Wednesday, August 28, 2013

ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ(၅)


ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ကိုဗဟုသုတ
အဖြစ်ရည်ရွယ်ပြီးတင်ပေးနေတာ အပိုင်းတော်တော်များနေပါပြီ။ ယုံကြည်ဖို့ခက်ပေမယ့်ထူးခြားပြီးအဖြေထုတ်ရခက်တဲ့ ဒီအကြောင်းတွေကို တင်နေစဉ်မှာပဲ အခုရက်ပိုင်းအတွင်းဖြစ်ပျက်တဲ့အကြောင်းအရာ တစ်ခု ထပ်ပေါ်လာပါတယ်။
သြဂုတ်လ ထုတ် နယူးယောက်တိုင်း ၊ နှင့် အခြား သတင်းစာများတွင် ပါရှိနေတဲ့အကြောင်းကို
တင်ပေးပါမည်။ ဖြစ်ခဲ့တဲ့ အဖြစ်ကတော့ သုံးလသား အရွယ်ကလေးငယ်မှာဖြစ်ခဲ့တာပါ။
ဖြစ်ခဲ့တာလည်း တစ်ကြိမ်းတည်းမဟုတ်ပဲ လေးကြိမ်အထိ ဖြစ်ခဲ့တာပါ။
အိန္ဒိယ နိုင်ငံတွင် ရာဟူး(Rahul )အမည်ရှိ ယခုသုံးလသားအရွယ်ကလေးငယ်သည်
ကိုးရက်သား အရွယ်မှ စကာ ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု
စတင်ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သည့်လအထိ နောက်ဆုံး မီးထတောက်မှုဖြစ်ပေါ်ခဲ့ကာ
စုစုပေါင်းလေးကြိမ်ရှိပါပြီ။
Related Posts Plugin for WordPress, Blogger...