Sunday, April 23, 2017

တရုတ်နိုင်ငံ မှ အဋ္ဌဂံပုံ ဥယျာဉ်ကြီး


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ၊ Guizhou ပြည်နယ် ၊
Zunyi တွင် ကြီးမားလှသော တရုတ်ရိုးရာ အမှတ်အသားတစ်ခု ဖြစ်သည့် Bagua ပုံစံ (သို့) ရှစ်မြောင့် အဋ္ဌဂံပုံ ဥယျာဉ်ကြီးကို တည်ဆောက်ဖွင့်လှစ် ခဲ့ပါသည်။
ထိုဥယျာဉ်ကြီးသည် ၄၉.၄ ဧက ကျယ်ဝန်းပြီး ပန်းပင် နှင့်သစ်ပင်မျိုးကွဲပေါင်း ၈၁ မျိုး စိုက်ပျိုးထားပါသည်။
အလယ်တွင် ယင် - ယန် အမှတ်တဆိပ်စက်ဝိုင်း ရှိပြီး ရာသီအလိုက် သစ်ပင် ပန်းပင်များမှ အရောင်ပြောင်းလဲ လှပနေမည် ဖြစ်ပါသည်။

သစ်သားပေါင်းကူးတံတားများ ဖြင့်ပိုင်းခြားထားပြီး ထိုဥယျာဉ်ကြီး တည်ဆောက်ချိန် ၈ လခန့် ကြာမြင့်ခဲ့ပါသည်။
Bagua ပုံ (သို့) အဋ္ဌဂံပုံသည် တာအိုဝါဒ၏ အရေးပါသော အမှတ်တံဆိပ်တစ်ခု ဖြစ်သလို တရုတ်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခု ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...