအလောင်းအလျာ မင်းသားကို ဖွားမြင်ခဲ့ကြောင်း သိရှိရသည်။ လုမ္ဗဏီရှိ မာယာဒေဝီ ဘုရားကျောင်း နေရာတွင် တူးဖော်တွေ့ရှိသည့် ယခုဗိမာန်ဟောင်းသည် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်နေဖွယ် ရှိကြောင်း ပညာရှင်များက ယုံကြည်နေသည်။
Sunday, November 24, 2013
အသားစား ပီရန်ညာငါးများ
အသာစား ပီရန်ညာငါး များရဲ့အကြောင်းကိုတော်တော်များများသိရှိကြပါတယ်။
ဒီငါးများဟာ ရက်စက်ကြမ်းကြုတ်ပြီး သေစေနိုင်လောက်အောင် အန္တရာယ်ရှိ
ကြပါတယ်။ဒါပေမယ့် ပီရန်ညာမျိုးနွယ်ဝင် ငါးမျိုးစိတ်တော်တော်များများဟာ
အခြားအရွယ်တူ ငါးတွေထက် ပိုပြီးအန္တရာယ်မပေးနိုင်လို့ကြောက်စရာ
မရှိပါဘူး။ဒါပေမယ့် တစ်ချို့သော ပီရန်ညာ ငါးမျိုးစိတ်အချို့ကတော့ အလွန်
ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်သတ်ဖြတ် တက်ကြပါတယ်။
တောင် ၊ မြောက်ဝင်ရိုးစွန်းမှ လှပသည့်အလင်းတန်းများ
ကျွန်တော်တို့ ကမ္ဘာကြီးမှာ လှပပြီးဆန်းပြားတဲ့ နေရာများ များစွာရှိကြပါတယ်။
ထိုအထဲမှ တောင် ၊ မြောက် ၀င်ရိုးစွန်းများတွင်ဖြစ်ပေါ်နေတဲ့ လှပတဲ့
ရောင်စုံဖြာ အလင်းတန်းများလည်း ပါဝင်နေပါတယ်။
သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဒီရောင်စုံဖြာ အလင်းတန်းများသည်
နေမှ ထွက်ပေါ်လာသော ဆိုလာဝင်း(Solar wind) များကြောင့် ဖြစ်
ပေါ်လာရခြင်းဖြစ်ပါသည်။ နေမှ မြန်နှုန်းမြင့် လျှပ်စစ်ဆောင်အမှုန်များ
တစ်စက္ကန့်လျှင် (၄၀၀) ကီလိုမီတာ နှုန်းဖြင့် အဘက်ဘက်သို့ အမြဲ
ဖြာထွက်နေတတ်ပါသည်။ ဒီအမှုန်များတွင် အီလက်ထရွန် နှင့် ပရိုတွန်
အမှုန်များ ဆတူခန့်ပါဝင်နေပါသည်။
Friday, November 22, 2013
ဆဋ္ဌမအာရုံဖြစ်ရပ်ဆန်းများ (၁ - ၇) စ-ဆုံး
အာရုံဖြစ်ရပ်ဆန်းများ ( ၁ )
ဆဌမအာရုံ | တစ်နည်းအားဖြင့် စိတ်စွမ်းအင်၏ အစွမ်းသတ္တိများသည် ဆန်းကြယ်လှပါသည်။
ဆဋ္ဌမအာရုံဖြင့် ပတ်သက်၍ ပထမဦးဆုံး သိပ္ပံနည်းကျစမ်းသပ်မှုကို မြောက်ကာရိုလိုင်းနား |
Duke University မှ ပါမောက္ခရိုင်း မှ စတင်စမ်းသပ်ခဲ့ပါသည်။ လူများစွာကို နှစ်လေးဆယ်ကြာ
စမ်းသပ်စစ်ဆေးခဲ့ပြီး နောက်ဆုံးကောက်ချက်ချ သုံးသပ်မှု ပြုခဲ့ပါသည်။
အခုဆက်လက်ပြီး စိတ်စွမ်းအင်နှင့်ပတ်သက်ပြီး ထင်ရှားတဲ့အဖြစ်များကို တင်ပြချင်ပါသည်။
ကမ္ဘာ့အကြီးကျယ်ဆုံးအဖြစ် မှတ်တမ်းဝင်သွားသည့် မင်္ဂလာပွဲ
သီရိလင်္ကာ နိုင်ငံတွင် ကျင်းပသော မင်္ဂလာဆောင်နှင်းမှု အခမ်းအနား တစ်ရပ်သည် ကမ္ဘာ့အကြီးဆုံး မင်္ဂလာပွဲအဖြစ် တရားဝင် စံချိန်တင်သွားပြီ ဖြစ်သည်။ နီဆန်ဆာလားနှင့် နာလင်းတို့သည် ယခင်က ထိုင်းနိုင်ငံမှ စုံတွဲတစ်တွဲ တင်ရှိထားသည့် သတို့သား သတို့သမီးအရန် (၉၆)ဦးပါရှိသည့် အကြီးမားဆုံး မင်္ဂလာပွဲ စံချိန်ကို သာသာယာယာပင် ရိုက်ချိုးပစ်ခဲ့သည်။ ယခုမင်္ဂလာပွဲတွင် သတို့သမီးအရန် (၁၂၆)ဦး၊ သတို့သားအရန် (၂၅)ဦး၊ ဂုဏ်ပြုကလေးငယ် (၂၀)နှင့် ပန်းကြဲသည့် ကလေးမလေး (၂၃)ဦးတို့ ပါဝင်ဆင်နွှဲခဲ့ပြီး ဂင်းနစ်မှတ်တမ်းအဖွဲ့က ကမ္ဘာ့အကြီးကျယ်ဆုံး မင်္ဂလာပွဲအဖြစ် အသိအမှတ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။
ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ
ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၇)
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများအကြောင်းကို
တင်ပြပေးလာတာတော်တော်လေးစုံသလောက်ရှိပါပြီ။ ဒီတစ်ပတ်လည်း
ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုတင်ပြပေးချင်ပါတယ်။
ထူးခြားတာက ဒီတစ်ခါဖြစ်ပျက်ခဲ့တဲ့နေရာသည် ဆေးဆရာဝန်များ၏ ခွဲစိတ်ခန်း
အတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။
ဆိုဗီယက် (ယခုရုရှ)ဆေးရုံတစ်ရုံတွင် လူနာအား ခွဲစိတ်ကုသပေးနေစဉ်
ထိုလူနာ၏ ၀မ်းဗိုက်အတွင်းမှ ရုတ်တရက်မီးတောက်များထွက်ပေါ်လာတဲ့
အဖြစ်ပါ။ ဗလာဒီမာကူရီယာကင် ဆိုသူသည် ဆီးအိတ်အတွင်းကျောက်တည်
သည့်ရောဂါခံစားနေရပါတယ်။ ဒါကြောင့်သူ့ကိုခွဲစိတ်ကုသရန်စီစဉ်ကြပါတယ်။
ခွဲစိတ်ပေးသည့် ဆရာဝန်များမှာ ဒေါက်တာမိခေးလ်ရှီဗက် နှင့် လီယိုဘရပ်နီကော့
တို့ဖြစ်ပါတယ်။
Monday, November 18, 2013
တောင်အမေရိက တွင် တွန်းလှည်းဆွဲကာ မိုင်ပေါင်း ၆၄၀၀ ပြေးသည့် စုံတွဲ
တောင် အမေရိက တွင် ကက်သရင်း နှင့် ဒေးဗစ်လိုရီတို့ ဗြိတိသျှ စုံတွဲ သည် ပေါင် ၂၂၀ အလေးချိန် ရှိသော တွန်းလှည်း နှစ်ခုကို အသီးသီး ဆွဲကာ ...
အနှစ် ၅၀၀၀ ကျော် သက်တမ်း ရှိ ရေခဲလူသား ၏ ခန္ဓာ ကိုယ်မှ ရှေးခေတ် ဆေးမင်ကြောင် လက်ရာများ တွေ့ရှိ
အီတလီ နိုင်ငံ မြောက်ပိုင်း တိုင်ရိုလ် မြို့ရှိ ရှေးဟောင်း သုတေသန ပြတိုက်တွင် ပြသထားသော အနှစ် ၅၀၀၀ ကျော် သက်တမ်းရှိ Otzi ရေခဲလူသား ၏ ခန္ဓာကိုယ် မှ ရှေးဟောင်း တက်တူး လက်ရာ .....
ထူးခြားပြီးပဟေဠိဆန်သော ဘရန်ကာရာအူးလတောင်တန်းဒေသနှင့်ဒရော့ပါကျောက်ပြားဝိုင်းများ
သူငယ်ချင်းတို့ကို ဒီတစ်ခါတင်ပြချင်တဲ့အကြောင်းအရာကတော့ တရုတ်နိုင်ငံနှင့်
တိဘတ်ပြည် နယ်တို့နယ်စပ်မျဉ်းပေါ်မှာတည်ရှိတဲ့ ဘရန်ကာရာအူးလ(Bayn Kara-         
Ula)ခေါ်တဲ့ တောင်တန်းဒေသ နဲ့ ဒရော့ပါကျောက်ပြားဝိုင်း တွေအကြောင်းဖြစ်ပါတယ်။
တိဘတ်ဒေသဆိုတာ လျှို့ဝှက်နက်နဲမှုတွေ ဘာသာတရားကိုင်းရှိုင်းမှုတွေနဲ့ ပြည့်နှက်
နေတဲ့ဒေသတစ်ခုပါ။ ဘရန်ကာရာအူးလ တောင်တန်းဒေသဟာ ဟိမ၀န္တာတောင်တန်း
နှင့်ဆက်စပ်နေပြီး လူသူအရောက်အပေါက်လည်း နည်းပါတယ်။
       ဘရန်ကာရာအူးလတောင်တန်းဒေသ
Wednesday, November 13, 2013
အမှတ်တမဲ့အလွဲများ(၃၇)
အလွဲပုံလေးတွေကိုတင်ပေးလာတာ အခုဆိုရင် အပိုင်း (၃၇)ကိုရောက်ါလာပါပြီ။
ဆက်လက်အားပေးကြပါအုံးနော်...
ကဲ...ခိုးရဲတဲ့သူခိုးစမ်း...
ဒီလောက်လိုလို့လားဗျာ...
ဟ...လှေကားထောင်ပြီးပဲ တက်သွားတာလား...
Monday, November 11, 2013
ဓားများ သာ ကိုင်ဆောင်လာကြပြီး သတို့ သမီး ခေါ်လာခွင့် မရှိသည့် သတို့သာ ၂၀၀၀ ကျော် ၏ ထူးထူးခြားခြား စုပေါင်း မင်္ဂလာပွဲ
ယီမင် နိုင်ငံ ဆာနာ မြို့၌ သတို့သား စုစုပေါင်း နှစ်ထောင် အတွက် စုပေါင်း မင်္ဂလာပွဲ ကျင်းပခဲ့ရာ သတို့သားများက ဓားရှည်များကို သာ
တောင်တက်လမ်းမှာ မင်္ဂလာ ပွဲ မှတ်တမ်း ရိုက်ကူးသည့် စုံတွဲ
တရုတ်နိုင်ငံ ကွမ်ရှီးဇောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ လီဇူးတွင် စုံတွဲ တစ်တွဲ သည် မင်္ဂလာ ပွဲ အမှတ်တရ ဓာတ်ပုံများကို တောင်တက်လမ်းပေါ်တွင် ...
သက်ဝင် လှုပ်ရှား​၍ ထွက်ပြေးနိုင်သော ပိုက်ဆံအိတ်
ပိုက်ဆံ အိတ်ပိုင်ရှင် သည် မလို အပ်ပဲ ပိုက်ဆံ အသုံးပြုတော့မည် ဆိုပါက သက်ဝင် လှုပ်ရှား၍ ထွက်ပြေး နိုင်သော ပိုက်ဆံ အိတ်ကို ဂျပန် ကုမ္ပဏီ တစ်ခု မှ တီထွင်ခဲ့ ကြောင်း ...
ဂွာတီ မာလာ နိုင်ငံ မှ ရိုးရာ တစ္ဆေပွဲတော် နေ့ တွင် လွှတ်တင်သော ဧရာမ စွန်ကြီးများ
ဂွာတီ မာလာ နိုင်ငံ တွင် နိုဝင်ဘာလ ၁ ရက်နေ့ က ကျရောက်သော တစ္ဆေ ပွဲတော် နေ့ အထိမ်းအမှတ် အတွက် ကောင်းကင်ယံ သို့ ဧရာမ စွန်ကြီးများ လွှတ်တင်ခဲ့ကြကြောင်း သိရသည် ။
ဝိညာဉ် ရှာဖွေသူက ၁၉၂၀ ခန့် ၌ ကျော်ကြားခဲ့သည့် ဟူဒီနီ ၏ ၀ိညာဉ် နှင့် တွေ့ဆုံ ခဲ့
တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှု တွင် သေဆုံးခဲ့သော ၀ိညာဉ်များ အပါအ၀င် ကမ္ဘာတလွှား ၌ မတော်တဆ မှုများ ဖြစ်ပွား ၍ သေဆုံးခဲ့သူ များ ၏ ၀ိညဉ်များကို ခေါ်ယူ မေးမြန်းမှုများ ....
အီသီယိုးပီးယား အမျိုးသားများသည် အ၀ဆုံး အဖြစ် သတ်မှတ်ခံရ၇န် နို့နှင့် သွေး ရောထားသော အရည်ကို ခြောက်လ တိုင်တိုင် သောက်သုံး
ကမ္ဘာ တစ်လွှားမှ လူများသည် ခန္ဓာကိုယ် တွင် အဆီပို မရှိမှ ကြည့်ကောင်းကာ ခံ့ညားသည် ဟု စွဲမှတ်ထားကြသော်လည်း အီသီယိုးပီးယား နိုင်ငံ အိုမို တောင်ကြား တွင် နေထိုင်သော ...
သမင် မျက်နှာဖုံးစွပ်ကို လေးနှစ်ခန့် အမြဲတမ်း ၀တ်ဆင်ထားသူ
တရုတ်နိုင်ငံ ချုံကင်း မြို့ မှ ပန်းချီ ဆရာ ဒီဇီုင်နာ လျိုဒန်သည် ၂၀၀၉ ခုနှစ်မှ စတင်၍ လေးနှစ်ခန့် သမင်မျက်နှာ ဖုံး စွပ်ကို အမြဲတမ်း ၀တ်ဆင်ခဲ့သည်
နှစ်ရက် အတွင်း ကမ္ဘာ့စံချိန် နှစ်ခု ချိုးနိုင်ခဲ့သူ
အောက်တိုဘာလ ၂၃ ရက် နေ့က ဒီမီထရီသည် ရွှေဖရုံသီး သဏ္ဍာန် ပြုလုပ်ထားသော လှေကို မီတာ ၁၀၀ လှော်ခတ်ပြကာ ကမ္ဘာ့စံချိန် တင်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း ....
Sunday, November 10, 2013
ကမ္ဘာတစ်လွှား ထူးထူးခြားခြားနယ်ခြားစည်းများ
အခု နေခရမ်းတင်ပြပေးမယ့် ပုံလေးတွေက အမြင်ထူးခြားတဲ့ နယ်ခြားစည်းများ
တည်ရှိရာ ဒေသတွေကိုပါ။ နိုင်ငံနယ်စပ်တွေကို ခြံစည်းရိုးကာတာတွေ မှတ်တိုင်
စိုက်ကြတာတွေက ရှိတက်ကြတာပါပဲ။ဒီလိုပုံ နယ်ခြားခြံစည်းရိုးမျိုးကတော့
တော်တော်များများတွေ့တက်ကြပါတယ်။ဥပမာ...တောင်၊မြောက်ကိုရီးယားနယ်ခြား
စသည်ဖြင့်ပေါ့။ဒီပုံကတော့..အီရက်နဲ့ ဆီးရီးယားနယ်ခြားပါ။
အခုတင်ပြမှာက ဒီလိုပုံစံမျိုးမဟုတ်ပဲ ထူးခြားတဲ့နယ်စပ်မျဉ်းတွေကိုပါ။
ဒါကတော့ အီတလီနှင့် ဆွတ်ဇာလန် နယ်ခြားမျဉ်းပါ။
မျဉ်းကိုကျော်လိုက်ရုံနဲ့ နိုင်ငံခြားရောက်ပါပြီ။
Thursday, October 31, 2013
ခြေရာကြီး ခေါ် သတ္တ၀ါ ဆန်း ကို သိပ္ပံ ပညာရှင် များ ခြေရာခံမိ
ကာလရှည်ကြာစွာ စူးစမ်း လေ့လာ သူများ အတွက် ပဟေဌိ တစ်ပုဒ်သဖွယ် ဖြစ်နေသော ခြေရာကြီး ခေါ် ဒဏ္ဏာရီလာ သတ္တ၀ါ ဆန်းကို အောက်စဖို့်ဒ် တက္ကသိုလ် မှ ပရော်ဖက်ဆာ ဘာယန်ဆိုင်ကီက ခြေရာ ခံနိုင်ခဲ့သည် ။
လူနာ တင်ယာဉ်ထဲ မင်္ဂလာပွဲ ကျင်းပခဲ့သည့် သတို့သာ မင်္ဂလာ ဆောင်ပြီး နှစ်ရက် အကြာ ၌ သေဆုံးသွားခဲ့
ဂျော်ဂျီယာ နိုင်ငံ မာရက်တာ မြို့မှ ရဲ အရာရှိ ဟောင်း တစ်ဦး ဖြစ်သူ မော့ဆက်ဝီလီယံသည် ၄င်း ၏ ချစ်သူ ရည်းစား အဖြစ် ခြောက်နှစ်ကျော် ကြာ လက်တွဲ ခဲ့သည့် ရုတယ်ရီ ဆိုသူ အမျိုးသမီး နှင့် အောက်တိုဘာ ၁၅ ရက်နေ့ ၌ ....
Tuesday, October 29, 2013
အင်တာနက် မရသော ကျောက်ခေတ် လူသားတို့ အချိန်ဖြုန်းနည်း
ယနေ့လူသားတွေလို အချိန်ဖြုန်းစရာ အင်တာနက်ဆိုတာ မပေါ် သေးခင် ကျောက်ခေတ်လူသား သူ့တို့ ခေတ်ခါက ဘယ်လို အချိန်ဖြုန်းသလဲဆိုတာကို Joyoftech.com မှ ရယ်စရာနှောပြီး ရေး သားဖော်ပြထား ပါတယ်။
၁။ တိမ် ကြည့်ငေးခြင်း
Related Posts Plugin for WordPress, Blogger...