Thursday, July 26, 2018

မိဘတွေနဲ့စိတ်ကောက်ပြီး ဘာလီကျွန်းကို တစ်ယောက်တည်းသွားတဲ့ ၁၂ နှစ်သား


မိဘတွေက အားလပ်ရက် အပန်းဖြေခရီးသွားမယ့် အစီအစဉ်
ဖျက်သိမ်းခဲ့ပြီးနောက်မှာ အသက် ၁၂ နှစ်အရွယ် သြစတြေးလျ ကလေးငယ်က ဘာလီကျွန်းကို တစ်ယောက်တည်း သွားခဲ့ပါတယ်။ ဆစ်ဒနီမြို့မှာ နေထိုင်တဲ့ အဲဒီကလေးငယ်ဟာ သူ့မိဘတွေရဲ့ Credit Card ကို အသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ခန်း မှာယူခဲ့တာပါ။

သူဟာ ဆစ်ဒနီကနေ ပါ့သ်မြို့ကို သွားရောက်ခဲ့ပြီး အဲဒီကတစ်ဆင့် ဘာလီကျွန်းကို တစ်ကိုယ်တော် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မိဘတွေက လူပျောက်တိုင်ကြားပြီး ၉ ရက်အကြာမှာ ဒီကလေးငယ်ကို ဘာလီကျွန်းမှာ တွေ့ရှိခဲ့တာပါ။

နိုင်ငံကူးလက်မှတ်နဲ့ ကျောင်းသားကတ် အသုံးပြုခဲ့တဲ့ ဒီကလေးငယ်ကို လေကြောင်းလိုင်း အရာရှိတွေက တစ်ကြိမ်ပဲ မေးမြန်းခဲ့ကြပါတယ်။ ဒီကလေးငယ်ဟာ သူ့အစ်မကို စောင့်နေတာလို့ လိမ်ပြောပြီး ဟိုတယ်ခန်းမှာ တည်းခဲ့တာပါ။ ဒီလိုအခြေအနေမျိုး ထပ်မဖြစ်စေဖို့အတွက် သြစတြေးလျရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်နေပါတယ်။
Credit:yoyarlay facebook page

ရုရှားနိုင်ငံက ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာ


ရုရှားနိုင်ငံ ဗဟိုဘဏ် (CBR) သည် လွန်ခဲ့သည့်လက ရွှေတုံးပိုင်ဆိုင်မှု ၂၀ မက်ထရစ်တန်မှ ၁၈၅၇ တန်အထိ တိုးမြှင့်ပိုင်ဆိုင်လာသည့်အတွက် ပဉ္စမမြောက် ရွှေတုံးပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ရုရှားနိုင်ငံသည် ၂၀၁၅ ခုနှစ် မတ်လမှစ၍ ရွှေတုံးပိုင်ဆိုင်မှု မြင့်တက်လာခဲ့သည်။ Russia Today (RT) သတင်းချန်နယ်၏ ဖော်ပြချက်အရ ရုရှားနိုင်ငံ၏ ပထဝီနိုင်ငံရေး အန္တရာယ်ထိခိုက်လွယ်သော အခြေအနေကို လျှော့ချရန် သမ္မတ ဗလာဒီမာပူတင်က ရွှေတုံးစုဆောင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံ၏ အရန်ရွှေသီးသန့်ထားရှိမှု မြင့်တက်လာခဲ့သည်။

ကမ္ဘာပေါ်တွင် ရွှေတုံးပိုင်ဆိုင်မှု အများဆုံးမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၈,၁၃၄ တန်ရှိကာ Fort Knox တွင် ထားရှိသည်။ ရွှေတုံးပိုင်ဆိုင်မှု ဒုတိယအများဆုံးနိုင်ငံမှာ ဂျာမနီနိုင်ငံ ဖြစ်ပြီး ၃၃၇၄ တန်ရှိကြောင်း သိရသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (International Monetary Fund) က ရွှေတုံးတန်ချိန် ၂၈၁၄ ပိုင်ဆိုင်ကာ တတိယအများဆုံး ဖြစ်ပြီး ပြင်သစ်နိုင်ငံက စတုတ္ထအများဆုံး ရွှေတုံးပိုင်ဆိုင်သူအဖြစ် အသီးသီး ရပ်တည်နေသည်။

ထို့ပြင် ရုရှားနိုင်ငံသည် တတိယအကြီးဆုံး ရွှေထုတ်လုပ်သည့် နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံအတွင်းရှိ ရွှေသတ္တုတွင်း သုံးပုံနှစ်ပုံအား အစိုးရက ဝယ်ယူထားခဲ့ပြီး ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်ချိန်၌ ရွှေတုံးက ဘေးကင်းစိတ်ချရဆုံး ဖြစ်သည်ဟု အစိုးရက ရှုမြင်ကြောင်း RT သတင်းချန်နယ်က ရေးသားထားသည်။
Credit: (Xinhua)

နေရောင်နဲ့ မြေသားမရှိတဲ့ အန္တာတိကတိုက်မှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးအောင်မြင်ခဲ့


အန္တာတိကတိုက်မှာ အခြေချနေထိုင်တဲ့ ဂျာမနီနိုင်ငံက သိပ္ပံပညာရှင်တွေဟာ နေရောင်မမြင်၊ မြေသားမရှိတဲ့ ပတ်ဝန်းကျင်မှာ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆီးနှင်းတွေ အမြဲတမ်းဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်မှာ ကွန်တိန်နာ အရွယ်အစား ဓာတ်ခွဲခန်းမှာ ဆေးဘက်ဝင်အပင်တွေ၊ ဆလပ်ပင်တွေ၊ ဟင်းနုနွယ်ပင်တွေ၊ အနီရောင် မုန်လာပင်တွေ စိုက်ပျိုးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ဟင်းသီးဟင်းရွက် ၈ ပေါင်လောက် ခူးဆွတ်ခဲ့ကြပါတယ်။ လူသားတွေ အာကာသခရီးစဉ် သွားရင် စားသောက်နိုင်မယ့် အပင်တွေ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြီး EDEN-ISS စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ။

ရာသီဥတု ကြမ်းတမ်းပြီး သီးခြားတည်ရှိတဲ့ အန္တာတိကတိုက်ဟာ အင်္ဂါဂြိုဟ်၊ လကမ္ဘာတွေရဲ့ ပုံစံတူအဖြစ် စမ်းသပ်စိုက်ပျိုးဖို့ အကောင်းဆုံးပဲလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Credit:yoyarlay facebook page

ခြေနှစ်ဖက်ပြတ်နေတဲ့အမျိုးသမီး လှေကားထစ် ၂၇၀၀ ကျော် တက်ရောက်နိုင်ခဲ့


ရထားမတော်တဆမှုကြောင့် ခြေထောက် နှစ်ဖက် ပြတ်ခဲ့တဲ့
အမျိုးသမီးတစ်ယောက်ဟာ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့
မန်နီတူ ဆင်ခြေလျှောက လှေကားထစ် ၂၇၀၀ ကျော်ကို
အချိန် ၄ နာရီအတွင်း တက်ရောက်နိုင်ခဲ့ပါတယ်။
မန်ဒီဟိုဘတ်(Mandy Horvath)ဟာ Date-Rape Drug (အဓမ္မပြုကျင့်ဖို့ သုံးတဲ့ဆေး) လို့ခေါ်ကြတဲ့ ဆေးမိခဲ့ဖွယ်ရှိလို့ ၂၀၁၄ ခုနှစ်က မျက်နှာချင်းဆိုင်လာနေတဲ့ ရထားနဲ့ တိုက်မိခဲ့ပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ခဲ့သူပါ။

မန်နီတူဆင်ခြေလျှောဟာ အကွာအဝေး တစ်မိုင်နီးပါးရှိပြီး
အမြင့် ပေ ၂၀၀၀ ကျော်ရှိတဲ့အတွက် မတ်စောက်တယ်လို့ ဆိုကြပါတယ်။
သူ့အနေနဲ့ တစ်ခုခုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသဖို့ လေ့ကျင့်မှုမလုပ်ဘဲ မန်နီတူ ဆင်ခြေလျှောက လှေကားထစ် ၂၇၄၄ ကို တက်ပြခဲ့တာလို့ မန်ဒီက ပြောပါတယ်။ အနာဂတ်ကာလမှာ မသန်စွမ်းသူတွေ အဆင်ပြေစေမယ့် စားသောက်ဆိုင် ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ခြေ၊ လက်ပြတ်နေသူတွေကို စားဖိုခန်းမှာ
အလုပ်ခန့်သွားမယ်လို့ သူက ဆိုပါတယ်။
Credit:yoyarlay facebook page

သေကြောင်းကြံစည်သူကို အစီအမံကောင်းကောင်းနဲ့ တားဆီးနိုင်တဲ့ မစ်ချီဂန်ရဲတပ်ဖွဲ့


မစ်ချီဂန်ပြည်နယ်က ရဲတပ်ဖွဲ့က ခုံးကျော်တံတားပေါ်က
ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ့်သူတစ်ဦးကို
အစီအမံကောင်းကောင်းနဲ့ တားဆီးနိုင်ခဲ့ပါတယ်။
အမျိုးသားတစ်ယောက်က ခုံးကျော်တံတားပေါ်က
န်ချမယ်လို့ ခြိမ်းခြောက်ပြီးနောက်မှာ မစ်ချီဂန်ရဲတပ်ဖွဲ့က
တံတားအောက်မှာ ကုန်တင်ကားတွေကို ရပ်တန့်ထားစေခဲ့ပြီး
ပြုတ်ကျရင် မသေနိုင်အောင် စီစဉ်ခဲ့ပါတယ်။

တပြိုင်တည်းမှာပဲ ရဲတပ်ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းပေးသူတွေက
အဲဒီအမျိုးသားကို တံတားပေါ်က မခုန်ချအောင် ဖျောင်းဖျခဲ့ကြပါတယ်။ သူတို့ရဲ့ ဖျောင်းဖျမှု အောင်မြင်ခဲ့ပြီးနောက်မှာတော့သူ့ကို စိတ်ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံ ခေါ်သွားခဲ့ကြပါတယ်။
Credit:yoyarlay facebook page

မြန်မာ့ပုံနှိပ်စာပေ သမိုင်း

ကမ္ဘာ့သမိုင်းတွင် စာအုပ်သည် ၁၅ ရာစုမှ စတင်နေရာယူလာကြသည် ဟုထင်ပါသည်။ လက်လှမ်းမီ သမျှတင်ပြရလျှင် ကမ္ဘာ့ပထမဆုံးစာအုပ်သည် ခရစ်နှစ် ၁၄၅၆ ခုနှစ်မှစတင်ပုံနှိပ်သည်ဟု အဆိုအမိန့် ရှိခဲ့ပါသည်။ ခရစ်နှစ် ၁၄၅၆ ခုနှစ်တွင် 'ဂျွန်ဂူတင်ဘတ်ဆိုသူက သမ္မာကျမ်းစာအုပ် အတွဲနှစ်တွဲကို စတင်ပုံနှိပ်ထုတ်ဝေသည်။ ထိုစာအုပ်တွင် စာတစ်မျက်နှာ၌ စာကြောင်းရေ ၄၂ ကြောင်းပါရှိပြီး နှစ်ကော်လံခွဲခြား ဖော်ပြသည်။ ထိုစာအုပ်တွင်ပြီးစီးရန် ၅ နှစ်ကြာ ပုံနှိပ်ခဲ့ရသည်ဟု သိရှိမှတ်သားရပါ သည်။ ပထမဆုံးသောရောင်စုံ ပုံနှိပ်စာအုပ်ကို ခရစ်နှစ် ၁၄၅၇ ခုနှစ်တွင် 'ဂျွန်ဖတ်နှင့် ပီတာရှိုဖာတို့ နှစ်ဦးက ပုံနှိပ်ထုတ်ဝေခဲ့သည်။ ခရစ်နှစ် ၁၄၇၅ ခုနှစ်တွင် 'ဝီလီယမ် ကက်စတာသည် ထရွိုင်မြို့သမိုင်း ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားကာ ၁၄၇၇ ခုနှစ်၌ အင်္ဂလန်နိုင်ငံမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ သည်။

မြန်မာနိုင်ငံ၏ ပုံနှိပ်စာအုပ်သမိုင်းဦးသည် ခရစ်နှစ် ၁၇၇၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်) ဆင်ဖြူရှင်မင်းလက်ထက်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် သန်လျင်မြို့သို့ အီတလီလူမျိုး သာသနာပြုတစ်ဦး ရောက်လာခဲ့ပြီး မြန်မာစာပေကို လေ့လာသင်ကြားခဲ့သည်။ ထို့နောက် အီတလီနိုင်ငံ ရောမမြို့သို့ပြန်သွားပြီး မြန်မာအက္ခရာများကို တီထွင်သည်။ ယင်းမြန်မာ အက္ခရာ ခဲစာလုံးများဖြင့်
မြန်မာသင်ပုန်ကြီးစာအုပ်၊ ခရစ်တော်ဝင်ချုပ်စာအုပ်၊ ဘုရားသခင် ပညတ်တော်တို့ အနက်အဓိပ္ပာယ် စာအုပ်၊ ဘုရားသခင် ဘာသာတရားတော်အလျောက် အကျင့်ဝါဒကိုပြသော စာအုပ်များကို ရောမမြို့ ခရစ်ယာန်သာသနာပြု ပုံနှိပ်စက်မှ ရိုက်နှိပ်ခဲ့သည်။ ထို့ကြောင့် မြန်မာဘာသာဖြင့် ပုံနှိပ်စာအုပ်ကို အေဒီ ၁၇၇၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ်တွင် ရောမမြို့မှ စတင်ပုံနှိပ် ထုတ်ဝေခဲ့သည်ဟု အဆိုအမိန့်ပြု မှတ်တမ်းတင်ခဲ့သည်။)

၁၇၇၆ ခုနှစ်မှာပင်၊ ရောမမြို့ ခရစ်ယာန်သာသနာပြု ပုံနှိပ်စက်ပိုင်ရှင်များသည် သန်လျင်မြို့ရှိ ခရစ် ယာန်သာသနာပြုများထံသို့ ပုံနှိပ်စက်နှစ်လုံးကို မြန်မာအက္ခရာ ခဲစာလုံးခြောက်သောင်း၊ လက်တင် အက္ခရာခဲစာလုံး လေးသောင်းနှင့်အတူ ပေးပို့ခဲ့၏။ သို့သော် သန်လျင်မြို့ မီးလောင်သည့်အခါ ပုံနှိပ်စက်နှင့် ခဲစာလုံးများ ပါသွား၍စာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပေ။

အလန်းစား မျက်ခုံးအလှလေးများ

အလှအပရေးရာတွင် မျက်ခုံးမွှေးကို လှပအောင် ပုံဖော်ပြင်ဆင်မှုလည်း တစ်ခုအပါအ၀င်ပါ။ ယခုတင်ပြမယ့် မျက်ခုံးအလှဆင်မှုလေးတွေကတော့ မြင်သူတကာ ငေးမောပြီး အံ့သြမင်သပ်စေနိုင်ပါတယ်။ သူငယ်ချင်းတို့လည်း စိတ်ပါရင် လိုက်လုပ်နိုင်ပါတယ် :P

Related Posts Plugin for WordPress, Blogger...