Saturday, December 29, 2018

ဂျာမနီမှ ကမ္ဘာအကြီးကျယ်ဆုံး ဘီယာပွဲတော်

ကမ္ဘာ့အကျော်ကြားဆုံး ပွဲတော်များနှင့် လူအများဆုံးလာရောက်တတ်သည့် ပွဲတော်အဖြစ် သတ်မှတ်ထားကြသည့် ပွဲတော်တစ်ခုမှ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ဘီယာပွဲတော်ပင် ဖြစ်ပါသည်။ ထိုပွဲတော်ကို တစ်ကမ္ဘာလုံးမှ ဘီယာ နှင့် ခရီးသွားပွဲတော်အဖြစ် သိရှိထားကြပြီး ပွဲတော်၏ အမည်မှာ Oktoberfest ဟုခေါ်ပါသည်။

ဘီယာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လလယ်လောက်မှ အောက်တိုဘာ လဆန်းလောက်အထိ ၁၆ ရက်မှ ၁၈ ရက်အထိ ရက်ရှည်ကျင်းပသည့် ပွဲတော်ကြီး ဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာအနှံ့မှ လူပေါင်း ၆ သန်းကျော်တက်ရောက်ပြီး ပျော်ရွှင်စွာဆင်နွဲလေ့ ရှိကြပါသည်။

ဘီယာပွဲတော်ဆိုပေမယ့် ဘီယာသောက်ယုံ သက်သက်မဟုတ်ပါဘူး။ ထိုပျော်တော်အတွင်း ပျော်ရွှင်စရာ အစီအစဉ်များ အမြောက်အများ ပါဝင်ပြီး စီတန်းလမ်းလျောက်သရုပ်ဖော်မှုများ ၊ ပျော်ပွဲရွှင်ပွဲများ ၊  ဂီတပွဲများ စသည်ဖြင့် ရက်ရှည်ကျင်းပကြပါသည်။ ဘီယာချစ်သူများအနေဖြင့် ထိုပွဲတော်တွင် ဘီယာအမျိုးအစားစုံလင်စွာ သောက်သုံးနိုင်မည် ဖြစ်သလို ရိုးရားဝတ်စုံများနှင့် လှပျိုဖြူများကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...