ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင် အကြောင်းတင်ပေးပြီးတော့ အခြားသော ဆိုဒ်များမှ သူငယ်ချင်းများကအင်းလေးအိုင်နှင့် ဒေသအကြောင်းကို ဆက်လက်တင်ဖို့တောင်းဆို သဖြင့်ဒီပိုစ့်ကို ရှာဖွေတင်ပြလိုက်ပါတယ်။
အင်းလေးအိုင်သည် မြန်မာပြည်တွင်ရှိသော ကုန်းတွင်း အင်း အိုင်များတွင်
ဒုတိယ အကြီးဆုံး ဖြစ်ပါသည်။ အင်းလေးအိုင်အကြောင်းကို ကျွန်တော်တို့
တော်တော်များများသိ ဖူးကြပါသည်။ အင်းလေးဟုဆိုလိုက်သည်နှင့်
ရွှေသားအတိဖြစ်နေသော ဖောင်တော်ဦးဘုရား ၊ လှေကို
လက်နှင့်မလှော် ခြေနှင့်ခပ်လှာ်ပုံတွေ ၊ ကျွန်းမျောတွေပေါ်မှာ စိုက်ကြ ၊ ပျိုးကြ ၊
နေထိုင်ကြပုံတွေ နှင် ရေပေါ်ဈေးတို့ကို အမှတ်ရမိကြပါသည်။