Tuesday, December 27, 2016

တရုတ်ပန်းချီဆရာ ငါးရိုးဖြင့် ပန်းချီကားများ ဖန်တီး

ဖူကျန်း၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမန်မြို့ရှိ ပန်းချီဆရာတစ်ဦးသည် ငါးရိုးများကို အသုံးပြု၍ ပန်းချီကားများ ဖန်တီးခဲ့ကြောင်းသိရသည်။

အသက်၅၂နှစ်အရွယ် လင်ဟန်ပင်းအမည်ရှိ ယင်းပန်းချီဆရာသည် ငါးရိုး ပန်းချီကားများ ဖန်တီးနိုင်ရန်အတွက် နှစ်ပေါင်း ၂၀ကြာ စားသောက်ဆိုင်နှင့် ဟိုတယ်များမှ အစားအစာအကြွင်းအကျန်များအား စုဆောင်းခဲ့ကြောင်း သိရသည်။
၎င်း နောက်ဆုံးဖန်တီးခဲ့သည့် လက်ရာမြောက် ငါးရိုးပန်းချီကားများသည် အထူးသဖြင့် စစ်ပွဲများ၏အကျိုးသက်ရောက်မှုများ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးရလဒ်များကို အလေးပေး ဖော်ပြထားကြောင်းသိရသည်။

Avatar တောင်များထိပ်က ကြောက်မက်ဖွယ် ကိုယ်ပျောက်မှန်တံတား

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က နာမည်ကျော် Avatar မေတောင်တွေထိပ် မှာ နောက်ထပ် ကြောက်မက်ဖွယ်ကောင်း လှတဲ့ ကိုယ်ပျောက်မှန်တံတားကြီးကို ထပ်ဆောက်သွားတော့မှာဖြစ်ပါတယ်။

ဟူနန်ပြည်နယ်မှာပဲ ကမ္ဘာ့အရှည်လျား ဆုံးနဲ့ အမြင့်ဆုံးမှန်တံတားကြီးကို တည် ဆောက်ခဲ့ပြီးတဲ့နောက် နောက်ထပ် ခြေ လှမ်းသစ်အနေနဲ့ ထပ်ဆောက်သွားမယ့်တောင်တွေကြားထဲမှာ ပျောက်ကွယ် နေတဲ့ဟန် ကိုယ်ပျောက်မှန်တံတား ဒီဇိုင်းသစ်ကို အာခီတက်တွေက ထုတ် ဖော်ပြသလိုက်တာဖြစ်ပါတယ်။

ဒီတံတား ကြီးကို မှန်အကြည်တွေ၊ ကြေးမုံမှန်တွေ၊ စတီးတွေနဲ့ ပေါင်းစပ်တည်ဆောက်ဖို့ ဒီ ဇိုင်းထွင်ထားတာဖြစ်ပြီး ကြေးမုံတွေရဲ့ အလင်းပြန်မှုနဲ့ ဘေးပတ်လည်က တောင် တန်းတွေရဲ့အရိပ်တွေလာဟပ်နေစေပြီး Avatar တောင်တွေလို့ လူသိများတဲ့ ကျန်ကျာကျဲတောင်တွေကြားမှာ ပျောက် ကွယ်နေတဲ့ပုံမျိုး ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ရွာတစ်ရွာမှာ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်း ဖွင့်လှစ်

ပြင်သစ်နိုင်ငံက ကျေးရွာတစ်ရွာမှာ ဆိုလာပြားနဲ့ ခင်းထားတဲ့ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်းကို ဖွင့်လှစ်လိုက်ပါတယ်။ နော်မန်ဒီမြို့က Tourouvre-au-Perche ရွာမှာ တစ်ကီလိုမီတာ(၀.၆မိုင်) ရှည်လျားတဲ့ ဆိုလာလမ်း ခင်းခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးက ဒီဇင်ဘာ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တာပါ။

ဒီလမ်းခင်းဖို့အတွက် စုစုပေါင်း စတုရန်းပေ ၃၀၀၀၀ ရှိတဲ့
ဆိုလာပြား အချပ်တွေကို အသုံးပြုခဲ့ရပြီး အမေရိကန်ဒေါ်လာ ၅.၂ သန်း ကုန်ကျခဲ့ပါတယ်။ လမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ ကုန်တင်ကားတွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့အတွက် ဆိုလာပြားတွေကို ဆီလီကွန် အဓိကအသုံးပြု ထုတ်လုပ်ထားတဲ့ သစ်စေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။

ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်စေရန် နည်းလမ်းကောင်းများ

ကျန်းမာအသက်စေသည့် ဘ၀ကို ပိုင်ဆိုင်နိုင်စေရန် ဆောင်ရန် ၊
ရှောင်ရန် နည်းလမ်းများကို တင်ပြပေးလိုက်ပါသည်။

ကမ္ဘာ့ဒေသ အသီးသီ၏ ညပိုင်း မီးရောင်စုံ အလှမြင်ကွင်းများ (၂)

ကမ္ဘာ့ဒေသအသီးသီးတွင် ညပိုင်း၌ တွေ့မြင်ကြရမည့် မီးရောင်စုံ
မြင်ကွင်းများကို စုစည်း တင်ပြပေးပါမည်။ နေ့ပိုင်းနှင့် မတူသော
အလှတစ်မျိုးကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၂)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာ
ပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ ကြည့်လိုက်ကြပါအုံးနော်...

အသက်ဝင်လှပသော ခဲတံဖြင့်ဆွဲထားသည့် 3D ပန်းချီများ (၂)

ခဲတံကိုသာ အသုံးပြုပြီး ဖန်တီးရေးဆွဲထားတဲ့ လက်ရာမြောက်
3D ရုပ်ကြွပုံလေးများကို တင်ပြပေးချင်ပါတယ်။
ယခင်က 3D ပုံအကြီးကြီးတွေကို တင်ပြပေးဖူးပါသည်။
ယခုအခါမှာတော့ စာရွက်များအပေါ်မှာ ဆွထြားသည့် ပုံလေးများ
ကိုစုစည်းတင်ပေးလိုက်ပါသည်။
ဒီလိုပုံလေးမျိုးများကို ဖန်တီးရေးဆွဲပုံ Video File ကိုလည်း
သီးခြားတင်ပေးပါအုံးမယ်။
အားပေးကြည့်ရှု့လိုက်ရအောင်နော်….

Related Posts Plugin for WordPress, Blogger...