
အန္တာတိကတိုက်မှာ အခြေချနေထိုင်တဲ့ ဂျာမနီနိုင်ငံက သိပ္ပံပညာရှင်တွေဟာ နေရောင်မမြင်၊ မြေသားမရှိတဲ့ ပတ်ဝန်းကျင်မှာ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဆီးနှင်းတွေ အမြဲတမ်းဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်မှာ ကွန်တိန်နာ အရွယ်အစား ဓာတ်ခွဲခန်းမှာ ဆေးဘက်ဝင်အပင်တွေ၊ ဆလပ်ပင်တွေ၊ ဟင်းနုနွယ်ပင်တွေ၊ အနီရောင် မုန်လာပင်တွေ စိုက်ပျိုးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ဟင်းသီးဟင်းရွက် ၈ ပေါင်လောက် ခူးဆွတ်ခဲ့ကြပါတယ်။ လူသားတွေ အာကာသခရီးစဉ် သွားရင် စားသောက်နိုင်မယ့် အပင်တွေ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြီး EDEN-ISS စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ။
ရာသီဥတု ကြမ်းတမ်းပြီး သီးခြားတည်ရှိတဲ့ အန္တာတိကတိုက်ဟာ အင်္ဂါဂြိုဟ်၊ လကမ္ဘာတွေရဲ့ ပုံစံတူအဖြစ် စမ်းသပ်စိုက်ပျိုးဖို့ အကောင်းဆုံးပဲလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Credit:yoyarlay facebook page
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။