
မြန်မာအခေါ်အရ အုန်းသီး ဂဏန်းဖြစ်ပြီး အုန်းပင်၊ ထန်းပင်ပေါ် တက်လို့ အုန်းသီး၊ ထန်းသီးကို ခြွေချ၊ ညှပ်ချတတ်တဲ့ ဂဏန်းများ ဖြစ်ပါတယ်။
လက်နှစ်ဖက် ဆံ့တန်းလိုက်ရင် ၂ ပေ ခွဲလောက်ထိ ရှည်ထွက်ပါတယ်။ စုစု ပေါင်း အလေးချိန် ၉ ပေါင်လေးပြီး လက်မမှာ ပါတဲ့ အသွားဟာ အင်မတန် ထက်ပါတယ်။
သူ့ကို အုန်းသီး သူခိုးလို့လည်း နာမည်ပြောင် ပေး ထားပါသေးတယ်။ ကြည့်လိုက်ရင် ဂဏန်းလို့တောင် ထင်ချင်စရာ မရှိပါဘူး။ ပင့်ကူ အကြီးစား တစ်ကောင်လေ အလားတောင် အရောင်အသွေးနဲ့ အရှယ်အစား ကြောင့် ထင်ရပါတယ်။
နေထိုင်ကျက်စားတဲ့ ဒေသကတော့ အိန္ဒိယသမုဒ္ဒရာနဲ့ အနီးဝမ်းကျင်က နိုင်ငံများ၊ မက်ဂါဒက်စကား၊ သြစတီးလျ နိုင်ငံတို့ မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ Coconut Crab ကို ကမ္ဘာ့အကြီးဆုံး ဂဏန်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။