
ကျွန်တော်ဒီအကြောင်းတွေကို နေခရမ်းဆိုဒ် မှာသာမကပဲအခြားသော
လူမှုကွန်ယက်များမှာပါ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ထိုဆိုဒ်များမှအားပေး
ကြတဲ့သူငယ်ချင်းများ၏ ဆွေးနွေးချက်များကို လည်းပြန်ရပါတယ်။
ဆိုဒ်တစ်ခုမှ သူငယ်ချင်းတစ်ယောက်က ဒီအဖြစ်အပျက်တွေဘာ
ကြောင့်အမျိုးသမီးတွေပဲဖြစ်နေရတာလဲဟု မေးမြန်းထားပါတယ်။
ကျွန်တော်တင်ထားတာတွေပြန်ကြည့်တော့လည်း အမျိုးသမီးအကြောင်း
တွေပဲဖြစ်နေပါတယ်။
ဒါပေမယ့်ဒီလိုသဘာဝလွန်အဖြစ်အပျက်တွေဟာ အမျိုးသားများမှာ
လည်းဖြစ်ခဲ့ပါတယ်။ အရေအတွက်အားဖြင့်တော့ အမျိုးသမီးတွေက
ဖြစ်ကြတာပိုများပါတယ်။ ဒါကလည်းကျွန်တော်ဒီအကြောင်းနောက်
ဆုံးအပိုင်းမှာ စုံစမ်းစစ်ဆေးသုတေသန ပြုသူများ၏ ထင်မြင်ချက်
ကောက်ချက်ချမှုများကို သီးခြားတင်ပြပေးပါမယ်။အခုတော့
အမျိုးသားထဲမှ ဖြစ်ခဲ့တဲ့အဖြစ်ကိုတင်ပြပေးပါမယ်။