
အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။