ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ကိုဗဟုသုတ
အဖြစ်ရည်ရွယ်ပြီးတင်ပေးနေတာ အပိုင်းတော်တော်များနေပါပြီ။ ယုံကြည်ဖို့ခက်ပေမယ့်ထူးခြားပြီးအဖြေထုတ်ရခက်တဲ့ ဒီအကြောင်းတွေကို တင်နေစဉ်မှာပဲ အခုရက်ပိုင်းအတွင်းဖြစ်ပျက်တဲ့အကြောင်းအရာ တစ်ခု ထပ်ပေါ်လာပါတယ်။
သြဂုတ်လ ထုတ် နယူးယောက်တိုင်း ၊ နှင့် အခြား သတင်းစာများတွင် ပါရှိနေတဲ့အကြောင်းကို
တင်ပေးပါမည်။ ဖြစ်ခဲ့တဲ့ အဖြစ်ကတော့ သုံးလသား အရွယ်ကလေးငယ်မှာဖြစ်ခဲ့တာပါ။
ဖြစ်ခဲ့တာလည်း တစ်ကြိမ်းတည်းမဟုတ်ပဲ လေးကြိမ်အထိ ဖြစ်ခဲ့တာပါ။
အိန္ဒိယ နိုင်ငံတွင် ရာဟူး(Rahul )အမည်ရှိ ယခုသုံးလသားအရွယ်ကလေးငယ်သည်
ကိုးရက်သား အရွယ်မှ စကာ ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု
စတင်ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သည့်လအထိ နောက်ဆုံး မီးထတောက်မှုဖြစ်ပေါ်ခဲ့ကာ
စုစုပေါင်းလေးကြိမ်ရှိပါပြီ။
ထိုသို့မီးထတောက်မှုကြောင့် ရွာတွင် မီးလောင်မှုဖြစ်မှာစိုးရိမ်သဖြင့် ရွာမှထွက်ခွာခိုင်းခြင်း
ကိုခံခဲ့ရပြီး ရွာပြင် ဘုရားကျောင်းတွင် နေထိုင်ခဲ့ရပါသည်။ နောက်ဆုံးတော့ မိဘများက
စိုးရိမ်ကာ တမီနာဒူး ပြည်သူ့ဆေးရုံသို့တင် ခဲ့ရပါသည်။
ဆရာဝန်များက အသေအချာ စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီး ယုံကြည်ရန်ခက်သည်ဟု
ဆိုခဲ့ကြပါသည်။ ကလေး၏ ကိုယ် ခန္ဓာမှ မီးလောင်စေသော ဓာတ်ငွေ့များထွက်နေသလားဟု
စမ်းသပ်ခဲ့သော်လည်း ကလေး၏ အရေပြားမှာ သာမာန်ဟုသာ စမ်းသပ်ရရှိခဲ့ပါသည်။
Kilpauk Medical College Hospital မှ ပါမောက္ခဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်သုတေသန
ပြုခဲ့ပြီး မည်သူမျှ ဒီကလေး ခန္ဓာကိုယ်မှ မီးထတောက်မှုကိုတိကျစွာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဟု
ဆိုခဲ့ကြပါသည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီး နောက်ပိုင်းအခြေအနေများ
ကို ဆက်လက်စောင့်ကြည့် နေကြရပါတယ်။
ဒါနောက်ဆုံးရရှိတဲ့ အဖြစ်အပျက်ပါ။ ဒီအရင်က ၂၀၁၁ မှာဖြစ်ဖူးတယ်လို့နေခရမ်းအရင်ပိုစ့်တွေမှာ
ရေးပေးခဲ့ ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တွင် အိုင်ယာလန်အမျိုးသား အသက် ၇၆ နှစ်ရှိ
Michael Flaherty ဆိုသူသည်လည်း ဒီလိုမျိုး ဖြစ်ပြီးသေဆုံးခဲ့ဖူးပါတယ်။ အိုင်ယာလန်မှ သေမှု
သေခင်းစုံစမ်းသူများကလည်း လက်ခံအတည်ပြုထားကြပါတယ်။
အခုဒီအဖြစ်အပျက်မှာထူးခြားတာက ရက်သား လသားအရွယ်ကလေးငယ် ဖြစ်နေခြင်း
နှင့် တစ်ကြိမ်းတည်းမဟုတ်ပဲ လေးကြိမ်အထိ ဖြစ်ခဲ့ခြင်းတို့ပါ။
အသက်သေလောက်အောင် မဖြစ်ခဲ့တာကတော့ ကံကောင်းပါတယ်။ နောက်ပိုင်းအပိုင်းများတွင်လည်း
ထူးခြားအဖြစ်များကို ဆက်လက်တင်ပေး ပါအုံးမယ်နော်....
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ…… နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။