Wednesday, February 6, 2013

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး


ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။
Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။

အီတလီမှ တိုက်သစ်တော


အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။
စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဂဏန်း


မြန်မာအခေါ်အရ အုန်းသီး ဂဏန်းဖြစ်ပြီး အုန်းပင်၊ ထန်းပင်ပေါ် တက်လို့ အုန်းသီး၊ ထန်းသီးကို ခြွေချ၊ ညှပ်ချတတ်တဲ့ ဂဏန်းများ ဖြစ်ပါတယ်။
လက်နှစ်ဖက် ဆံ့တန်းလိုက်ရင် ၂ ပေ ခွဲလောက်ထိ ရှည်ထွက်ပါတယ်။ စုစု ပေါင်း အလေးချိန် ၉ ပေါင်လေးပြီး လက်မမှာ ပါတဲ့ အသွားဟာ အင်မတန် ထက်ပါတယ်။

Related Posts Plugin for WordPress, Blogger...