မိမိချစ်သူကိုလက်ထပ်ရ ဖို့ အတွက် ထီးနန်းစည်းစိမ်ကို စွန့် လွှတ်သွားခဲ့သော ဗြိတိန်နိုင်ငံမှ
အက်ဒွပ်ဘုရင်၏ အကြောင်းကို တော်တော်လေးသိကြပါသည်။အခုလည်းနောက်တစ်ယောက်
လာပြန်ပါပြီ
။ ဒါပေမယ့်သူ၏ အကြောင်းကတော့ နည်းနည်းထူးဆန်းနေပါတယ် ။
သူကလက်ထပ်ရမှာကြောက်သဖြင့်
သူ၏ထီးနန်းကိုသာမက သူ၏ဇာတိဒေသ နှင့် မျိုးရိုး
ဂုဏ်ကိုပါစွန်
့ခွာခဲ့သူပါ။
သူကတော့
ဆစ်ကင်းဘုရင် ဂိုင်အားမား ဖြစ်ပါသည်။ ဆစ်ကင်းပြည်ဟာ အိန္ဒိယပြည်၏
လက်အောက်ခံနိုင်ငံ
ဖြစ်ပြီး အကျယ်အဝန်းက ၂၈၁၈မိုင် | လူဦးရေ ၁၂၁၅၀၀ ရှိပါသည်။
ဂိုင်အားမားသည်
ငယ်ရွယ်ခြင်း ၊ ရည်မှန်းချက် ၊ ကြီးမားခြင်း နှင့်အဘက်ဘက်က လည်း
ပြည့်စုံပါသည်။
၁၇၈၉ ခုနှစ်မှာ သူသည် သူတစ်ခါမှမမြင်ဖူးသော တိဘတ်မင်းသမီးတစ်ပါး
နှင့်လက်ထပ်ရပါသည်
။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ထိမ်းမြား ရခြင်းပါ။ထုံးစံဓလေ့အရ
မင်္ဂလာပွဲပြီးမှ
သူ၏ သတို့ သမီးမျက်နှာ ကို လှစ်ဟဖွင့်ကြည့်ရပါသည်။