
အမေရိကန်နိုင်ငံ ရဲ့လမ်းမများပေါ်မှာ တလှုပ်လှုပ်နဲ့ လမ်းလျောက်နေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့မြင်ရသူတိုင်း ငေးကြည့်မိတတ်ကြပါတယ်။
နေပူ ၊ မိုးရွာ ၊ ဆီးနှင်းများ ကျနေပါစေ၊ ခရီးဆောင်အထုတ်အပိုးတွေကို တွန်းလှည်းလေးပေါ်တင်လို့ ထိုအဖိုးအို လမ်းလျောက်နေတတ်ပါတယ်။
သူဘယ်ကို သွားမလဲ ။ ဘယ်က လာသလဲဆိုတာ မသိကြပေမယ့် သူပုခုံးပေါ်က ဆိုင်းဘုတ်ကြောင့် လူတိုင်း စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။
သူ ရေးထားတဲ့ စာတန်းက ရှင်းရှင်းလေးပါ။
" Love Life" တဲ့ ။
ဘဝ ကို ချစ်ဖို့ သူဘာကြေင့် ရေးထားတာလဲ ? ဘာအတွက် သူလုပ်နေတာလဲ ?
ထိုအဖိုးအို ရဲ့ နာမည်က Steve Fugate ပါ။
တစ်ချိန်က သူ့မှာ ပျော်ရွှင်စရာ မိသားစုဘဝလေး ရှိခဲ့ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်နဲ့ သူ့အတွက် မိသားစုလေးက အရေးပါ ပါတယ်။
ဒါပေမယ့် လက်ခံချင်စရာ မကောင်းတဲ့ အဖြစ်အပျက်များ Steve Fugate ရဲ့ဘဝထဲကို တန်းစီဝင်လာပါတယ်။
သူရဲ့သားတစ်ယောက် ဟာ ကိုယ့်ကိုကိုယ် သတ်သေ သွားခဲ့ပါတယ်။ ဘဝကို လွယ်လွယ်နဲ့ အရှုံးပေး နှုတ်ဆက်သွားတဲ့ သားအတွက် ရင်နာခံစား ခဲ့ရသလို ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ဖခင်တစ်ယောက် အနေနဲ့ မတားဆီး နိုင်ခဲ့တာကိုလည်း ဖြေမဆည်နိုင်ခဲ့ပါ။