Sunday, December 30, 2018

ထူးခြားဆန်းသစ်သော ကြော်ငြာပုံစံဆန်းများ (၃)

အမြင်တစ်မျိုးဆန်းသစ်ပြီး ၊ ထိရောက်ကောင်းမွန်တဲ့ ကြော်ငြာပုံစံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ…

တစ်နှစ် လေးနာရီလောက်သာ ရေပေါ်ပေါ်သည့် ပင်လယ်ဖြတ်ကူး လမ်းကလေး

တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ပြင်တွင် ကျွန်းတစ်ကျွန်းမှ တစ်ကျွန်းသို့ ဖြတ်သန်းသွားနိုင်တဲ့ ထူးထူးခြားခြား ရေပေါ်ပေါ်လာတတ်သည့် လမ်းကလေးအကြောင်း တင်ပြပေးပါမယ်။ ထိုလမ်းကလေးဟာ ပင်လယ်ပြင်အတွင်း တည်ရှိနေပြီး တစ်နှစ်မှ အများဆုံးလေးရက်လောက်သာ ၊ တစ်ရက်လျှင်လည်း တစ်နာရီခန့်သာ ဒီရေအကျတွင် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျွန်းနှစ်ကျွန်းကို ကူးသန်းသွားနိုင်တဲ့ ရေပေါ်လမ်းကလေးနှင့် ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ် ဒဏ္ဍာရီပုံပြင်လေးကလည်း တည်ရှိနေပါသေးတယ်။

ဒီပင်လယ်ထဲမှ သဘာဝလမ်းကလေးကို မိုးဇက်ရဲ့ အံ့သြဖွယ် လမ်းလေးအဖြစ် တင်စားကြပါတယ်။ ယခုလမ်းလေးသည် တောင်ကိုရီးယားနိုင်ငံ ကျွန်းဆွယ်၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း ဂျင်ဒိုကျွန်း နှင့် မိုဒိုကျွန်းအကြား တည်ရှိနေခြင်း ဖြစ်ပါတယ်။ ဂျင်ဒိုကျွန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက် အကြီးဆုံးကျွန်းကြီးဖြစ်ပါတယ်။ ထိုဂျင်ဒိုကျွန်းမှ မိုဒိုကျွန်းကလေးသို့ ဒီရေကျချိန် နှစ်စဉ် တစ်နှစ်လျှင် အများဆုံး လေးရက်လောက် လူအများ ဖြတ်သန်းနိုင်တဲ့ သဘာဝလမ်းကလေး ပေါ်ထွက်လာတတ်ပါတယ်။ တစ်ရက်လျှင် တစ်နာရီခန့်သာ ကြာမြင့်ပါတယ်။ ထိုအချိန်မျိုးတွင် လာရောက်လည်ပတ်ကြသူ ထောင်ပေါင်းများစွာသည် ထိုပင်လယ်အတွင်းမှ လမ်းကလေးအတိုင်း တစ်ကျွန်းမှ တစ်ကျွန်းသို့ ပျော်ပျော်ပါးပါး ကူးဖြတ်ကြပါတယ်။

ထိုသဘာဝလမ်းကလေးဟာ အရှည်အားဖြင့် ၂.၉ ကီလိုမီတာ ( ၁.၇ မိုင်ကျော်) နဲ့ အကျယ် ၄၀ မီတာ (၁၃၁ ပေ ခန့် ) ရှိပါတယ်။ ထိုသဘာဝ ဖြစ်ရပ်ဆန်း လမ်းကလေးကို ယခင်က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများ မသိကြပါ။ ၁၉၇၅ ခုနှစ်တွင် ပြင်သစ်သံတမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး နောက်ထိုအကြောင်းကို ပြင်သစ်သတင်းစာမှာ ရေးသားခဲ့သဖြင့် ကမ္ဘာကျော် လမ်းကလေးအဖြစ် ကျော်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးပေါ်မှ ထူးထူးဆန်းဆန်းဆားဟော်တယ်

ဒီတစ်ခါတော့ ဘိုလီဗီးယားနိုင်ငံ က ဆားဟော်တယ်ကိုတင်ဆက်ပေးပါ့မယ်။ စပိန်လို Palacio de Sal လို့ခေါ်ကြပြီး ဆားနန်းတော် လို့ အဓိပ္ပါယ်ရသည့် ထိုအဆောက်အဦမှာ ဆားတုံးဆားခဲများဖြင့် တည်ဆောက်ထားသော အပန်းဖြေတည်းခိုစရာ ဟော်တယ် တစ်ခုပါ။

ထို ဆားဟော်တယ်သည် ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီး ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသည် ဘိုလီဗီးယား နိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး La Paz မြို့၏ တောင်ဘက် 350 km(220 mi) အကွာတွင်တည်ရှိပြီး Salar de Uyuni ဟုအမည်ရပါသည်။

ထိုကမ္ဘာ့အကြီးဆုံးဆားပြင်ကြီးသို့ စိတ်ဝင်တစားလာရောက်လည်ပတ်ကြသော ခရီးသွားများသည် အနားယူအပန်းဖြေစရာ နေရာကောင်းတစ်ခုကို အလိုရှိခဲ့ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများအတွက် အပန်းဖြေစရာ ၊ တည်းခိုစရာနေရာတစ်ခုတည်ဆောက်ရန် စီစဉ်ခဲ့ကြပါသည်။ ထိုအပန်းဖြေဟော်တယ်ကိုလည်း ထိုဒေသ၏ သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် ဆားတုံးဆားခဲများကိုအခြေခံ တည်ဆောက်ရန် စိတ်ကူးပုံဖော်ခဲ့ကြပါသည်။

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၉)


Saturday, December 29, 2018

ဂျာမနီမှ ကမ္ဘာအကြီးကျယ်ဆုံး ဘီယာပွဲတော်

ကမ္ဘာ့အကျော်ကြားဆုံး ပွဲတော်များနှင့် လူအများဆုံးလာရောက်တတ်သည့် ပွဲတော်အဖြစ် သတ်မှတ်ထားကြသည့် ပွဲတော်တစ်ခုမှ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ဘီယာပွဲတော်ပင် ဖြစ်ပါသည်။ ထိုပွဲတော်ကို တစ်ကမ္ဘာလုံးမှ ဘီယာ နှင့် ခရီးသွားပွဲတော်အဖြစ် သိရှိထားကြပြီး ပွဲတော်၏ အမည်မှာ Oktoberfest ဟုခေါ်ပါသည်။

ဘီယာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လလယ်လောက်မှ အောက်တိုဘာ လဆန်းလောက်အထိ ၁၆ ရက်မှ ၁၈ ရက်အထိ ရက်ရှည်ကျင်းပသည့် ပွဲတော်ကြီး ဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာအနှံ့မှ လူပေါင်း ၆ သန်းကျော်တက်ရောက်ပြီး ပျော်ရွှင်စွာဆင်နွဲလေ့ ရှိကြပါသည်။

ဘီယာပွဲတော်ဆိုပေမယ့် ဘီယာသောက်ယုံ သက်သက်မဟုတ်ပါဘူး။ ထိုပျော်တော်အတွင်း ပျော်ရွှင်စရာ အစီအစဉ်များ အမြောက်အများ ပါဝင်ပြီး စီတန်းလမ်းလျောက်သရုပ်ဖော်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ ၊  ဂီတပွဲများ စသည်ဖြင့် ရက်ရှည်ကျင်းပကြပါသည်။ ဘီယာချစ်သူများအနေဖြင့် ထိုပွဲတော်တွင် ဘီယာအမျိုးအစားစုံလင်စွာ သောက်သုံးနိုင်မည် ဖြစ်သလို ရိုးရားဝတ်စုံများနှင့် လှပျိုဖြူများကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

Friday, December 28, 2018

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၄)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

ခေတ်မီတယ်ကွာ...

အင်ဂျင်နီယာ ဆွဲထားတဲ့အတိုင်း ဆောက်လိုက်တာပဲလေ...

Thursday, December 27, 2018

ထူးခြားလှပ Body Art ပန်းချီများ (၁၂)

ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ Body Art အနုပညာရှင် Vilija ရဲ့ ကိုယ်ပျောက်ပုံစံ ရေးဆွဲထားမှုများ ဖြစ်ပါတယ်။ သဘာဝ တောတောင်ရေမြေများနဲ့ တွဲဖက်ဖန်တီးထားမှုများက အံ့သြချီးကျူးစရာပါ။ 

Wednesday, December 26, 2018

သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၅)

သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။

Sunday, December 23, 2018

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၈)

Victor Nunes ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

Thursday, December 20, 2018

သားတို့ တော်တော် ဆင်းရဲတယ်

ကျွန်တော်တို့ကို အကာအကွယ်ပေးမယ့် အိမ်နံရံ ကောင်းကောင်းတွေ
ရှိတယ်။ သူတို့မှာ သူငယ်ချင်းတွေ ရှိကြတယ်။
ကျွန်တော်တို့မှာ တီဗွီ ရှိတယ်။ သူတို့ကျတော့ သူတို့မိသားစုအတွက်
အချိန်ပေးကြတယ်။

၂၁ ဦးမြောက်ရင်သွေးကိုမွေးဖွားခဲ့ပြန်တဲ့ ဗြိတိန်က ဧရာမမိသားစုကြီး


ဒီမိသားစုက ဗြိတိန်ရဲ့ အကြီးဆုံးသော ဧရာမမိသားစုကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၂၁ ဦးမြောက် မိသားစုဝင် ရင်သွေးရတနာလေးကို ထပ်မံမွေးဖွားခဲ့ပြန်ပါပြီ။ မိသားစုက ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပြီး အံ့အားသင့်စရာ လင်မယားနှစ်ဦးကတော့ အသက် ၄၇ နှစ်အရွယ် ဖခင်နိုဝယ်လ်ရက်ဖို့ (Noel Radford) နဲ့ အသက် ၄၃ နှစ်အရွယ် မိခင် ဆူးရက်ဖို့ (Sue Radford) တို့ပဲဖြစ်ပါတယ်။
ကလေးလေးဟာ ၈ ပေါင် ၄ အောင်စ နဲ့ လုံးလုံးကစ်ကစ်လေးဖြစ်ပြီး နာမည်ကတော့ ဘွန်နီ (Bonnie) လို့ခေါ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် အင်္ဂါနေ့က တော်ဝင်လန်ကတ်ရှိုင်းယား ဆေးရုံမှာ ဆူးဟာ ဘွန်နီလေးကို အခက်အခဲမရှိ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်၊ ပေါင်အပြည့်နဲ့ မချူမချာမွေးဖွားလာခဲ့တဲ့ ဘွန်နီလေးကို ချစ်စဖွယ်မြင်တွေ့ကြရမှာပါ။ ဒီဆေးရုံမှာတင်ပဲ သူတို့မိသားစုရဲ့ ကလေး ၁၄ ယောက်ကို လာရောက်မီးဖွားခဲ့တာဖြစ်လို့ သူတို့စုံတွဲဟာ ဆေးရုံရဲ့မိသားစုဝင်တွေလိုတောင် ဖြစ်နေပါပြီ။ အသည်းယားစရာ ဘွန်နီလေးကို တစ်မိသားစုလုံးက ချီပွေ့ဖို့မစောင့်နိုင်အောင်ဖြစ်နေကြပြီး ဘွန်နီလေး အိမ်ရောက်လာချိန်မှာတော့ တန်းစီပြီး ချီပွေ့နှုတ်ဆက်ကြပါတော့တယ်။

WhatsApp မှ ပျံ့နှံ့နေသည့် မကောင်းဆိုးဝါးဝိညာဉ်ကြောင့် ကိုလံဘီယာတွင် ညမထွက်ရအမိန့် ထုတ်


နာမည်ကျော် WhatsApp ကနေတစ်ဆင့် မကောင်းတဲ့ စိတ်ဝိညာဉ်တွေ ပျံ့နှံ့နေတယ်လို့ သံသယရှိတာကြောင့် မက္ကဆီကိုမြို့တမြို့မှာ လူငယ်တွေကို ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီလို ထူးထူးဆန်းဆန်းဖြစ်ရပ်ဟာ နိုင်ငံရဲ့မြောက်ပိုင်း ပါရာဂျီတိုမြို့မှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အောက် လူငယ်တွေဟာ ညနေ ၇ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်ကိုသွားခြင်း၊ စုဝေးခြင်းတို့ကို မလုပ်နိုင်တော့ပါဘူး။
ဒီဖြစ်ရပ်တွေဟာ အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တာပါ။ ပါရာဂျီတိုမြို့ဟာ ကတ်သလစ်ဘာ သာဝင်တွေစုဝေးနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီးတော့ သီတင်းပတ်တခု အတွင်းမှာတင် အနည်းဆုံး လူငယ် ၁၇ ဦးလောက်က တံတားပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်တာ၊ တဆတ်ဆတ်တုန်နေတာ၊ သတိလစ်တာနဲ့ အသံတွေပြောင်းလဲသွားတာ စတဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေ ဖြစ်ပေါ် လာခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးခွေး


စတုတ္ထမြောက် ဂန်သာ Gunther IV လို့ အမည်ရတဲ့ ဂျာမန်ခွေးတစ်ကောင်ဟာ ကမ္ဘာ့အချမ်းသာဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူဟာ ဖခင်ဖြစ်သူ တတိယမြောက်ဂန်သာထံက အမေရိကန် ဒေါ်လာသန်း ၈၀ အမွေဆက်ခံ ရရှိထားတာဖြစ်ပါတယ်။ သူ့ဖခင် ခွေးကြီးဂန်သာကို ပိုင်ရှင်ဖြစ်သူ ဂျာမန်မြို့စားကြီး ကာလော့တာလီဘန်စတိန်းက ငွေသန်းပေါင်းများစွာ အမွေပေးခဲ့တာဖြစ်ပါတယ်။ ဖခင်ခွေးကြီးက သူအမွေရထားတဲ့ငွေတွေကို ထားခဲ့တာမို့ သားဖြစ်သူ စတုတ္ထမြောက် ဂန်သာက ငွေတွေကို လက်ခံရရှိတာ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူတို့က အဆိုပါငွေများကို ရင်းနှီးမြှုပ်နှံထားရာမှ ငွေတွေပွားများပြီး ယခုအခါ ဂန်သာဟာ အမေရိကန်ဒေါ်လာသန်း ၄၀ဝ လောက် တန်နေပါသတဲ့။ သူဟာ ကမ္ဘာအနှံ့ အိမ်ကြီးတွေပိုင်ဆိုင်ပြီး တန်ဖိုးကြီး ငါးဥဆားနယ်ကို နေ့တိုင်းစားကာ အနားမှာ ပြုစုစောင့်ရှောက်သူတစ်ဦး အမြဲရှိပါတယ်။
Cedit: The Voicemyanmar news journal

ကမ္ဘာ့ အကြီးဆုံး ဖရဲသီး


ကမ္ဘာ့ အကြီးဆုံး ဖရဲသီးကြီးကို စိုက်ပျိုးခဲ့သူကတော့ အမေရိကန်နိုင်ငံ၊ Tennessee ပြညနယ်၊ Sevierville မှ Chris Kent ဖြစ်ပါသည်။ သူသည်ယခုဖရဲသီးကြီးကို ၂၀၁၃ ခုနှစ်တွင် Ohio ပြည်နယ်၊ Hamilton တွင် ကျင်းပခဲ့သည့် Operation Pumpkin Festival ပွဲတော်၌ ပြသခဲ့ပြီး ဂင်းနစ်ကမ္ဘာ့ မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ထိုဖရဲသီးကြီးသည် အလေးချိန်အားဖြင့် 159 kg (350.5 pounds) အထိရှိပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

ပင့်ကူပုံစံ ကမ္ဘာ့အကြီးမားဆုံး လူစီးစက်ရုပ်


ဗြိတိန်နိုင်ငံသားအင်ဂျင်နီယာတစ်ဦးဖြစ်သူ မတ်ဒန်တန်ရဲ့ ခြေထောက် ခြောက်ချောင်းပါတဲ့ ပင့်ကူပုံစံလူစီးစက်ရုပ်ကို ဂင်း နစ်ကမ္ဘာ့စံချိန်စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။ ၉ ပေ ၂ လက်မ_ ၁၆ ပေ ၄လက်မအတိုင်းအတာရှိတဲ့ ပင့်ကူပုံစံစက်ရုပ်ကြီးဖြစ်ပြီး အလေးချိန်အားဖြင့် ၂ တန်ရှိတယ်လို့သိရပါတယ်။ ငယ်ငယ် တုန်းက လီဂိုတုံးဆက်တဲ့ကစားနည်းတွေကို နှစ်ခြိုက်ခဲ့သူဖြစ်ပြီး ကလေးဘ၀ကတည်းက ကစားနည်းကနေ ဒီစက်ရုပ်ကြီးကို တီ ထွင်ကြံဆစေနိုင်တဲ့အထိ စိတ်ကူးဉာဏ်တွေကွန့်မြူးစေခဲ့တာ လို့ မတ်ဒန်တန်က ဆိုပါတယ်။ အရွယ်အစားပိုသေးငယ်တဲ့ ဒီပင့် ကူပုံစံစက်ရုပ်အသေး အခု ၂၀ ကို စတင်ပြုလုပ်ဖြစ်ခဲ့ပြီး အွန် လိုင်းမှာ မျှဝေခဲ့ရာမှာ စိတ်ဝင်စားမှုများပြားခဲ့တာကြောင့် ပုံစံတူ ဧရာမစက်ရုပ်ကြီးအဖြစ်ပြုလုပ်ဖို့ ရန်ပုံငွေကူညီမှုတွေလည်း ရ လာခဲ့တယ်လို့ မတ်ဒန်တန်က ဆိုပါတယ်။ Mantis လို့ အမည် ပေးထားတဲ့ ဒီစက်ရုပ်က ကမ္ဘာ့အကြီးမားဆုံးခြေထောက် ခြောက် ချောင်းပါ လူစီးစက်ရုပ်ကြီးအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး Star War: The Force Awakens ရုပ်ရှင်မှာလည်း အလုပ်လုပ်ဖို့ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
(GWR, 15.9.18) သံသာ
မူရင်း။    ။Pyimyanmar Journal

မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုအကြောင်း


ကိုလံဘီယာခေတ် မတိုင်ခင် အမေရိကားမှာ အပြည့်စုံဆုံး စာအရေးသားကို တီထွင်ခဲ့ပြီး ဗိသုကာ၊ အနုပညာ၊ သချာင်္နဲ့ နက္ခတ်ဗေဒပညာတို့မှာ ထင်ရှားကျော်ကြားခဲ့တဲ့ မာယာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကမ္ဘာကြီးဟာ ဘီစီ ၃၁၁၄ ခန့်ကတည်းက စတင်ဖြစ်တည်ခဲ့တာလို့ မာယာလူမျိုးတွေက ယုံကြည်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြက္ခဒိန်ကလည်း အဲဒီအချိန်မှာပဲ စတင်ခဲ့ပါတယ်။

(၂) လူအများစုဟာ မာယာလူမျိုးတွေ ပျောက်ကွယ်သွားကြပြီလို့ ထင်မှတ်နေကြပေမယ့် အမေရိကတိုက်အတွင်းမှာ အခုထက်တိုင် သားစဉ်မြေးဆက်အလိုက် နေထိုင်နေကြဆဲ ဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။

(၃) ခန္ဓာကိုယ်မှာ တက်တူးထိုး အလှဆင်တာဟာ မာယာလူမျိုးတွေ လက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စိတ်ခံစားမှုအလိုက် ပုံဖော်ဆင်မြန်းခဲ့ကြတာ ဖြစ်ပါတယ်။

လာရောက်စားသုံးသူတိုင်းကို စာအုပ်တစ်အုပ်စီ လက်ဆောင်ပေးသည့် စားသောက်ဆိုင်


အမေရိကန်ပြည်ထောင်စု မက်ဆာ ချူးဆက်ပြည်နယ်နှင့် ကွန်နက်တီကက်ပြည်နယ်ဆိုသည့် ပြည်နယ်နှစ်ခုကြား တွင် ထူးခြားသည့်စားသောက်ဆိုင်ရှိ သည်။ Food and Books ဟူသော ဆိုင်း ဘုတ်ထောင်ထားသော ယင်းဆိုင်လေး တွင် ထူးခြားသည်မှာ စာအုပ်ပေါင်းမြောက် မြားစွာ ရှိနေခြင်းဖြစ်ပြီး တစ်ပတ်လျှင် စာ အုပ်ပေါင်း ၁၀၀၀ မှ ၂၀၀၀ ကို လက် ဆောင်ပေးနေခြင်းပင်ဖြစ်သည်။ ယင်း ဆိုင်နံရံ လေးဖက်လေးတန်တွင် စာအုပ် များက နေရာအပြည့်ယူထားသည်။ စာ အုပ်မှာ ကလေးဖတ်၊ လူကြီးဖတ် အမျိုး အစား စုံလင်လှသည်။ မူလပိုင်ရှင်ဖြစ်သူ မှာ စာဖတ်ဝါသနာအလွန်ကြီးသူဖြစ်သည်။ ထို့ကြောင့် ၁၉၈၀ ပြည့်လွန်နှစ် နှစ်လယ် ပိုင်းတွင် ဆိုင်စထောင်သည့်အခါ ၎င်းက အိမ်ရှိ စာအုပ်ပုံကြီး စာအုပ်လျော့လာစေ ရန်ဟုဆိုကာ ဆိုင်သို့ စာအုပ်များ ယူလာ သည်။ ယခုအခါ စားသုံးသူများသည် စား သောက်ပြီးပြီဆိုသည်နှင့် စာအုပ်စင်များ နားသွားပြီး မိမိကြိုက်ရာစာအုပ်ကိုရွေးပြီး ယူကြတော့သည်။ ၁၉၉၃ ခုနှစ်တွင် ဆိုင် ရှင်ပြောင်းသွားသည့်အခါ ဒေသခံ စာ ကြည့်တိုက်များနှင့် စာအုပ်အလှူရှင် များက အဆိုပါဆိုင်အတွက် စာအုပ်များ လှူဒါန်းကြသည်။ ယခုအခါ လူတစ်ဦး လျှင် စာအုပ်သုံးအုပ်အထိယူသွားနိုင်ပြီ ဖြစ်သည်။
(AO, 15.9.18) ချယ်ရီ
Credit:PYIMYANMAR JOURNAL

ဝီစကီတစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၁.၁ သန်းဖြင့် စံချိန်တင်ရောင်းချ


လန်ဒန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)
ကမ္ဘာ့ ဈေးအကြီးဆုံး ဝီစကီအရက်တစ်ပုလင်းကို ဗြိတိသျှငွေ ၈၄၈,ဝဝဝ ပေါင် (အမေရိကန်ဒေါ်လာ - ၁.၁ သန်း) ဖြင့် အီဒင်ဘတ်(Edinburgh) ၌ အောက်တိုဘာ ၃ ရက်တွင် လေလံပစ်၍ စံချိန်တင် ရောင်းချခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း ၆ဝ ကြာပြီဖြစ်သည့် The Macallan Valerio Adami ဝီစကီပုလင်းကို ၁၉၂၆ ခုနှစ်တွင် စတင်ဖော်စပ်၍ ၁၉၈၆ ခုနှစ်တွင် ပုလင်းသွင်း ရောင်းချခဲ့ကြောင်း ၊ အဆိုပါ ဝီစကီအား ကြမ်းခင်းဈေး ပေါင်စတာလင် ၇ဝဝ,ဝဝဝ ထက် ပေါင်စတာလင် ၁၄၈,ဝဝဝ ပို၍ ပေးကာ လေလံပွဲတွင် ဝယ်ယူသွားခဲ့ကြောင်း BBC က ပြောခဲ့သည်။
အဆိုပါ ဝီစကီပုလင်းကို “ ခရစ်တော်၏ သန့် စင်မွန်မြတ်သော ဝီစကီ ”ဟုကျွမ်းကျင်သူများက အမည်တပ်ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော ၄င်းမှာ အလွန်ရှားပါးခြင်း ၊ အရသာကောင်းမွန်ခြင်း နှင့် ဝီစကီဖော်စပ်ထားပုံမှာ စည်းစနစ်ကျခြင်း တို့ ကြောင့် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြခဲ့သည်။

သဘာဝ ရေပူစမ်းတွေမှာ ရေပူစိမ်ခြင်းရဲ့ အကျိုးကျေးဇူး ၅ ခု


လူကြီးတွေကော လူငယ်တွေကော ကျန်းမာရေးနဲ့ ကိုက်ညီပြီး အညောင်းအညာပြေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေပူစမ်းတွေကို သွားကြပါတယ်။ ဒါကြောင့် ရေပူစမ်းသွားပြီး ရေပူစိမ်ရခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဓာတုပစ္စည်း မပါဝင်ပါဘူး
ရေပူစမ်းက ရေက မြေကြီးထဲက အပူအတိုင်း ထွက်လာတာဖြစ်လို့ ဘာဓာတုပစ္စည်းမှ မပါပါဘူး။ ဒါကြောင့် သဘာဝ ဓာတ်သတ္တုတွေ ကြွယ်ဝနေပါတယ်။ ဒီလိုရေပူစမ်းတွေမှာ သွားပြီး ရေပူ စိမ်တာဟာ အညောင်းအညာ ပြေတဲ့အပြင် စိတ်ကိုလည်း လန်းဆန်းစေပါတယ်။

(၂) ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေတယ်
တရုတ်ရိုးရာ ဆေးပညာအရဆိုရင် ရေပူစိမ်ခြင်းကြောင့် ခန္ဓာကိုယ်တခုလုံးကို ပေါ့ပါး လန်းဆန်းစေတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ရေပူစိမ်ပြီး အနားယူခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ ရေပူစမ်းတွေရဲ့ အောက်ခြေမှာ ရှိတဲ့ ကျောက်တုံးလေးတွေ အပေါ်နင်းရင် အနှိပ်ခံရသလို ခံစားမှုမျိုးကို ရဦးမှာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှ ရေဘဝဲသစ်ပင်ကြီး


          အမေရိကန်နိုင်ငံ၊ Cape Mears မြို့ရှိ သစ်ပင်ကြီးတစ်ပင်မှာ အလွန်ကြီးမားပြီး ကိုင်းများစွာ ခွဲထွက်နေသော ပုံစံကြောင့် ရေဘဝဲသစ်ပင်ကြီးဟု တင်စားခေါ်ကြပါသည်။
          သစ်ပင်အောက်ခြေ အချင်းမှာ ပေ ၅၀ ခန့်ရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅၀ ခန့်ရှိပြီဟု သတ်မှတ်ထားကြပါသည်။
          ထိုသစ်ပင်ကြီးမှာ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့အတွက် အရေးအပါဆုံးဟူ၍လည်း သတ်မှတ်ထားကြပါသည်။ ထို့ကြောင့်ပင် ထိုသစ်ပင်ကြီးကို အတိုင်ပင်ခံ သစ်ပင်ကြီး (သို့) မီးပန်းဆိုင်း သစ်ပင်ကြီးဟုလည်း ခေါ်ဆိုကြပါသည်။ ရှေးဟောင်းလူမျိုးစုများသည် အရေးတကြီး ဆုံးဖြတ်ရမည့် ကိစ္စများကို ထိုနေရာတွင် လာလုပ်ကြလေ့ ရှိပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

အမျိုးသမီးတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု ၇ ချက်


အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောင်မှုပုံစံဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဘာမှထူးထူးဆန်းဆန်း ရယ်လို့ မဟုတ်ပေမယ့် အခုဖော်ပြပေးမယ့် အချက်တွေကတော့ အမျိုးသားတွေနဲ့ မတူကွဲပြားပြီး ထူးခြားဆန်းကြယ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေပဲ ဖြစ်ပါတယ်။

(၁) ချစ်ခြင်းမေတ္တာကို ပိုမိုခံစားနိုင်တဲ့ Oxytoxin ဟော်မုန်းပမာဏဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုထွက်ရှိတတ်တာကြောင့် အမျိုးသမီးတွေဟာ မိခင်စိတ်ကြီးမားကြပြီး အမျိုးသားတွေထက် ပိုမိုသံယောဇဉ်များ ချစ်ခင်တတ်ကြတာပဲ ဖြစ်ပါတယ်။

(၂) ယုံချင်ယုံ၊ မယုံချင်နေလို့တောင် ပြောရမလိုပါပဲ၊ အမျိုးသမီးတွေရဲ့ အကြားအာရုံဟာ အမျိုးသားတွေထက် ပိုမိုကောင်းမွန်ပြီး အိပ်စက်နေတဲ့ အချိန်အတောအတွင်းမှာတောင် ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်စွမ်း ရှိကြပါတယ်။

အိမ်စာသင်္ချာ မတွက်တတ်လို့ ရဲကိုဖုန်းဆက် အကူအညီတောင်းတဲ့ ၁၀ နှစ်သား


အိမ်စာသင်္ချာ မတွက်တတ်တာနဲ့ ရဲကိုဖုန်းဆက်ခေါ်တဲ့ကလေးကြောင့် ကော်လိုရာဒိုက ကိုလှရွှေတို့ အလုပ်များသွားခဲ့ပါတယ်။ ကော်လိုရာဒိုပြည်နယ် ဖော့ကိုလင်းစ်ရဲဌာနကို ဖုန်းဝင်လာခဲ့တာပါ။

“ဟယ်လိုအရေးပေါ်ဖြစ်နေပါတယ်ခင်ဗျာ”လို့ ကောင်လေးက ပြောလိုက်ပြီး “သားက သင်္ချာတွက်နေတာပါ။ ၃၀၅၂ ကို ၇၁ နဲ့ မစားတတ်ဘူးဖြစ်နေပါတယ်”လို့ ရဲကို သတင်းပေးခဲ့ပါသတဲ့။

ရဲဘက်က ဖုန်းဖြေသူ ခရစ်စ်ကလိုးက “သားကိုကူညီဖို့ ကြိုးစားကြည့်ပါ့မယ်။ ခုတော့ ဘယ်လိုလုပ်ရမလဲ ဦးလဲမသိဘူးကွယ်။ ခဏစောင့်နော်”လို့ ပြန်ဖြေခဲ့ပါတယ်။ “ဂဏန်းပေါင်းစက်နဲ့ တွက်လိုက်ဦးမယ်နော်။ သားရေ အဖြေက ၄၂ ဒသမ ၉၈”လို့ ပြန်ဖြေပါတယ်။ ပြီးတဲ့နောက်မှာ ရဲကိုဖုန်းဆက်တဲ့ ကျောင်းသားလေးက ယဉ်ကျေးစွာနဲ့ ကျေးဇူးတင်စကား ပြောသွားခဲ့ပါသတဲ့။
Credit:the Voicemyanmar journal

အိမ်တံခါးရွက် ခုဖို့ အသုံးပြုတဲ့ ကျောက်တုံးက ဒေါ်လာ ၁၀၀၀၀၀ တန် ဥက္ကာခဲဖြစ်နေ


မစ်ချီဂန်ပြည်နယ်က အမျိုးသားတစ်ယောက် အိမ်တံခါးရွက်ခုဖို့ အသုံးပြုတဲ့ ကျောက်တုံးက အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တန်တဲ့ ဥက္ကာခဲဖြစ်နေတယ်လို့ UPI သတင်းဌာနက ဖော်ပြထားပါတယ်။
အမည်မဖော်လိုတဲ့ အဲဒီအမျိုးသားဟာ ၁၉၈၈ ခုနှစ်မှာ အခုနေတဲ့အိမ်ကို ဝယ်လိုက်ကတည်းက အဲဒီကျောက်တုံးကို အိမ်တံခါးရွက်ခုဖို့ သုံးခဲ့တာပါ။
အဲဒီကတည်းက အရင်ပိုင်ရှင်ဟောင်း ပြောပြခဲ့လို့ အဲဒီအရာက ဥက္ကာခဲမှန်း သိပေမယ့် ဒီလောက်တန်ဖိုးရှိမှန်းတော့ သူတို့ ၂ ယောက်လုံး မသိခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်ကို ဥက္ကာခဲတွေ ကျခဲ့ချိန်က အဲဒီအိမ်နောက်ဖေးဘက်ကို ဒီဥက္ကာခဲ ကျခဲ့တာပါ။ အခုနှစ်အစောပိုင်းမှာ ဥက္ကာခဲ အတုံးသေးသေးလေးတွေ ရောင်းရုံနဲ့ ငွေများများစားစားရမှန်း သူ သိသွားခဲ့ပါတယ်။
အဲဒါကြောင့် သူ့အိမ်က ဥက္ကာခဲကို မစ်ချီဂန်ဗဟိုတက္ကသိုလ်က ကမ္ဘာမြေနဲ့ လေထုဆိုင်ရာ သိပ္ပံဌာနက ပညာရှင်ထံ သွားပြခဲ့ပါတယ်။ အဲဒီဥက္ကာခဲဟာ မစ်ချီဂန်ပြည်နယ်မှာ တွေ့ရတဲ့ ဥက္ကာခဲတွေအနက် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်ပြီး သူ့ဘဝမှာ မြင်တွေ့ရတဲ့ ဥက္ကာခဲတွေထဲမှာ ငွေကြေးအရရော၊ သိပ္ပံပညာအရပါ တန်ဖိုးအကြီးဆုံးပဲလို့ အဲဒီပညာရှင်က မှတ်ချက်ပေးခဲ့ပါတယ်။ အခုချိန်မှာ ဥက္ကာခဲကို မရောင်းရသေးပေမဲ့ Smithsonian Museum(စမစ်ဆိုနီယမ်ပြတိုက်)နဲ့ ပုဂ္ဂလိက ပစ္စည်းစုဆောင်းသူတစ်ယောက်က ဝယ်ယူဖို့ ရှိနေပါတယ်။
Credit:Yoyarlay Facebook Page

အမေရိကန်နိုင်ငံ Seattle လေဆိပ်၌ လေယာဉ်တစ်စင်းအခိုးခံရ


ဆီတယ် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန် ရှိ Seattle လေဆိပ်၌ ခရီးသည်တင်လေယာဉ်တစ်စင်း ခွင့်ပြုချက်မဲ့ ပျံသန်းထွက်ခွာသွားပြီးနောက် လေဆိပ်၌ ရပ်ထားသော လေယာဉ်အားလုံးကို ထွက်ခွာခွင့် ပိတ်ခဲ့ကြောင်း သိရသည်။ အခိုးခံရသော လေယာဉ်အား F-15 လေယာဉ်နှစ်စင်းဖြင့် လိုက်လံတားဆီးခဲ့ပြီး ယင်းလေယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါသွားခဲ့ခြင်း မရှိကြောင်း နှင့် လေယာဉ်မှာ ပျက်ကျသွားခဲ့ကြောင်း သိရသည်။
(Xinhua)

စန္ဒရား ၆၃၉ လုံးကို တစ်ပြိုင်တည်းတီးကာ ကမ္ဘာ့စံချိန်တင်


နိုင်ငံပေါင်းရှစ်နိုင်ငံမှ စန္ဒရားပညာ ရှင်ပေါင်း ၆၃၉ ဦးက တရုတ်နိုင်ငံတွင် ကျင်းပသည့် ပွဲတစ်ပွဲတွင် စန္ဒရားကို တစ်ပြိုင်တည်းတီးကာ ကမ္ဘာ့စံချိန်ချိုး ခဲ့ကြသည်။ စင်ပေါ်တွင် စန္ဒရားပေါင်း ၄၀ ကိုတီးပြီး အနီးရှိရင်ပြင်ကြီးတွင် စန္ဒရား ပေါင်း ၅၉၉ လုံးကို တစ်ချိန်တည်းတီးခဲ့ သည့်အတွက် စုစုပေါင်း ၆၃၉ လုံးကို တစ် ပြိုင်တည်းတီးခဲ့ခြင်းဖြစ်သည်ဟု ဟူဘီ ပြည်နယ် ဝူကွင်ကောင်တီတွင် ထိုပွဲကို စီ စဉ်ခဲ့သည့် စီစဉ်သူများက ဆိုသည်။ ပညာရှင်များထဲတွင် ဂရီဂိုရီဂရူဇ်မန်၊ အ လက်ဇန်းဒါးရှချင်မ်၊ စကော့တ်မက်ခ်ဘ ရိုက်ဒ်စမစ်နှင့် ပက်ထရီရှာဖရီလိခ်ျဆို သည့် နိုင်ငံတကာဂီတပညာရှင်များလည်း ပါသည်။ အဆိုပါစန္ဒရားပညာရှင်ကြီးများ ကို တရုတ်စန္ဒရားနည်းပြဆရာများနှင့် ကျောင်းသားကျောင်းသူများကလည်း ပါ ဝင်အားဖြည့်ပေးခဲ့သည်။ ပွဲတွင်ပါဝင်သူ များက ဖရန်ဇ်ရှချူဘာ၏ Marche Militaire in D Major ဆိုသည်ကို ပြိုင် တူတီးကာ ကမ္ဘာ့စံချိန်ချိုးလိုက်ခြင်းဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံ အင်ချွန်ဒေ သတွင် လူပေါင်း ၅၅၅ ဦးက ၂၀၀၇ ခုနှစ်တွင် စန္ဒရားကို တစ်ချိန်တည်းတီးကာ စံချိန်တင်ထားရာ ထိုစံချိန်ကို ယခုအဖွဲ့ကချိုးလိုက်ခြင်းဖြစ်သည်။
(UPI, 13.10.18) ချယ်ရီ
Credit:Pyimyanmar Journal

တူရကီတွင် နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသည့် တံတားကြီး ရက်ပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့


တူရကီနိုင်ငံအရှေ့မြောက်ပိုင်း Gu mushane ပြည်နယ် တွင် ၁၆.၄ ပေရှည် သည့်သက်တမ်းရင့်တံတားကြီးတစ်ခုသည် တစ်ပတ်အတွင်း အစအနရှာမရ အောင်ပျောက်ဆုံးသွားခဲ့သည့် အတွက် ဒေသခံများကြားတွင် မေးခွန်းများထွက်ပေါ်လျက်ရှိ သည်ဟု သိရသည်။Balahor စမ်းချောင်းလေးပေါ်တွင် ကုန်း ပြင်မြင့်နှင့် Arslanca ရွာကိုဆက်သွယ်ထားသည့်နှစ်ပေါင်း ၃၀၀ သက်တမ်းရှိသောတံတားမှာ တစ်စချင်းဖဲ့ထုတ်ခိုးယူခံခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။ အဆိုပါတံ တားသည် ကုန်းပြင်မြင့်သို့သွားရောက်ရန် ရွာသားများအတွက် အဓိကအသုံးပြုနေရသည့်တံတားဖြစ်သည်။ အဆိုပါတံတား သည် အောက်တိုဘာလ ၈ ရက်တွင် အကောင်းအတိုင်းရှိနေခဲ့ပြီး ၉ ရက်နှင့် ၁၀ ရက်များတွင် မိုးရွာသွန်းခဲ့သော်လည်း တံတားကို ဖျက်ဆီးနိုင်လောက်သည့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ တံတား တစ်ခုလုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သမိုင်းဝင်ရှေးဟောင်း ပစ္စည်းများကိုလိုက်လံ စုဆောင်းနေသူတစ်ဦးက တံတားကို ခိုးယူ သွားခဲ့သည်ဟုယူဆရပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု သိရသည်။
(AP,12.10.18) အေးယုနိုင်
Credit:Pyimyanmar Journal

မိမိအသက်ကို အနှစ် ၂၀ ငယ်ပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်သူ


နယ်သာလန်က ရုပ်သံအစီအစဉ်ပါဝင်သူ အကောင်းမြင်သမား ဂုရုကြီး ရက်တယ်ဘန်းက အသက်ဆိုတာ တကယ်တော့ နံပါတ်တစ်ခုပဲလို့ ယူဆသူဖြစ်ပါတယ်။ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသားကြီးဟာ သူ့ကိုယ်သူအသက် ၄၉ နှစ်ဖြစ်အောင်မွေးနေ့ကို ပြောင်းပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ကိုယ့်လိင်စိတ်တိမ်းညွတ်မှု၊ အမည် စတာတွေကို ကိုယ်ပိုင်ခွင့်ရှိသလို ကိုယ့်အသက်ကိုလည်း ကိုယ်ပဲ ပြဋ္ဌာန်းနိုင်ရမယ်လို့ သူက ယုံကြည်ပါသတဲ့။ နယ်သာလန်နဲ့ ကမ္ဘာအနှံ့အပြားမှာ တရားဝင်လက်ခံနေတဲ့ ကိုယ့်ပုဂ္ဂိုလ်ရေးပုံသဏ္ဍန်တွေမှာ အသက်လည်း ပါဝင်နိုင်ခွင့်ရှိရမယ်လို့ သူက ဥပဒေအရ လျှောက်ထားပါသတဲ့။ “လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ အမည်၊ ကျား၊ မ လိင်စိတ်တိမ်းညွတ်မှုတွေကို ရွေးခွင့်ရှိသလို ကျွန်တော့်ကိုယ်ပိုင်အသက်ကိုလည်း ရွေးချယ်ပိုင်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခွင့်ရချင်တယ်”လို့ သူက ဆိုပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အသက်အရ ခွဲခြားဆက်ဆံခြင်းကို ရှောင်ရှားချင်ပါသတဲ့။ အထူးသဖြင့် ချစ်သူရှာတဲ့ အင်တာနက် စာမျက်နှာတွေမှာပေါ့။
Cedit:The Voice News Journal

မကြာခဏဆိုသလို နေမကောင်းဖြစ်ရခြင်း အကြောင်းရင်း ၅ ချက်


မကြာခဏဆိုသလို ခေါင်းကိုက်၊ နှာစေးနဲ့ နေထိုင်မကောင်းဖြစ်တတ်သူတွေဟာ ဘာကြောင့် နေမကောင်း ခဏခဏ ဖြစ်ရသလဲဆိုတဲ့ အချက်ကို သတိမထားမိတတ်ကြပါဘူး။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံတချို့ဟာ သတိမထားမိဘဲ မှားယွင်းနေတာတွေကြောင့် မကြာခဏ နေမကောင်းဖြစ်ရခြင်းပဲဖြစ်ပြီး ဒီအချက်တွေကို သတိပြုနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်း
ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ မကြာခဏဆိုသလို နေမကောင်းဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတချက်ဖြစ်ပြီးဗီတာမင်ဒီဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ငါး စတဲ့ အစားအစာတွေကို စားသုံးသင့်သလို နေရောင်ခြည်မှာလည်း ဗီတာမင်ဒီဓာတ် ပါဝင်တာကြောင့် နေ့စဉ်မနက်ခင်းနေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ၁၅ မိနစ် ခန့်ပြုလုပ်ပေးသင့်ပါတယ်။

အိပ်စက်ခြင်းနှင့် ကျန်းမာခြင်း၏ လျှို့ဝှက်ချက်


လူတစ်ဦးအတွက် နေ့စဉ်အိပ်စက်ခြင်း  ခြောက်နာရီမှ     ရှစ်နာရီ  လိုအပ်တယ်။   အိပ် ရေးမဝရင်    ငိုက်မျဉ်းခြင်း၊  သမ်းခြင်း၊  စိတ်  အာရုံ  မသိတသိဖြစ်ခြင်း၊  ခံစားမှုအာရုံများ  လျော့ကျလာခြင်း၊   အသိစိတ်နဲ့   လှုပ်ရှား နိုင်တဲ့   ကြွက်သား  လှုပ်ရှားမှုမရှိတော့ခြင်း၊ ပတ်ဝန်းကျင်နှင့်  ပြန်ဆက်သွယ်မှု  မရှိခြင်း တို့မှ      အိပ်မပျော်ခြင်းတို့     ဖြစ်တယ်။       အိပ် ပျော်မှလည်း    တစ်နေကုန်  သွားလာလှုပ် ရှား   ရုန်းကန်ရသမျှ    အနားရမှာဖြစ်တယ်။  ကိုယ်ခံအားအဖွဲ့၊   အာရုံကြောအဖွဲ့၊  အရိုး  အဖွဲ့၊   ကြွက်သားအဖွဲ့၊  ဟော်မုန်းအဖွဲ့  စတာတွေဟာ     အိပ်စက်ပြီးမှသာ    အား ဖြည့်ပေးတယ်။   လိုအပ်သလောက်    အိပ်ဖို့  လိုမယ်။

ဧရာမသင်္ဘောကြီးကို ဆွဲပြကာ ကမ္ဘာ့စံချိန်သစ်တင်လိုက်သည့် ရုရှားလူသန်ကြီး


ကမ္ဘာ့စံချိန်ရှင် ရုရှားလူသန်ကြီးသည် ကုန်တင်ကားကြီးများ၊ ဘတ်စကားများ၊ ရထားများ၊ လေယာဉ်များနှင့် တင့် ကားကြီးများ စသည့်အရာများကို ဆွဲပြ ချင်သည့် အာသီသရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗလာဒီဗော့စ်တို့ခ်ဒေ သခံအိုင်ဗန်သည် တန်ချိန် ၁၁၀၀၀ ရှိ သည့် ကုန်တင်သင်္ဘောကြီးကို မီတာဝက် အကွာသို့ အောင်အောင်မြင်မြင်ဆွဲပြခဲ့ သည်။ ယင်းသည် ၎င်းတင်ခဲ့သည့် ယခင် စံချိန်ထက် တန် ၅၀၀ ပိုသည်။ ၎င်းသည် ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်တွင် တန် ချိန် ၁၀၅၀၀ ရှိသည့် သင်္ဘောကို ဆွဲပြ ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ၎င်းတင်လိုက် သည့်စံချိန်သစ်ကို အခြားမည်သူမှ မတင် နိုင်သေးပေ။

ကြက်တူရွေးလေးကြောင့် အလုပ်ရှုပ်သွားသည့် အင်္ဂလန်က မီးသတ်သမားများ


ကြက်တူရွေးတကောင်က မီးအချက်ပေးသံအတိုင်း လိုက်လံတုပအော်ဟစ်မှုကြောင့် ဗြိတိန်က မီးသတ်သမားတွေ အလုပ်ရှုပ်ခဲ့ရတယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ ဒါဗင်ထရီ၊ ဝင်းစောကလို့ ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
နော့သမ်ရှိုင်းယားရဲ့ မီးသတ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက တာဝန်ရှိသူတဦးဟာ အိမ်တအိမ်ရဲ့ မီးဘေးအချက်ပြစနစ်ကနေ အချက်ပေးသံကို လက်ခံရရှိခဲ့တာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခဲ့ရပါတယ်။
ဒါပေမယ့် အိမ်ပိုင်ရှင်ဖြစ်သူ သူတို့အိမ်မှာ မီးလောင်မှုမရှိကြောင်း ပြန် လည်ဖြေကြားခဲ့တာကြောင့် အော်ပရေတာဖြစ်သူဟာ ဇဝေဇရာဖြစ်ခဲ့ရပါတယ်။

သြစတြေးလျမှာ ကြီးမားတဲ့ သဲမုန်တိုင်းတိုက်ပြီး ကောင်းကင်အရောင်ပြောင်းသွားခဲ့

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတစ်လျှောက် နေရာဒေသတွေမှာ ကြီးမားတဲ့ သဲမုန်တိုင်းတိုက်ခဲ့ပြီး ကောင်းကင်ဟာ လိမ္မော်ရောင်ပြောင်းသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၁ ရက်) က စတင်တိုက်ခတ်နေခဲ့တဲ့ သဲမုန်တိုင်းကြောင့် လေထုမသန့်ရှင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

သဲမုန်တိုင်းတိုက်မှုကြောင့် မိုင် ၃၁၀ ကျယ်ဝန်းတဲ့ ပမာဏရှိ ဖုန်မှုန်ပြင်ကြီးဟာ ဆစ်ဒနီမြို့ကို စတင်ရောက်ရှိလာမယ်လို့ အာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၂၂ ရက်) သတိပေးချက် ထုတ်ပြန်ထားပါတယ်။ New South Wales (NSW) ရှိ နေရာဒေသအများအပြားမှာ သဲမုန်တိုင်းကြောင့် မြင်ကွင်းမရှင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
လေပြင်းများတိုက်ခတ်မှုကြောင့် ခြောက်သွေ့တဲ့ မြေပြင်မှ ဖုန်မှုန်တွေပျံ့လွင့်ကာ မုန်တိုင်းဖြစ်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ New South Wales ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက မိုးခေါင်တဲ့ရာသီဥတု သက်ရောက်မှုကြုံခဲ့မှုကြောင်လည်း သဲမုန်တိုင်းပြဿနာကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း သြစတြေးလျ မိုးလေဝသဌာနက သုံးသပ်ခဲ့ပါတယ်။

ကောက်ရိုးဝင်္ကပါကြီး

ကောက်ရိုးများဖြင့် ဖန်တီးထားသည့် ဝင်္ကပါကြီးတစ်ခုကို တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်၊ Changzhou မြို့တွင် တည်ဆောက်ခဲ့ကြပါသည်။ ကောက်ရိတ်သိမ်း ရာသီအချိန်အခါတွင် တောရွာအခြေပြု နေထိုင်မှု ပုံစံများ နှင့် ရိုးရာယဉ်ကျေးမှုပုံရိပ်များကိုပါ ဖော်ပြထားသော ကောက်ရိုးများဖြင့် ဖန်တီးထားသည့် ရုပ်လုံးကြီးများကိုပါ ထည့်သွင်းတည်ဆောက် ပြသခဲ့ခြင်း ဖြစ်ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကညင်ဖြူပင်ကြီး


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင်ပေါ်တွင် တွေ့ရသော နှစ်ပေါင်း ၂၆၅နှစ်သက်တမ်းရှိ ကညင်ဖြူပင်ကြီးကို တွေ့ရစဉ်။
ဤအပင်ကြီးကို အလောင်းမင်းတရားလက်ထက်၊ ခရစ်နှစ် ၁၇၅၃ တွင် စိုက်ခဲ့ကြောင်း၊ အမြင့်ပေ ၂၁၈ ပေ၊ ရင်စို့လုံးပတ် ၃၆ ပေ ၈ လက်မ၊ အောက်ခြေလုံးပတ် ၃၉ ပေ ၁၀ လက်မရှိကြောင်း မှတ်တမ်းတင်ထားသည်။
Credit:MUNA

မမှတ်မိလောက်အောင်ပြောင်းလဲလာကြတဲ့ ကမ္ဘာကျော် ကလေးသရုပ်ဆောင်များ

လူတော်တော်များများဟာ ကလေးအရွယ်မှာ ချစ်စရာကောင်းသလောက် အသက်ကြီးလာတဲ့အခါ ရုပ်ဆိုးတာတွေ ပုံပန်းပျက်တာတွေဖြစ်တတ်ပါတယ်။
အခုပြောပြပေးမယ့် ကလေးသရုပ်ဆောင်တွေကတော့ ငယ်စဉ်က သူတို့သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကား တွေထဲနဲ့ အခုလက်ရှိ ကြီးလာတဲ့အခါမှာ မမှတ်လောက်အောင်ကို ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင် တွေဖြစ်ပါတယ်။ တချို့တွေက အရမ်းကို ချောမောလာကြပြီး တချို့တွေကတော့ ငယ်ရုပ်နဲ့မတူဘဲ ရုပ်ပိုဆိုး လာကြတာကိုတွေ့ရပါတယ်။

 (၁) Harry Melling

ဟယ်ရီပေါ်တာဇာတ်ကားထဲက ဝဝတုတ်တုတ်နဲ့ ဟယ်ရီပေါ်တာရဲ့ ဝမ်းကွဲညီအကိုနေရာမှာ သရုပ်ဆောင်တဲ့ Harry Melling ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ သူဟာ ဝိတ်ကျသွားပြီး အရမ်းကို ချောမောတဲ့ မင်းသား ဖြစ်နေပြီး အသက်ကတော့ ၂၉ နှစ်ရှိနေပါပြီ။

(၂) Georgie Henley

Nania ဇာတ်ကားမှာ လူစီအဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရခဲ့တဲ့ Georgie Henley ဟာ အခုဆိုရင် အသက် ၂၃ နှစ်ရှိပါပြီ။ သူမဟာ ပိုမိုလှပလာတယ်ဆိုပေမယ့် ငယ်ငယ်ကလောက်တော့ ချစ်စရာမကောင်း တော့တာ သေချာပါတယ်။

ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းသော အကြောင်းအရာများ


ဂျပန်နိုင်ငံဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေမှာ လူသိနည်းသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်း ရှိတာကြောင့် ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျပန်လူမျိုးအများစုဟာ အသက်ရှည်ကြပြီး အသက်ရှည်စေတဲ့ လျှို့ဝှက်ချက်တွေထဲမှာ Basashi လို့ ခေါ်တဲ့ မြင်းသားစားခြင်းဟာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။ မြင်းသားဟာ အမဲသား၊ ဝက်သား စတာတွေ ထက် ကျန်းမာရေးနဲ့ပိုမိုညီညွတ်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် ဂျပန်လူမျိုးအများစုက နှစ်ခြိုက်စွာ စားသုံးကြတာဖြစ်ပါတယ်။

(၂) ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်အခံရဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနှစ်မှာ အကြိမ်ရေပေါင်း ၁၅၀၀ ခန့် ငလျင်လှုပ်မှုတွေ ဖြစ်ပွားတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ပထဝီအနေအထားအရကို ဂျပန်နိုင်ငံဟာ ငလျင်ဖြစ်နိုင်ခြေ များတဲ့ မြေပေါ်မှာတည်ရှိတာကြောင့် မကြာခဏ ဆိုသလို ငလျင်ဒဏ် ခံရတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Tohoku ငလျင်ဟာ လူအသေအပျောက် အများဆုံး ငလျင်တခု ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...