Sunday, June 26, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၂ )
နားလည်ရခက်သည့် ရှင်ဘုရင်
http://i.imgsafe.org/d6f2717919.png
မိမိချစ်သူကိုလက်ထပ်ရ ဖို့ အတွက် ထီးနန်းစည်းစိမ်ကို စွန့် လွှတ်သွားခဲ့သော ဗြိတိန်နိုင်ငံမှ
အက်ဒွပ်ဘုရင်၏  အကြောင်းကို တော်တော်လေးသိကြပါသည်။အခုလည်းနောက်တစ်ယောက်
လာပြန်ပါပြီ ။ ဒါပေမယ့်သူ၏ အကြောင်းကတော့ နည်းနည်းထူးဆန်းနေပါတယ် ။
သူကလက်ထပ်ရမှာကြောက်သဖြင့် သူ၏ထီးနန်းကိုသာမက သူ၏ဇာတိဒေသ နှင့်  မျိုးရိုး
ဂုဏ်ကိုပါစွန့် ခွာခဲ့သူပါ။
သူကတော့ ဆစ်ကင်းဘုရင် ဂိုင်အားမား ဖြစ်ပါသည်။ ဆစ်ကင်းပြည်ဟာ အိန္ဒိယပြည်၏
လက်အောက်ခံနိုင်ငံ ဖြစ်ပြီး အကျယ်အဝန်းက ၂၈၁၈မိုင် | လူဦးရေ ၁၂၁၅၀၀ ရှိပါသည်။
ဂိုင်အားမားသည် ငယ်ရွယ်ခြင်း ၊ ရည်မှန်းချက် ၊ ကြီးမားခြင်း နှင့်အဘက်ဘက်က လည်း
ပြည့်စုံပါသည်။ ၁၇၈၉ ခုနှစ်မှာ သူသည် သူတစ်ခါမှမမြင်ဖူးသော တိဘတ်မင်းသမီးတစ်ပါး
နှင့်လက်ထပ်ရပါသည် ။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ထိမ်းမြား ရခြင်းပါ။ထုံးစံဓလေ့အရ
မင်္ဂလာပွဲပြီးမှ သူ၏ သတို့ သမီးမျက်နှာ ကို လှစ်ဟဖွင့်ကြည့်ရပါသည်။
ထိုသို့ ကြည့်လိုက်မိချိန် ခဏ တွင် သူသည် သူမ၏ အကျည်းတန်လှသောမျက်နှာကို
မြင်ရပြီး အလွန်တုန်လှုပ်ခြောက်ခြားပြီး စိတ်ဖောက်ပြန်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒီသတို့ သမီးကို အသိအမှတ်မပြု မပေါင်းပြန်ပါလျှင်လည်းတိဘတ်နိုင်ငံ နှင့်စစ်ဖြစ်ရမှာ
သေချာသည်။ ထိုသို့ စစ်ဖြစ်ရပြီး တိုင်းပြည် ဒုက္ခရောက်ရမည်ထက်  လှည့်လည်တောင်း
ရမ်း စားသောက်ရသည့် သူတောင်းစားဖြစ်ရသည်က ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။
ထို့ ကြောင့်သူတောင်းစားတစ်ယောက်အဖြစ် ရုပ်ဖျက်ကာ ထီးနန်းစည်းစိမ် နှင့်မင်းနေပြည်တော်
ပါစွန့် ခွာထွက်သွားတော့ပါသည်။ထိုအချိန်မှစ၍ သူ၏အကြောင်းကို မသိရမကြားရတော့ပါ။
တိဘတ်မင်းသမီးမှာလည်း သူမ၏ မင်းနေပြည်တော်အသစ်တွင် ခေတ္တနေထိုင်စောင့်စားခဲ့ပြီး
နောက်ဆုံးသူမ၏ တိဘတ်ပြည်သို့ ပြန်သွားခဲ့ပါသည်။ သူမလည်း လူတွေ၏မြင်ကွင်းမှ ပျောက်
ကွယ်သွားပါတော့သည်။
နားလည်ရခက်ပါတယ်။သြော် ဒါကြောင့်လည်း ဘ၀ဇာတ်ခုံပေါ်က ပြကွက်ဆန်း တစ်ခုလို့ပဲ
ပြောပါရစေတော့နော်…
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...