Sunday, September 25, 2016

ထူးခြားတဲ့ ခြေထောက်ပိုင်ရှင်

http://i1183.photobucket.com/albums/x474/konay1/general%204/other_backwards-feet_e995f.jpg
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာ နေထိုင်တဲ့ အသက် (၃၀) နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးဟာ ငယ်စဉ် ကတည်းက ထူးခြားတဲ့ ခြေထောက် ပိုင်ရှင် ဖြစ်ခဲ့ပါတယ်။ မွေးရာပါ ထူးခြားတဲ့ ခြေထောက်ကို ပိုင်ဆိုင် ထားခြင်း ဖြစ်ပါတယ်။
ဝမ်ဖန်ဟာ အခြားသူ တွေနဲ့ မတူတဲ့ ခြေထောက်မျိုး ဖြစ်နေပါ တယ်။ ၀မ်ဖန်ရဲ့ ခြေထောက်တစ်စုံဟာ
နောက်ပြန် အနေအထားမျိုး ဖြစ်နေတာပါ။ မွေးရာပါ ခြေထောက် တစ်စုံဟာ နောက်ပြန် အနေအထား
ဖြစ်နေ တာမို့ လမ်းကောင်းစွာ မလျှောက်နိုင်မှာကို ဆရာဝန်တွေက စိုးရိမ်ခဲ့ပါတယ်။ ဒါပေမယ့် ၀မ်ဖန်ဟာ ငယ်စဉ်ဘ၀ ကနေ အခုအချိန်ထိ အခြားသူတွေလို ကောင်းစွာ လှုပ်ရှားသွားလာနိုင်တဲ့ အပြင် သူငယ် ချင်းဖြစ်သူ တွေထက် ပိုမြန်အောင် ပြေးနိုင်စွမ်းလည်းရှိပါတယ်။

လျှပ်စစ်မီးအလင်းရောင်နှင့် ဓာတ်မတည့်သူ

http://i1183.photobucket.com/albums/x474/konay1/general%204/electricity.jpg
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားဟာ လျှပ်စစ်မီး အလင်းရောင်နဲ့ ဓာတ်မတည့် တဲ့ ရောဂါ ဝေဒနာကို ခံစား
နေရပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်မီး အလင်းရောင် ရလိုက်ရင် ခန္ဓာကိုယ် အရည်အပြားအပြင် ခေါင်းကိုက်
ခြင်းတို့ ကဲ့သို့သော အတွင်းဝေဒနာကိုပါ ခံစားနေရ ပါတယ်။
အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ Peter Lloyd ဟာ ဗြိတိန်နိုင်ငံမှာ နေထိုင်ပြီး ကိုယ်ကာယ ကလေးကျင့်ရေး အား ကစား နည်းပြ တစ်ဦး ဖြစ်ခဲ့ ပါတယ်။ စပိန်နိုင်ငံမှာ နေထိုင်စဉ် လျှပ်စစ်ပစ္စည်းများနဲ့ အချိန်အတော်ကြာ ထိ
တွေ့ရပြီး ကွန်ပြူတာသုံးခြင်း၊ စာဖတ်ခြင်းတို့ကနေ ယင်း ရောဂါ ဝေဒနာကို စတင် ခံစားမိလာတာ ဖြစ်ပါ တယ်။ အဲ့တုန်းက သူဟာ အသက် ၂၀ပဲ ရှိပါသေးတယ်။ ဒီတော့ သူဟာ ရောဂါ ဝေဒနာ ခံစားနေရတာ နှစ် ၂၀ ကျော်ပါပြီ။ ဒီအတွက်လည်း ဆေးဝါးရှာဖွေပေးလို့ မရ သေး ပါဘူး။
ထူးခြားချက်က လျှပ်စစ်ဓာတ်အားတင် မဟုတ်ပဲ သံလိုက်စက်ကွင်းကိုပါ မခံနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့ သူဟာ အိပ်ခန်းထဲမှာပဲ အချိန်ပြည့်နေပါတယ်။ အပြင်လုံးဝ မထွက်ပါဘူး။ မီးတွေလည်း ပိတ် ထားရပြီး သူ့အခန်း ဝင်လည်ရင် ဖုန်းတွေ ထားခဲ့ရမှာ ဖြစ်ပါတယ်။ သူ့ကို ပုံရိုက်တာတောင် အလင်းရောင် မထွက်တဲ့ Disposal camera နဲ့ သာ ရိုက်ထားခြင်း ဖြစ်ပါတယ်။ အပြင်မှာ Wi-Fi နဲ့ ဖုန်းလိုင်းများကြောင့်လည်း နေ့ရော ညပါ အတွင်းခန်းထဲသာ နေထိုင်နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ Loyd ခံစားနေရတဲ့ ဝေဒနာကို ကယ်တင် ကုသ ပေးဖို့ အဖြေရှာဖွေ လျက် ရှိကြကြောင်း သိရ ပါတယ်။
ceedit: innnewsmyanmar

အိပ်ခန်းသန့်ရှင်းရေးမလုပ်လို့ နှင်ချလိုက်တဲ့ဇနီးသည်ကို အရွဲ့တိုက်ပြီး အုန်းပင်ပေါ် သုံးနာရီကြာတက်အိပ်

http://i1183.photobucket.com/albums/x474/konay1/general%204/sleep-coconut-tree.jpg
ဇင်ဘာဘွေနိုင်ငံ၊ မင်းဒ်လန်းက အသက်ကြီးစုံတွဲရဲ့ စကားကတောက်ကဆ ရန်ဖြစ်နေရာကနေမှ ကယ် ဆယ်ရေးသမားတွေတောင်လာရောက် ၀ိုင်းဝန်း ဖျန်ဖြေကူညီပေးကြရတဲ့ အဆင့်ထိတောင်ဖြစ်သွားတယ် လို့ သိရပါတယ်။ အ ဘိုးအိုရဲ့ စိတ်ဆိုးစိတ်ကောက် အရွဲ့တိုက်တဲ့အကျင့်ကတကယ့်ကို အသက် ရှုမှား
လောက်တဲ့ လုပ်ရပ်ပါပဲ။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ အဘိုးအိုကို ဇနီးဖြစ်သူက အိပ်ခန်းသန့်ရှင်း ရေးမလုပ်သဖြင့်အိမ်ပေါ်မှဆင်း သွားရန်နှင့် အိမ်ပြန်မလာအိပ်ရန်အော်ဟစ်ပြောဆိုကြိမ်းမောင်းပြီး ခြေထောက်နှင့်ဆောင့်ကန်မောင်းလွှတ် လိုက်တဲ့ အတွက် အဘိုးအိုမှာကြံရာမရဖြစ်ကာ စိတ်ဆိုးဒေါသထွက်သွားပြီးအိမ်အနီး အနားရှိ ၂၇ ပေအမြင့် ရှိအုန်းပင်ပေါ်သို့ ဘာကြိုးအကူအညီအကာအကွယ်မှ မပါဘဲတက်သွားပြီး သုံးနာရီကျော်ကြာ တက်ရောက် အိပ်စက်နေခဲ့ပါတယ်။
နာရီအတော်ကြာပြန်မလာသည့်အတွက် လိုက်လံရှာဖွေခဲ့ရာမှ အုန်းပင် ပေါ်မှာတက်အိပ်နေတဲ့ ခင်ပွန်း သည်ကိုတွေ့ရှိသွားတော့ ဇနီးသည်ဖြစ်သူနဲ့ အနီးအနားလူတွေက မတော်တဆပြုတ်ကျမည်ကို စိုးရိမ် ကာဆင်းလာရန် ပြောဆိုသော်လည်း အဘိုးအိုက အဘွားအိုရဲ့ဒီလုပ်ရပ်ကိုခွင့်မလွှတ်နိုင် ကြောင်းနဲ့ ပြန်မ ဆင်းလာနိုင်ကြောင်းပြောကာ အကြိမ်ကြိမ်ငြင်းဆန်နေခဲ့တာ ကြောင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို
အကူအညီတောင်းခံခဲ့ကာဖျောင်းဖျဆင်း ခိုင်းစေခဲ့ရတာပဲဖြစ်ပါတယ်။
credit:phothutaw

နာရီပိုင်းသာခြားပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ Don နဲ့ Maxine Simpson တို့ရဲ့ အံ့အားသင့်ဖွယ် ဖြစ်ရပ်ဆန်း

http://i1183.photobucket.com/albums/x474/konay1/general%204/screen-shot-2014-08-04-at-5-29-45-pm.png
Don နဲ့ Maxine Simpson တို့ဟာ ၆၂နှစ်ကြာ လက်ထပ်ပေါင်းသင်း အတူတကွနေထိုင်ခဲ့ကြသလို ဘ၀ ရဲ့ နောက်ဆုံးနေ့ရက်လည်း တူညီခဲ့ကြပြီး ကွယ်လွန်ဆုံးပါးချိန်ဟာလည်း နာရီပိုင်းသာ ကွာခြားခဲ့ကြပါ တယ်။ ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ၀ထ္ထုဇာတ်လမ်း မဟုတ်တဲ့ ဖြစ်ရပ် မှန်တစ်ခုအဖြစ် ထူးခြားစွာ တည်ရှိခဲ့ပါပြီ။
“ဒါဟာတကယ်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။အဖိုးနဲ့ အဖွားနဲ့ တူတူနေပြီး တူ တူသေကြမယ်ဆိုတာ ကို ကျွန်မ သိနေခဲ့ပါတယ်။ တကယ်ဖြစ်လာတော့မယ်လို့လည်း ထင်နေခဲ့ပြီးသားပါ။” လို့ Don နဲ့ Maxine Simpson တို့ရဲ့ မြေးမလေး Melissa Sloan ကပြောပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%204/screen-shot-2014-08-04-at-5-30-12-pm.png

သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေသူ

http://i1183.photobucket.com/albums/x474/konay1/general%204/10413327_762870417089231_4914095920490297276_n.jpg
၁၀ စင်တီမီတာကျော် သတ္တုအမျှင်ချောင်းတွေ ဗိုက်ထဲကထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်း ဟာ အင်ဒိုနီးရှားမှာ သတင်းတစ်ခု ဖြစ်နေပါတယ်။
ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော်ရှိနေပြီး ဆရာဝန်တွေဟာလည်း လက်တွေ့ကျတဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ အရပ်ထဲမှာတော့ သူမဟာ ပြုစားခံရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။Noorsyaidah လို့ခေါ်တဲ့  ဒီအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်လောက်ကစပြီး ဒီလိုထူးခြားတဲ့ လက္ခဏ စပြလာတာလို့ ဆိုပါတယ်။ပထမစစခြင်း တစ်ပတ်မှာ သတ္တုအမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။

ကမ္ဘာကျော်များ၏ ကယ်ရီကေချာပုံများ

ကမ္ဘာကျော်များ၏ ရယ်ရွှင်ဖွယ်ကယ်ရီကေချာ ကာတွန်းပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ စာတွေဖတ်ရတာ များလို့စိတ်ရှုပ်နေရင်
စိတ်ကြည်လင်စရာ ပုံလေးတွေကြည့်ပြီး စိတ်ဖြေရအောင်ပါ.....
http://i1183.photobucket.com/albums/x474/konay1/general%204/vdzp-i.jpg

http://i1183.photobucket.com/albums/x474/konay1/general%204/t2ihq7.jpg

လက်ချောင်းလေးများ အသုံးပြုကာ ဖန်တီးထားသော ပန်းချီ

ကျွန်တော်တင်မယ့် လက်ပန်းချီ ဆိုတာ လက်ပေါ်မှာ ဆွဲတဲ့ပန်းချီပညာ မဟုတ်ပါဘူး။
မိမိရဲ့ လက်ချောင်းဆယ်ချောင်းကို အသုံးပြုကာ နံရံပေါ်မှာ ရေးဆွဲတဲ့ ပန်းချီကား တွေပါ။
Judith Braun ဆိုတဲ့အမျိုးသမီးသည် မိမိ၏ လက်ဆယ်ချောင်းကိုသာ အသုံးပြုပြီး
နံရံပန်းချီများကိုဆွဲခဲ့ တာပါ။သူမရဲ့ ပန်းချီပုံများစွာ ထဲမှ တစ်ချို့ကို တင်ပေးလိုက်ပါတယ်။


http://i1183.photobucket.com/albums/x474/konay1/general%204/new-way-of-painting-4.jpg

http://i1183.photobucket.com/albums/x474/konay1/general%204/new-way-of-painting-11.jpg
Related Posts Plugin for WordPress, Blogger...