
စတုတ္ထမြောက် ဂန်သာ Gunther IV လို့ အမည်ရတဲ့ ဂျာမန်ခွေးတစ်ကောင်ဟာ ကမ္ဘာ့အချမ်းသာဆုံး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူဟာ ဖခင်ဖြစ်သူ တတိယမြောက်ဂန်သာထံက အမေရိကန် ဒေါ်လာသန်း ၈၀ အမွေဆက်ခံ ရရှိထားတာဖြစ်ပါတယ်။ သူ့ဖခင် ခွေးကြီးဂန်သာကို ပိုင်ရှင်ဖြစ်သူ ဂျာမန်မြို့စားကြီး ကာလော့တာလီဘန်စတိန်းက ငွေသန်းပေါင်းများစွာ အမွေပေးခဲ့တာဖြစ်ပါတယ်။ ဖခင်ခွေးကြီးက သူအမွေရထားတဲ့ငွေတွေကို ထားခဲ့တာမို့ သားဖြစ်သူ စတုတ္ထမြောက် ဂန်သာက ငွေတွေကို လက်ခံရရှိတာ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူတို့က အဆိုပါငွေများကို ရင်းနှီးမြှုပ်နှံထားရာမှ ငွေတွေပွားများပြီး ယခုအခါ ဂန်သာဟာ အမေရိကန်ဒေါ်လာသန်း ၄၀ဝ လောက် တန်နေပါသတဲ့။ သူဟာ ကမ္ဘာအနှံ့ အိမ်ကြီးတွေပိုင်ဆိုင်ပြီး တန်ဖိုးကြီး ငါးဥဆားနယ်ကို နေ့တိုင်းစားကာ အနားမှာ ပြုစုစောင့်ရှောက်သူတစ်ဦး အမြဲရှိပါတယ်။
Cedit: The Voicemyanmar news journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။