
အသက်၇၂နှစ်အရွယ် ရှိပြီဖြစ်သည့် အဘွားအို အိုင်းယင်းတိုင်စမ်သည်
ကျန်းမာရေးအခြေအနေကြောင့် လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်ကိုသာ
အသုံးပြုနေရသည်။ သို့လင့်ကစား ယင်းအဘွားအိုမှာ တူရကီနိုင်ငံရှိ ဆန်းဒါးလန်း
တောင်တန်းပေါ်မှ လေထီးဖြင့်ခုန်ချပြီး အမြင့်ပေ၈,၀၀၀အထက်မှာ
မိနစ်၄၀ကျော်ကြာ လေဟုန်စီးပြခဲ့သည်။အဘွားအိုတိုင်စမ်က တောင်တန်းများနှင့်
ပင်လယ်များပေါ်မှ လေဟုန်စီးပျံသန်းနိုင်ရန် အသက်၇၈နှစ်ရှိပြီဖြစ်သည့်
တိုင်စမ်၏ခင်ပွန်းဖြစ်သူ ရောဘတ်ကကူညီခဲ့သည်။ ယင်းသို့
သည်းထိတ်ရင်ဖိုစရာကောင်းသည့် အတွေ့အကြုံအား အဘွားအိုတိုင်စမ်က
ပြန်လည်ပြောပြရာတွင် ''အဘွားရဲ့ တင်ပါးက ထိုင်လို့ထလို့မရတော့
ဝေဟင်ကနေမြေပြင်ကို ဆင်းသက်ရမှာ ကြောက်နေတယ်။မြေပြင်ပေါ်မဆင်းသက်ခင်
ဝေဟင်မှာတန့်နေပြီးတော့မှ လေဟုန်စီးခဲ့တာပါ။
ထူးထူးခြားခြား နာကျင်တာမျိုးတော့ မခံစားခဲ့ရပါဘူး။
အဘွားတို့အသက်အရွယ်နဲ့ ဒါမျိုးလုပ်တယ်ဆိုတာ ရူးသွပ်မှုတစ်ခုလို့
ဆိုကြမှာပေါ့။ ဒါပေမဲ့အဘွားကတော့ ဒီလိုလုပ်ရတာ ပျော်ပါတယ်''ဟုဆိုသည်။
အသက်၇၀ကျော်မှ လေဟုန်စီးပြသည့် ယင်းအဘွားအို၏ လုပ်ရပ်ကို အဘွားအို၏
မြေးများသာမက လူအများကပါ ရင်သပ်ရှုမော အံ့သြခဲ့ရသည်။
ref: ပြည်မြန်မာ