Wednesday, August 3, 2016

ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများ

ကျွန်တော်တို့ ကမ္ဘာမြေကြီးအပေါ်တွင် ပုံသဏ္ဍာန်ထူးခြားပြီး တည်ရှိနေသော
ကျောက်တုံး ကျောက်ဆိုင်များအကြောင်းကို (၁) မှ (၁၅) အထိ စုစည်းတင်ပြပေးချင်ပါသည်။
ယခုတင်ပြမည့်ကျောက်တုံးများသည် ကြည့်လိုက်လျှင် လဲပြိုတော့မတတ် ထင်ရ
သော်လည်း ဟန်ချက်ညီစွာ ရပ်တည်နေကြသဖြင့် မြင်သူတကာ အံ့သြဖွယ်
ဖြစ်ကြရပါသည်။ ထိုကျောက်တုံးများသည် အများအားဖြင့် မီးတောင်ပေါက်ကွဲခြင်း၊
ငလျှင်လှုပ်ခြင်း ၊ သဘာဝ လေ ၊ ရေ တို့၏တိုက်စားမှုများကြေင့် ဖြစ်တောင့်ဖြစ်ခဲ
ထိုကဲ့သို့ ဖြစ်တည်နေကြရခြင်းဖြစ်ပါသည်။ကြည့်လိုက်လျှင် လဲပြိုမလားဟု
ထင်ရသော်လည်း နှစ်သန်းပေါင်း များစွာ တည်ရှိနေခဲ့ကြပြီး ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများကို ကြည့်လိုက်ကြ
ပါအုံးနော်….
(၁) Idol Rock, Brimham Moor, North Yorkshire, UK
http://i.imgsafe.org/2234aa52fb.jpg
အောက်ခြေသေးသေးလေးအပေါ်တွင် ထုထည်ကြီးမားသော ကျောက်တုံးကြီး
တည်ရှိနေသော အရပ်သည် အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်၏ မြောက်ဖက်
Brimham Moor ဒေသ တွင်ဖြစ်ပါသည်။ ထိုဒေသသည် လွန်ခဲ့သောနှစ်သန်းပေါင်း
၄၀၀ လောက်က မြစ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ရေတိုက်စားခြင်းမျိုးကြောင့်
ထိုကဲ့သို့ ပုံစံထူးခြားသော ကျောက်တုံးပုံစံ ဖြစ်တည်ခဲ့ရခြင်းဟု ဆိုကြပါသည်။
အပေါ်ကျောက်တုံးကြီး၏ အလေးချိန်ကို တန် ၂၀ ခန့်ဟု ခန့်မှန်းတွက်ချက်ထားကြ
ပါသည်။

(၂) Balanced Rock Colorado
http://i.imgsafe.org/2234b6c15b.jpg
ဒီအသဲယားဖွယ်ကျောက်တုံးကြီးသည်လည်း ကော်လိုရာဒိုပြည်နယ်ရှိ
The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။
လမ်းမကြီး၏ ဘေးကပ်ရပ်တွင် ရှိနေပြီး အချိန်မရွေး ပြိုကျတော့မလား
ထင်ရပေမယ့် ခရီးသွားများအတွက် လာရောက်လည်ပတ်ကြည့်ရှု့စရာ
နေရာတစ်ခုဖြစ်ပါသည်။
ဒီကျောက်တုံးကြီးသည်လည်း နှစ်သန်းပေါင်းရာချီက ထိုဒေသ၏ ထုံးကျောက်
အလွှာကို ရေတိုက်စားခဲ့ခြင်းကြောင့် ဖြစ်တည်ခဲ့ရခြင်းဟု ဆိုပါသည်။

Related Posts Plugin for WordPress, Blogger...