Sunday, January 10, 2016

ဗြိတိန်နိုင်ငံရဲ့ သရဲအခြောက်ဆုံး ဟိုတယ်

unnamed 272
အင်္ဂလန်နိုင်ငံ၊လီဗာပူးလ်မြို့ က ဟော်တယ်တစ်ခုဟာ ဗြိတိန်ရဲ့သရဲအခြောက်ဆုံးဟော်တယ်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို စူးစမ်းလေ့လာသူ၊ စာရေးဆရာ Tom Slemen က အခုထိ သူရောက်ဖူး၊ကြုံဖူးသမျှ ဟိုတယ်တွေထဲမှာ Adelphi Hotel က သရဲအခြောက်ဆုံး ဟိုတယ်ဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
Slemen က သူကိုယ်တိုင် ဟိုတယ်မှာခြောက်နေတဲ့ ၀ိညာဉ်၊သရဲအချို့ ကို မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ “ ဟိုတယ်က Sefton Suite ဧည့်ခန်းမမှာ ကျွန်တော် မကြာခဏ ဟောပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒီ ဧည့်ခန်းမက Titanic သဘောင်္ရဲ့ First Class Smoking Lounge ခန်းမနဲ့ တစ်ပုံစံတည်းဆိုတာ သတိမထားခဲ့မိဘူးဗျ။ ဒီ ဧည့်ခန်းမနှစ်ခုလုံးကို White Star Line ကုမ္ပဏီက ငှားရမ်းထားတဲ့ လက်သမား တစ်ဖွဲ့ တည်းကပဲ ဆောက်သွားခဲ့တာ”
“ တစ်နေ့ ကျွန်တော် ဆွေးနွေးဟောပြောနေတုန်းမှာ၊ ခန်းမထဲက ပရိသတ်တွေ ရပ်ကြည့်ရတဲ့နေရာ အစွန်ဆုံးမှာ ရေတပ်အရာရှိတွေလို ကတ်ဦးထုပ် အဖြူရောင်၊အနက်ရောင်ဂျက်ကတ်မှာ ဖွတ်မြီးကြိုးတွေ အပြည့်ဆင်ထားတဲ့ ၀တ်စုံတွေနဲ့ လူသုံးယောက်ကို ကျွန်တော်အပါအ၀င် လူတော်တော်များများ မြင်တွေ့ လိုက်ရတယ်။ ဖျတ်ခနဲဆို မြင်လိုက်ပြီးတာနဲ့ သူတို့ တွေ ပျောက်သွားတယ်” လို့  Slemen က ပြောပြပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၇၀၀ကျော်မှာ ဒေါက်မြင့်ဖိနပ်စီးပြီး ကြိုးတန်းလမ်းလျှောက် ပြခဲ့တဲ့ အမျိုးသမီး

unnamed 279
ဒေါက်မြင့်ဖိနပ်စီးလိုက်ရင်ကို တစ်ချို့ မိန်းကလေးတွေအတွက် မြေကြီးပေါ်လမ်းလျှောက်ရတာကိုက ပိုခက်ခဲ သွားတတ်ပါတယ်။ ဒါပေမယ့် Texas ပြည်နယ်၊ Austin က အသက် ၂၆ နှစ်အရွယ် Faith Dickey ဆိုသူ အမျိုးသမီးဟာ ဘရာဇီးနိုင်ငံက Highgirls ပွဲတော်မှာ သေမင်းကိုစိန်ခေါ်တဲ့စတန့် ပြကွက်တစ်ခုအနေနဲ့  ပန်းရောင်ဒေါက်ဖိနပ်ဝတ်ဆင်ကာ ကြိုးတန်းလမ်းလျှောက်ပြလိုက်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၇၅၀ ကျော်အမြင့်မှာ ဒေါက်ဖိနပ်စီးကာ မတော်တဆပြုတ်ကျခဲ့ရင် အသက်ကယ်နိုင်ဖို့ အတွက် အသက်ကယ်ကြိုးတစ်ခုကိုပဲ သုံးပြီး ကောင်းကင်ကြိုးတန်းကို အောင်မြင်စွာလမ်းလျှောက်ဖြတ်ကူးပြခဲ့ပါတယ်။
Faith ဖြတ်လျှောက်ပြခဲ့တဲ့ ဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနေရိုးမြို့ က Pedra da Gavea ကောင်းကင်ကြိုးတန်းဟာ နိုင်ငံရဲ့နာမည်အကြီးဆုံး ကောင်းကင်ကြိုးတန်း တစ်ခုဖြစ်ပါတယ်။ “ ပထမဆုံး ကြိုးရဲ့ တင်းအားကို စမ်းဖို့  ကျွန်မလျှောက်နေကျအတိုင်း ခြေဗလာနဲ့ ပဲ ကြိုတင်လျှောက်ကြည့်ခဲ့ပါတယ်။ လွယ်လွယ်ကူကူပါပဲ။ နောက်တော့ ဒီထက်ပိုခက်သွားအောင် ဒေါက်မြင့်ဖိနပ် စီးပြီး လျှောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါ ရီယို မှာ ကျွန်မ ပထမဆုံးအကြိမ်လျှောက်ဖူးတာပါ။ ရှုခင်းကတော့ ရင်သပ်ရှုမောစရာပါပဲ” လို့ Faith က ပြောပြပါတယ်။
ကြိုးတန်းက တော်တော်ရှည်ပြီး ဒေါက်မြင့်ဖိနပ်ကလည်း သေးနေတော့ ဒီတစ်ခါလျှောက်ရတာ အရင်ကထက် ပိုခက်ပါတယ်” လို့ သူမက ရှင်းပြပါတယ်။
Ref: Mirror
ref;: Trend.com.mm

၁၉ လသားအရွယ်မှာတင် စကားလုံးပေါင်း ၃၀၀ ကျော်ကို တတ်ထားပြီး စာဖတ်တတ်တဲ့ ပါရမီရှင်ကလေးငယ်

index 24
ကလေးငယ်အများစုဟာ အသက် ငါးနှစ်ပတ်ဝန်းကျင်လောက်၊ ကျောင်းစတက်တဲ့အချိန်မှ စာ စဖတ်တတ်ကြပေမယ့် ဒီ ၁၉ လသားအရွယ် ကလေးငယ်လေးကတော့ အခုအခါ စကားလုံးပေါင်း ၃၀၀ ကျော်ကို ဖတ်တတ်ပြီး ၁ ကနေ ၅၀ အထိလည်း ရေတွက်နိုင်ပါတယ်။
အမေဖြစ်သူ LaToya Whiteside ဟာ မြောက်ကယ်ရိုးလိုင်းနားပြည်နယ်၊ ချားလော့မြို့ က အိမ်မှာ သားငယ်လေး Carter တစ်ယောက် စာရွက်ကတ်တွေပေါ်က စကားလုံးတွေကို ဖတ်နေပုံကို ဗီဒီယိုရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။အဆိုပါဗီဒီယိုအပိုင်းမှာ ကလေးလေးဟာ ‘are’ ဆိုတဲ့ စကားလုံးကို ဖတ်ပြနေပြီး  မှန်ရဲ့လားဆိုတာကို သူ့ အမေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ထပ် ဆက်ဖတ်ပြနေတာကို တွေ့ ရမှာပါ။ ထို့ နောက်မှာတော့ Carter လေးဟာ ‘was’ ‘to’ ‘like’ စတဲ့ စကားလုံးတွေကို ပီပီသသဖတ်ပြနေတာကို တွေ့ ရပြီး နောက် ကတ်တစ်ကတ်ကို ပြောင်းလိုက်ချိန်မှာတော့ ကတ်က ဇောက်ထိုးဖြစ်နေတာကိုပါ သတိထားမိတာကို တွေ့ မြင်ရပါတယ်။
Related Posts Plugin for WordPress, Blogger...