ကျောက်တုံး ကျောက်ဆိုင်များအကြောင်းကို (၁) မှ (၁၅) အထိ စုစည်းတင်ပြပေးချင်ပါသည်။
ယခုတင်ပြမည့်ကျောက်တုံးများသည် ကြည့်လိုက်လျှင် လဲပြိုတော့မတတ် ထင်ရ
သော်လည်း ဟန်ချက်ညီစွာ ရပ်တည်နေကြသဖြင့် မြင်သူတကာ အံ့သြဖွယ်
ဖြစ်ကြရပါသည်။ ထိုကျောက်တုံးများသည် အများအားဖြင့် မီးတောင်ပေါက်ကွဲခြင်း၊
ငလျှင်လှုပ်ခြင်း ၊ သဘာဝ လေ ၊ ရေ တို့၏တိုက်စားမှုများကြေင့် ဖြစ်တောင့်ဖြစ်ခဲ
ထိုကဲ့သို့ ဖြစ်တည်နေကြရခြင်းဖြစ်ပါသည်။ကြည့်လိုက်လျှင် လဲပြိုမလားဟု
ထင်ရသော်လည်း နှစ်သန်းပေါင်း များစွာ တည်ရှိနေခဲ့ကြပြီး ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများကို ကြည့်လိုက်ကြ
ပါအုံးနော်….
(၁) Idol Rock, Brimham Moor, North Yorkshire, UK

အောက်ခြေသေးသေးလေးအပေါ်တွင် ထုထည်ကြီးမားသော ကျောက်တုံးကြီး
တည်ရှိနေသော အရပ်သည် အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်၏ မြောက်ဖက်
Brimham Moor ဒေသ တွင်ဖြစ်ပါသည်။ ထိုဒေသသည် လွန်ခဲ့သောနှစ်သန်းပေါင်း
၄၀၀ လောက်က မြစ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ရေတိုက်စားခြင်းမျိုးကြောင့်
ထိုကဲ့သို့ ပုံစံထူးခြားသော ကျောက်တုံးပုံစံ ဖြစ်တည်ခဲ့ရခြင်းဟု ဆိုကြပါသည်။
အပေါ်ကျောက်တုံးကြီး၏ အလေးချိန်ကို တန် ၂၀ ခန့်ဟု ခန့်မှန်းတွက်ချက်ထားကြ
ပါသည်။
(၂) Balanced Rock Colorado

ဒီအသဲယားဖွယ်ကျောက်တုံးကြီးသည်လည်း ကော်လိုရာဒိုပြည်နယ်ရှိ
The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။
လမ်းမကြီး၏ ဘေးကပ်ရပ်တွင် ရှိနေပြီး အချိန်မရွေး ပြိုကျတော့မလား
ထင်ရပေမယ့် ခရီးသွားများအတွက် လာရောက်လည်ပတ်ကြည့်ရှု့စရာ
နေရာတစ်ခုဖြစ်ပါသည်။
ဒီကျောက်တုံးကြီးသည်လည်း နှစ်သန်းပေါင်းရာချီက ထိုဒေသ၏ ထုံးကျောက်
အလွှာကို ရေတိုက်စားခဲ့ခြင်းကြောင့် ဖြစ်တည်ခဲ့ရခြင်းဟု ဆိုပါသည်။
(၃) Kjeragbolten, Norway

နော်ဝေနိုင်ငံ မှ ကမ္ဘာကျော် ကျောက်တုံးဖြစ်ပါသည်။
မြေပြင်ကနေ မီတာ တစ်ထောင်( ၃၂၈၀ပေခန့်) အမြင့်က ကျောက်ဆောင်ကြီး ၂ခုကြား ဟန်ချက်ညီညီ တည်ရှိနေတာ ဖြစ်ပါတယ်။
အကျယ်အ၀န်း ၅မီတာခန့် ရှိတဲ့ ကျောက်တုံးကြီးဟာ အောက်ကို ပြုတ်မကျဘဲ
တည်ရှိနေပြီး မကြောက်တတ်သူများအတွက် ကျောက်တုံးကြီးပေါ် တက်ပြီး
ဓာတ်ပုံအရိုက်ခံလေ့ရှိသော နေရာဖြစ်ပါသည်။
(၄) Devils Marbles, Australia

Australia နိုင်ငံရှိ နာမည်ကျော် ကျောက်တုံးညီနောင်ဖြစ်ပါသည်။ ကျောက်တုံးနှစ်တုံးသည်
အပြိုင်အဆိုင် လဲပြိုတော့မည် ထင်ရပါသည်။
(၅) Balancing Rock, Digby, Nova Scotia, Canada

ကနေဒါနိုင်ငံ Nova Scotia , Digbyက တံငါရွာလေးအနီးမှာ ရှိတဲ့ ဟန်ချက်ညီ ကျောက်တုံး
ရှည်ကြီးဖြစ်ပါသည်။ ၄င်း ကျောက်တုံး ဟာ ပင်လယ်ကမ်းစပ်က ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ တစ်ဝက်ခန့်သာ တင်နေပြီး အခြားတစ်ဖက်က လေထဲမှာရောက်နေတာကြောင့် ပြုတ်ကျတော့မည်ကဲ့သို့ အသည်းယားစဖွယ် ရှိနေတာ ဖြစ်ပါသည်။
ဒေါင်လိုက်ရပ်တည်နေပြီး နှစ်ပေါင်းများစွာ နေဒဏ်၊ရေဒဏ် ကိုခံပြီး ကြံ့ကြံ့ခံ
ရပ်တည်နေပုံမှာ ထူးခြားအံ့သြဖွယ်ကောင်းလှပါသည်။
(၆) Chiremba Balancing Rocks, Epworth, Zimbabwe

ဇင်ဘာဘွေနိုင်ငံရဲ့ ထိုကျောက်တုံးကြီးဟာလည်း သဘာဝရာသီဥတုတို့ဒဏ်ကြောင့်
ဖြစ်ပေါ်နေတဲ့ ဟန်ချက်ညီ ကျောက်တုံးကြီးဖြစ်ပါတယ်။ထိုကျောက်တုံးမျိုးကဲ့သို့
ဟန်ချက်ညီဖြစ်နေသော အခြားကျောက်တုံးများလည်း ထိုဒေသတစ်ဝိုက်တွင်
အနှံ့အပြားတည်ရှိနေပါသည်။

နိုင်ငံ၏ ပုံရိပ်အဖြစ်တည်ရှိနေသော ထိုဟန်ချက်ညီ
ကျောက်တုံးပုံစံကို ဇင်ဘာဘွေနိုင်ငံသုံး ငွေကြေးပေါ်တွင်ပင် ရိုက်နှိပ်သုံးစွဲပါသည်။
(၇) Balancing Rock Madan Mahal,india

အိန္ဒိယနိုင်ငံတွင် တည်ရှိသော အသဲယားဖွယ် ဟန်ချက်ညီ ရပ်တည်နေသော
ကျောက်တုံးကြီး ဖြစ်ပါသည်။
(၈) KRISHNA'S BUTTER BALL ,MAHABALIPURAM, INDIA

အိန္ဒိယနိုင်ငံတွင် ရှိပြီး အောက်ခြေမျက်နှာပြင် စောင်းနေသော နေရာတွင်
ထူးခြားစွာ တည်ရှိနေသော ကျောက်တုံးကြီးဖြစ်ပါသည်။ ၁၉၀၈ ခုနှစ်ခန့်က
ဗြိတိသျှ အာဏာပိုင်များက ထိုကျောက်တုံးကြီးသည် လူအများအတွက်
အန္တရာယ်များသည်ဟု သတ်မှတ်ပြီး နေရာရွေ့ပြောင်းဖို့ စီစဉ်ကြဖူးသည်
ဟု ဆိုပါသည်။ ဆင်ခုနှစ်ကောင်နှင့် ဆွဲတာတောင် မရဟုလည်း ဆိုကြပါသည်။
ယခုအချိန်အထိ အောက်ခြေမျက်နှာပြင် စောင်းစောင်းအပေါ်တွင်
ထူးခြားစွာ ဟန်ချက်ညီ တည်ရှိနေပါသည်။
(၉) GOLDEN ROCK PAGODA , MYANMAR

မြန်မာနိုင်ငံ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့တွင် တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ
ကိုလည်း Golden Rock Pagoda ဟု အမည်ပေးထားပြီး ကမ္ဘာ့ထူးဆန်းသော ဟန်ချက်ညီ
ကျောက်တုံးကြီးအဖြစ် မှတ်တမ်းတင်ထားကြပါသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်တည်ရှိရာနေရာသည် မြင့်မားလှသော တောင်စောင်းပေါ်၌
အောက်ခြေထိစပ်မှု အနည်းငယ်သာရှိပြီး ထူးထူးခြားခြား တည်ရှိနေခြင်းဖြစ်ပါသည်။
ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်နေသလို ထင်ရလောက်အောင် တည်ရှိနေခြင်းဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်မြတ်ကိန်းဝတ်ရာ စေတီအဖြစ် နှစ်ပေါင်းများစွာ
ဗုဒ္ဓဘာသာဝင်အများ၏ သွားရောက်ဖူးမျှော်စရာ စေတီတစ်ဆူဖြစ်ပါသည်။
(ကျိုက်ထီးရိုးစေတီတော်မြတ် သမိုင်းနှင့် ပတ်သတ်သော အကြောင်းအရာများကို
နေခရမ်း Page တွင် ယခင်က တင်ပေးဖူးပါသည်။)
မြန်မာပြည်တွင် ကျိုက်ထီးရိုးစေတီတော်ကဲ့သို့ အံ့သြဖွယ်ကောင်လှသော
ဟန်ချက်ညီကျောက်တုံးတော်ပေါ်တွင် တည်ထားသော စေတီများရှိပါသေးသည်။
ကမ္ဘာ့မှတ်တမ်းများတွင်တော့ အထင်ရှားဆုံးနှင့် နာမည်အကျော်ကြားဆုံး
ဖြစ်သော ကျိုက်ထီးရိုးစေတီကိုသာ Golden Rock Pagoda ဟု မှတ်တမ်းတင်ထားပါသည်။
(၁၀) El Torcal de Antequera, Andalucia, Spain

စပိန်နိုင်ငံတွင် တည်ရှိသော အထပ်ထပ်ဖြစ်နေသော ကျောက်တုံးများပါ။
ထိုဒေသတွင် ထိုကဲ့သို့ အထပ်ထပ်ဖြစ်နေသော အခြားကျောက်တုံးများလည်း
များစွာရှိပါသည်။
(၁၁) Mushroom Rocks, Kansas, USA

အမေရိကန်နိုင်ငံ ကင်းဆပ်ပြည်နယ်တွင်ရှိသော မှိုပွင့် ကျောက်ဆောင်ကြီးဟာလည်း ကွင်းပြင်ကြီးအလယ်မှာ ထီးထီးကြီး တည်ရှိနေတာ ဖြစ်ပါတယ်။
(၁၂) Chiricahua National Monument, Arizona, USA,

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ရှိသော ထိုကျောက်တုံးရှည်ကြီး
သည်လည်း အသဲယားဖွယ်ကောင်းလှအောင် တည်ရှိနေခြင်းဖြစ်ပါသည်။
(၁၃) Big Bend National Park, Texas, USA,

ဒီကျောက်တုံးတွေကလည်း တစ်မူထူးခြာတာပါပဲနော်။
(၁၄) Peyro Clavado, Sidobre, France

ပြင်သစ်နိုင်ငံတွင် တည်ရှိပြီး ဒေသအခေါ်ကတော့ လက်သည်းကျောက်တုံးကြီး
ဟု ခေါ်ကြပါသည်။ထို ၄င်းကျောက်တုံးကြီးဟာလည်း အလွန်သေးငယ်တဲ့ အောက်ခံ
ကျောက်တုံးငယ်လေးပေါ်မှာ ထူးထူးဆန်းဆန်း ရပ်တည်နေတာ ဖြစ်ပါတယ်။
တန်ချိန်ပေါင်း ၇၈၀တန် ရှိပြီး ဂရင်းနိုက် ကျောက်အမျိုးအစားဖြစ်တဲ့ ၄င်း ကျောက်တုံးရဲ့
သက်တမ်းဟာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာရှိပြီလို့ သိရပါတယ်။
(၁၅) Mexican Hat Rock, Utah, USA

ရုတ်တရက်ကြည့်ရင် မက္ကဆီကန် ဦးထုပ်နဲ့ ဆင်ဆင်တူတာမို့ Mexican Hat လို့ အမည်ပေးထားတဲ့ ၄င်း ကျောက်တောင်ဟာ ယူတားပြည်နယ်က Monument Velly မှာ တည်ရှိတာဖြစ်ပါတယ်။ အကျယ် ၆၀ပေခန့်ရှိပြီး ၁၂ပေခန့်ထူထဲတဲ့ အနီရောင်ကျောက်ဆောင်ကြီးဟာလည်း ကမ္ဘာပေါ်က ဟန်ချက်ညီ ကျောက်ဆောင်များ အုပ်စုမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သို့သော်လည်း ပညာရှင်များ ခန့်မှန်းကြတာက ၄င်းကျောက်တုံးကြီးဟာ အနှေးနဲ့ အမြန်ဆိုသလိုဘဲ သိပ်မကြာခင်မှာ ပြိုကျပျက်စီးနိုင်တယ်လို့ ပြောဆိုကြပါတယ်။
ကမ္ဘာပေါ်တွင် ထိုကဲ့သို့ထူးခြားစွာဖြစ်တည်နေသော ဟန်ချက်ညီကျောက်တုံးများ
များစွာ ကျန်ရှိနေပါသေးသည်။ ဗဟုသုတဖြစ်ဖွယ်အဖြစ် အကျော်ကြားဆုံး
ကျောက်တုံးကြီးများကို စုစည်းတင်ပြလိုက်ပါသည်။ အချက်အလက်များကို
mentalfloss နှင့် amusingplanet Website တို့မှ အဓိက ရယူထားပြီး wiki မှ အချက်အလက်များကို
ဖြည့်စွတ်တင်ပြ ပေးထားပါသည်။ အမှားအယွင်းပါလျှင် ခွင့်လွှတ်ပေးကြပါခင်ဗျာ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။