Friday, November 30, 2012
ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထား မော်လ်တာ နိုင်ငံတွင် ပြုလုပ်
ဘရပ်ဆယ်လ် နိုဝင်ဘာ ၂၃
ဥရောပ တိုက်ရှိ မော်လ်တာ နိုင်ငံတွင် ချောကလက် တစ်မျိုးတည်းဖြင့် ရထား တည်ဆောက်ခဲ့ရာ ကမ္ဘာ့ အရှည်ဆုံး ချောကလက် ရထားအဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၎င်းအား ဘရပ်ဆယ်လ်မြို့ တောင်ပိုင်း ဘူတာရုံ၌ ခင်းကျင်း ပြသခဲ့ပြီး ၎င်းမှာ ၁၁၂ ပေ(၃၄ ဒသမ ၅ မီတာ) ရှည်၍ ၂၇၅၅ ပေါင် (၁၂၅ဝ ကီလို) ကျော် အလေးချိန် ရှိကြောင်း သိရသည်။
ကမ္ဘာ့ မြေပုံပေါ်၌ ဖော်ပြထားသည့် စန္ဒီကျွန်း တည်နေရာတွင် ကျွန်းမရှိဘဲ ရေပြင်ဖြစ်နေ
ကမ္ဘာ့ မြေပုံပေါ်တွင် ရှိနေသည့် စန္ဒီကျွန်းကို သိပံ္ပပညာရှင်များ ၂၅ ရက်ကြာ ရှာဖွေရာတွင် မြေပုံပေါ်တွင် ဖော်ပြထားသည့် နေရာ၌ ကျွန်းမရှိဘဲ ရေပြင်သာ ရှိသည်ကို တွေ့ရှိရသည်။ စန္ဒီကျွန်းသည် ပြင်သစ်အုပ်ချုပ် သော နယူးကယ်လီ ဖိုးနီးယားကျွန်းနှင့် သြစတြေးလျ အရှေ့ဘက် ကမ်းခြေအကြား တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိသည်ဟု မြေပုံပေါ်တွင် ဖော်ပြထား သော်လည်း ဆစ်ဒနီ တက္ကသိုလ်မှ ကျွမ်းကျင် သူ ပညာရှင်များက ရှာဖွေရာတွင် အဆိုပါ ကျွန်းရှိ သည့် နေရာသည် ရေပြင် ဖြစ်နေသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံနှင့်ကာတွန်းပုံလေးများပေါင်းစပ်မှု
Ben Heine ဆိုသည့် သူတစ်ဦး၏ ဖန်တီးမှုများပါ။
သူ၏စိတ်ကူးက ပြင်ပမှ ပုံရိပ်များနှင့် သူ၏ ပုံဆွဲပညာကို ပေါင်းစပ်
ကာ အသက်ဝင်လှပ ဆန်းကြယ်သောပုံလေးများ အဖြစ်ဖန်တီးခြင်
တာပါ။သူ၏စိတ်ကူးလေးများကို ဆယ်နှစ်သားအရွယ်လေးထဲက 
ပေးထားပါတယ်။မတူညီ ခြားနားသော ပုံရိပ်နှစ်ခုကို ပေါင်းစပ်ခြင်းဟု
ပါအုံးဗျာ...
ငှက် အမျိုးအစား ၁၅၁ ကောင်၏ အသံကို အသံတု ပြုလုပ်နိုင်သည့် နီပေါ နိုင်ငံသား တစ်ဦး
ခတ္တမန္ဒူ နိုဝင်ဘာ ၂၃
နီပေါနိုင်ငံ အလယ်ပိုင်း မက်ခ်ဝမ်ပါး ခရိုင် ဂတ်ဟီရွာရှိ ချာရီဒါဒါဟု ခေါ်သော နာမည်ကျော် ဂူတန်စပ်ကိုတာ ဆိုသူသည် ငှက်အသံ ၁၅၁ မျိုး၏ အသံများကို တုပပြုလုပ် နိုင်ခဲ့သည့် အတွက် ဂင်းနစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။
စပ်ကိုတာသည် ငှက် အမျိုးမျိုး၏ အသံကို တုပပြုလုပ် နိုင်သည့် ထူးခြားသော ပါရမီကြောင့် ကမ္ဘာ့စံချိန် ဂင်းနစ် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် ခံရခြင်းဖြစ်ပြီး ၎င်းသည် နီပေါနိုင်ငံရှိ ခရိုင် ၁၄ဝ ကျော်ရှိ ငှက်အသံ ၁၅၁ ကောင်၏ အသံများကို အသံတု လေ့ကျင့် ခဲ့ရကြောင်း သိရသည်။
၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာကြီးပျက်သုဉ်းမည်ဆိုသော မာယာ ပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေ တွေ့ရှိ
ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ  ၂၁ ရက်တွင် ပျက်သုဉ်း မည်ဟု မာယာ ပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူ များက ရှာဖွေဖော် ထုတ်နိုင် ခဲ့သည်။
ကမ္ဘာ ပျက်မည့်နေ့ကို ကြိုတင် ဟောကိန်း ထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်သူများ၏ စိတ်ကူး စိတ်သန်း သာဖြစ် ပြီး မက္ကဆီကို အရှေ့တောင်ပိုင်းရှိ  မာယာတို (T) ပုံစံကျောက်တုံးတွင် ထွင်းထု ထားသည့် မာယာ ပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် အကြောင်းအရာ လုံးဝမပါရှိ ကြောင်း သိရသည်။
နှစ်ပေါင်း ၁ဝဝဝဝ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း အိမ်တစ်လုံး၏ အပိုင်းအစများ တူးဖော်တွေ့ရှိ
အီဒင်ဘာ့ဂ် နိုဝင်ဘာ ၂၄
လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ကျော်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအိမ် တစ်လုံး၏ အကြွင်းအကျန်အစအန များကို စကော့တလန် နိုင်ငံ အီဒင်ဘာ့ဂ် မြို့အနီးတွင် ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ နေအိမ် အကြွင်းအကျန် များကို Forth bridge သို့သွားသော လမ်းကြောင်း အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဘီစီ ၈၂၄ဝ ဝန်းကျင်ခန့်က နေအိမ် အကြွင်း အကျန်များ ဖြစ်သည်ဟု ရှေးဟောင်း သုတေသန ပညာရှင် များက ယူဆကြသည်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်ကို ရက်ပေါင်း ၉ဝ အတွင်း တရုတ် ကုမ္ပဏီ တည်ဆောက်မည်
ပေကျင်း  နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံမှYuandaGroup ကုမ္ပဏီသည် အထပ် ၂၂ဝ ပါဝင်သော မိုးမျှော်တိုက် တစ်လုံးကို ရက်ပေါင်း ၉ဝ အတွင်း တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း Shin Chew နေ့စဉ်ထုတ် သတင်းစာ၏ ဖော်ပြ ထားချက် အရ သိရသည်။ ၈၃၈ မီတာ အမြင့်ရှိသော Sky City  အမည်ရှိ အဆိုပါ မိုးမျှော်တိုက်ကို ချန်ရှာ ဒေသ၌ ယခုလ အကုန်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း Yuanda Group ကုမ္ပဏီက  ပြောကြားသည်။
တောင်အာရှ ကာယ ဗလမောင် ပြိုင်ပွဲတွင် HIV ရောဂါ ခံစား နေရသည့် မဏိပူရ ကာယ အလှမောင် အနိုင်ရ
အင်ဖာ  နိုဝင်ဘာ  ၂၆
အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်မှ HIV ရောဂါ ခံစား နေရသော ကာယ အလှမောင် တစ်ဦး ဖြစ်သူ ခွန်ဒရာ ပန်ပရာဒစ် ကူးမာသည် ပန်ဂျက် ပြည်နယ် လက်ဟီအန်နာ မြို့တွင် ကျင်းပသော တောင်အာရှ ၆၅ ကီလို ဝိတ်တန်း ကာယဗလမောင် ပြိုင်ပွဲတွင် အနိုင် ရရှိ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။
ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ
သယ်ရင်းတို့ရေ ဆေးရုံက မိုက်တယ်နော်..... မြေအောက်မှာဆောင်ထားတယ်ဆိုပဲ......
          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
အရောင်သွေးစုံပြီးချစ်စရာငါးလေးတွေ...
Tuesday, November 27, 2012
ဆရာမတွေခေါင်းကိုက်စေမဲ့ လေးမွှာပူးတို့ ကျောင်းတက်ချိန်
[Image: c3d887221497908.jpg]
စာသင်နှစ်အစမှာ တပည့် လေးတွေရဲ့ အမည်နဲ့ မျက်နှာကို မှတ်မိအောင်လုပ်ဖို့ ဆိုတာကတော့ အတန်းထဲမှာ ကျောင်းသားသစ်တွေလက်ခံရတဲ့ အတန်းပိုင်ဆရာ/ ဆရာမအတွက်တော့ တစ်ကယ့်ကိုခေါင်းကိုက်စစရာပါပဲ...ဒီထက်ပိုပြီး လေးမွှာပူးကျောင်းသူ
အသစ်လေးယောက်ကိုထိန်းရမယ်ဆိုယင်တော့စဉ်စားသာကြည့် ပါတော့ 
အယ်လီ၊ ဂျော်ဂျီနာ၊ ဂျက်ဆီကာ နဲ့  ဟိုလီကားလ်စ် တို့ ဟာ ခွဲမရအောင်တူတဲ့ လေးမွှာပူး ညီအစ်မတွေဖြစ်ကြပြီး သူတို့ ဟာ ယခုမှ ကျောင်းစတက်ကြတာဖြစ်ပါတယ်...
အမှတ်တမဲ့အလွဲများ(၁၈)
အမှတ်တမဲ့အလွဲများထပ်တင်ပေးလိုက်ပါတယ်...
ဘာတွေများဒီလောက်စိတ်ဝင်တစား ကြည့်နေရတာလဲဟင်...
Saturday, November 24, 2012
ထူခြားဆန်းတဲ့ အိမ်းကလေးများ... (၂)
အရင်ကထူခြားဆန်းတဲ့ အိမ်းကလေးများ... ဆိုပြီးတင်ပေးဖူးပါတယ်။
ဒီဇိုင်းဆန်းပြီး လှပသောအိမ်ပုံစံလေးတွေထပ်တင်ပေးလိုက်ပါတယ်ဗျာ။
ကမ္ဘာ့အကြီးဆုံးကား
 အမြင့် ၂၂ ပေ ၇ လက်မ၊ အကျယ် ၂၅ပေ ၇လက်မ၊ အလျား ၆၆ ပေ ၉ လက်မ ရှိပါတယ်။ အင်ဂျင်က လျှပ်စစ်ဓာတ်အား AC သုံးအင်ဂျင်ဖြစ်ပြီး၊ ဒီဇယ်အင်ဂျင်လည်း ပါရှိပါသေးတယ်။
ကမ္ဘာ့အကြီးဆုံးကားလို့ မှတ်တမ်းအတင်ခံထားရတဲ့ ကားကတော့ General Motor မှ ထုတ်လုပ်တဲ့ Terex 33-19 Titan လို့အမည်ရတဲ့ ထရတ်ကား ပဲ ဖြစ်ပါတယ်။
Terex ထရတ်ကားအမျိုးအစားများကို ၁၉၇၃ ခုနှစ်က စတင်ထုတ် လုပ်ပြီး ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ လမ်းတံတားဖောက် လုပ်ရေးတို့မှာ အသုံးပြုဖို့ ရည်ရွယ်ပြီး GM က ကနေဒါနိုင်ငံမှ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်တွင် သွေးနှင့် တည်ဆောက်သော တံတား
ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံးနဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်
းစရာပဲ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်က စဆောက်ပြီး ၁၉၇၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ Samar အမည်ရကျွန်းနဲ့ Leyte ကျွန်း နှစ်ခု အကြား ဆက်သွယ်တဲ့ တံတား ဖြစ်ပြီး ၁.၃၄ မိုင်ရှည်လျား ပါတယ်။ အမြင့်ကတော့ ၁၃၅ ပေ ရှိပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁.၉ သန်း ရှိပြီး ဂျပန်နဲ့ ဖက်ဆက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း
သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။
တည်နေရာကတော့ တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်ဆူးပြည်နယ်၊ Dunhuang မြို့ အနီးမှာ ရှိပါတယ်။ သဲကန္တာရ တောင်တန်းများ ဝိုင်းရံထားပြီး အလယ်မှာ ယခုလို သာယာလှပတဲ့ နေရာ တစ်ခု ရှိနေတာ အထူးအဆန်း ပဲ ဖြစ်ပါတယ်။
လူဖြင့် လုပ်သော ကား
ရုတ်တရက် ကြည့်လိုက်ရင် ကားလို့ ထင်ရပေမယ့် အမှန်တော့ လူ ၁၇ ဦးကို ဆေးခြယ်လို့ ပုံဖော်ထားတဲ့ ကား ဒီဇိုင်း ဖြစ်ပါတယ်။
အမျိုးသား၊အမျိုးသမီး ပါဝင်ပြီး သြစတေးလျ body painter - Emma Hack က ဆေးခြယ်ပေးထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လူလိမ်ပြိုင်ပွဲ အင်္ဂလန်၌ ကျင်းပမည်
 ကမ္ဘာ့အကြီးဆုံး လူလိမ်ရွေးချယ်ပြိုင်ပွဲကို အင်္ဂလန် အနောက်မြောက်ပိုင်းဒေသရှိ ဘရစ်ခ်ျအင်တွင် မကြာမီကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘာအရပ်ရပ်မှ အဆိုပါလူလိမ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာလ၁၅ရက်နေ့တွင် ဘရစ်ခ်ျအင်သို့ စုရုံးရောက်ရှိနေပြီဖြစ်သည်။ အဆိုပါလူလိမ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးချင်းစီသည် ငါးမိနစ်ခန့် ပရိသတ်များရှေ့တွင် အလိမ်အညာစကားများကို ပြောကြားခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့ထဲမှအကောင်းဆုံးကို ရွေးချယ်မည်ဖြစ်သည်။
ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ
ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့
ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။
ဖားများကို အများဆုံးစုဆောင်းသူ
အမေရိကတွင် သာယာကျူတာဆိုသည့် အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးမှာ ဖားနှင့်ပတ်သက်သည့် ပစ္စည်းပစ္စယပေါင်း တစ်သောင်းကျော်ကို စုဆောင်းထားသည်။ သူစုဆောင်းထားသည့် ပစ္စည်းများထဲတွင် ဖားရုပ်များ အများဆုံးပါဝင်နေသောကြောင့်  ယင်းအမျိုးသမီးကြီးကို ဖားချစ်သူ အမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်လိုက်ပြီဖြစ်သည်။ ''ဖားတွေက ချစ်ဖို့ကောင်းတယ်။ ဘာကြောင့်သူတို့ကို ချစ်ရတယ်ဆိုတာတော့ ရှင်းမပြတတ်ဘူး''ဟု ယင်းအမျိုးသမီးကြီးက သူ့ခံစားချက်များကို ဖွင့်ဟသွားသည်။
ref: ပြည်မြန်မာ 
လူပေါင်းရာချီ၍ လှိုင်းအတူစီးပြ
သြစတြေးလျနိုင်ငံတွင် GoRideaWave လှိုင်းစီးအဖွဲ့က ၎င်းတို့၏ ငွေရတုအခမ်းအနားတွင် လူအများဆုံး လှိုင်းစီးပြီး  ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့ကြသည်။ ယင်းအဖွဲ့မှ လူ၁၂၀က တစ်ပြိုင်နက်တည်းမှာ လှိုင်းအတူ စီးပြနိုင်ခဲ့သောကြောင့် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ကမ္ဘာ့မှတ်တမ်းတွင် ယင်းသို့ စံချိန်တင်ရန် ချမှတ်ထားသော စည်းကမ်းများမှာ လှိုင်းစီးသူများအားလုံးက တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ လှိုင်းလုံးတစ်လုံးတည်းကို အနည်းဆုံး ငါးစက္ကန့်ကြာ အတူစီးပြရမည် ဟူ၍ပင်ဖြစ်သည်။ ယင်းသို့ ကမ္ဘာ့စံချိန်တင်အောင် လှိုင်းစီးနိုင်ခဲ့သည့် လှိျု့ဝှက်ချက်မှာ လှိုင်းစီးသူများ အားလုံးက တစ်ချိန်တည်းမှာ တညီတညွတ်တည်း လက်တွဲလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ယင်းအဖွဲ့က ရှင်းပြသည်။
ref: ပြည်မြန်မာ 
ကမ္ဘာ့အသေးဆုံး Projector
သွားလေရာတွင် အလွယ်တကူ သယ်သူသွားနိုင်မည့် မီးခြစ်ဘူးအရွယ်မျှသာရှိသည့် Projector အသေးစားလေးကို လန်ဒန်ကုမ္ပဏီက စတင်တီထွင်လိုက်ပါပြီ။ Projectoဟု နာမည်ပေးထားသည့် အဆိုပါ Projector အသေးစားလေးမှာ  ၁၅ဒေါ်လာမျှသာ ကျသင့်သောကြောင့် အရေးပေါ်အစည်းအဝေး လုပ်လိုသူများအတွက် လွန်စွာအသုံးဝင်သည်။ ယင်းProjectorတွင် LEDမီးအလင်းရောင်များကို အဓိကထား အသုံးပြုထားပြီး ကိုဒက်ဖလင်များဖြင့် လက်တွေ့စမ်းသပ်ပြခဲ့သည်။ ယင်း Projectorအသေးစားလေးကို စတင်တီထွင်ရနု Kickstart၀က်ဘ်ဆိုက်မှ စတင်ကြေညာခဲ့ပြီး ၂၄နာရီအတွင်းမှာ ရန်ပုံငွေရရှိခဲ့သည်။
ref: ပြည်မြန်မာ 
ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာ
အနံ့အရသာ ခပ်ပြင်းပြင်းကိုမှ ကြိုက်နှစ်သက်ကြ သူများအတွက် ဆမ်အဒမ် ဘီယာချက်စက်ရုံက ကမ္ဘာ့ဈေးအကြီးဆုံး ယူတိုးပီးယားဘီယာကို ထုတ်လုပ်လိုက်ပါပြီ ဆမ်အဒမ်စက်ရုံက ၎င်းတို့၏ယူတိုးပီးယား ဘီယာထုတ်လုပ်ခြင်း ၁၀နှစ်မြောက်မှာ ဘီယာတစ်ပုလင်းလျှင် ဒေါ်လာ၁၉၀၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ယင်းဘီယာထဲတွင် အယ်လ်ကိုဟောပါဝင်မှု အချိုးအစားမှာ ၂၇ရာခိုင်နှုန်းအထိရှိသည်။ ဆမ်အဒမ် ဘီယာစက်ရုံက ၎င်းတို့၏ ယူတိုးပီးယားဘီယာကို တစ်နှစ်စာအတွက် အလုံးရေ နှစ်သောင်းသာ ထုတ်လုပ်သည် ဟုသိရသည်။
Thursday, November 22, 2012
လက်ချောင်း သုံးချောင်းသာ ရှိသည့် ဖားမျိုးစိတ်သစ် တစ်မျိုး ဘရာဇီး နိုင်ငံ သစ်တော ကြိုး ဝိုင်း တစ်ခု အတွင်း ရှာဖွေ တွေ့ရှိ
http://www.myawady.net.mm/cache/5/958c89b1ac9e9dc8a994d66ae6e71941.png
ဂွာရာကျူ ကာဘာ နိုဝင်ဘာ ၈
ဘရားဇီး နိုင်ငံ တောင်ပိုင်း အတ္တ လန္တိတ် မိုးသစ်တော ကြိုးဝိုင်း တစ်ခု၏ တောင်ထိပ် တစ်ခု ပေါ်တွင် လက်ချောင်း သုံးချောင်း ပါရှိသည့် ဖားမျိုး စိတ်သစ် တစ်မျိုးကို ဇီဝဗေဒ ပညာရှင်မိုက်ကယ် လ်ဂါရေးက မထင်မှတ်ဘဲ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
မော်တော်ကား ရပ်နားရာတွင် ယာဉ်မောင်းများကို အကူအညီ ပေးနိုင်မည့် ဖောက်ထွင်းမြင် ကားသစ်တစ်မျိုး ဂျပန် သုတေသီများ ထုတ်လုပ်
http://www.myawady.net.mm/cache/c/0c13170c6c489f9217f059ec68422998.png
တိုကျို  နိုဝင်ဘာ ၉
ဂျပန်နိုင်ငံမှ သုတေသန ပညာရှင် များသည် ကားအတွင်းမှ ပြင်ပ ပတ်ဝန်းကျင် အခြေအနေကို ထိုးထွင်း မြင်နိုင်သော ဖောက်ထွင်းမြင် ကားသစ် တစ်မျိုးကို ထုတ်လုပ် ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။
အဆိုပါ ကား၏ ဒီဇိုင်းကို တိုကျိုမြို့တွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ၎င်းကားသည် ကားရပ်နား ရာတွင် ယာဉ်မောင်း သူများကို အကူအညီ ပေးနိုင်မည့် အပြင် နောက်ကြည့်မှန်တွင် မမြင်နိုင်သည့် လမ်းပိတ် ငုတ်တိုင် ကဲ့သို့သော အရာ ဝတ္ထုများ၊ တိရစ္ဆာန်များ၊ ကလေးငယ် များကို ယာဉ်မောင်း ထိုင်ခုံပေါ်မှ ထကြည့် စရာ မလိုဘဲ မြင်နိုင်မည် ဖြစ်သည်။
ကမ္ဘာ့ အသေးငယ်ဆုံး တယော တစ်မျိုး ဂီတ ပညာရှင် တစ်ဦးတီထွင်
လန်ဒန် နိုဝင်ဘာ ၉
ဒေးဗစ်အက်ဒ်ဝပ် အမည်ရှိ ဂီတ ပညာရှင် တစ်ဦးသည် ကမ္ဘာ့ အသေးဆုံး တယော တစ်မျိုးကို တီထွင် ဖန်တီး ခဲ့ကြောင်း သိရသည်။အဆိုပါ တယောသည် အရှည် တစ်လက်မခွဲ ခန့်သာရှိပြီး ၎င်းအား ပေါင်တစ်ထောင် ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။
ဒေးဗစ်အက်ဒ်ဝပ် သည် တစ်ချိန်က စကော့တလန် အမျိုးသား သံစုံ တီးဝိုင်းတွင် တယော တီးသူ တစ်ဦးဖြစ် သည်။ သို့သော် ၎င်းသည် ဈေးကွက်တွင် အရောင်းတွင်မည့် အရုပ်အိမ် အသေးစား မျိုးကို ဖန်တီး ပြုလုပ်ရန် အတွက် ၎င်း၏ ဂီတဖြင့် အသက် မွေးမှုကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။
တောင်အမေ ရိက တိုက်ရှိ အရွယ် ကြီးမားသော အနာ ကွန်ဒါ မြွေကြီးများ
http://www.myawady.net.mm/cache/7/77284fd13364a7a8f89c57affdfa2b46.png
မာတို ဂရော့ဆို နိုဝင်ဘာ ၁၁
ဖရန်ကို ဘန်ဖီ အမည်ရှိ ဆွစ်ဇာလန် ရေငုပ် သမား တစ်ဦးသည် အနာ ကွန်ဒါ မြွေများ နေထိုင် ရာ သဘာဝ စားကျက်မြေ အတွင်း အနီးကပ် ဓာတ်ပုံ ရိုက်ယူရန် ဘရာဇီး နိုင်ငံ မာတို ဂရော့ ဆို အရပ် ဒေသသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
အနာ ကွန်ဒါ မြွေကြီး များသည် ရှဥ့်၊ ကြွက်၊ ငှက်များနှင့် ငါးများအား စားသောက် တတ်ကြပြီး သားကောင်ကို အနီးကပ် ချောင်းမြောင်း တိုက်ခိုက်လေ့ ရှိကြသည်။
ကူဝိတ်နိုင်ငံတွင် ဂင်းနစ် စံချိန်တင်ခဲ့သည့် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနား ကျင်းပ
http://www.myawady.net.mm/cache/c/4c3ad81f73f24f85f5cc1c7c7df94313.png
ကူဝိတ်  နိုဝင်ဘာ   ၁၇
ကူဝိတ်နိုင်ငံ ကူဝိတ် စီးတီးမြို့တွင် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှစ် (၅ဝ)မြောက် နှစ်ပတ်လည် နေ့တွင် ကမ္ဘာ့ စံချိန်တင် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း အင်တာနက် သတင်းအရ  သိရသည်။
အဆိုပါ အခမ်းအနားတွင် မီးရှူး မီးပန်း စုစုပေါင်း ၇၇၂၈၂ ခုဖြင့် ယခင် ဂင်းနစ် စံချိန်ကို ကျော်လွန်၍ စံချိန် သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခင် ဂင်းနစ် စံချိန်တင် ခဲ့သော မီးရှူး မီးပန်း လွှတ်ပွဲတွင် မီးရှူးမီးပန်း ၆ဝဝဝဝ ခန့်ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ၎င်းမီးရှူး မီးပန်းများကို ဆိပ်ခံ ဗောများနှင့်   လှေများ စုစုပေါင်း ၂၅၁  စင်းပေါ်မှ တစ်နာရီကြာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အင်္ဂလန်နိုင်ငံမှ မိန်းကလေး ၂၈ ဦး အသေးစား ကားအတွင်းသို့ ဝင်ရောက်၍ ကမ္ဘာ့ဂင်းနစ် မှတ်တမ်း စံချိန် တင်ခဲ့
http://www.myawady.net.mm/cache/e/feb1543ee2b9aeafff9e39f1af16614a.png
လန်ဒန် နိုဝင်ဘာ ၁၉
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် (၈) နှစ်မြောက် ကမ္ဘာ့ဂင်းနစ် မှတ်တမ်း နှစ်ပတ်လည်နေ့ အဖြစ် ကွေးနိုင် ဆန့်နိုင်သော ကိုယ်ကာယ အားကစား ပြုလုပ်သူ မိန်းကလေး ၂၈ ဦး ပါဝင်သော အဖွဲ့သည် အသေးစား ကား အတွင်းသို့ ဝင်ရောက်၍  ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင်နိုင် ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ကားအတွင်း သို့ဝင် ရောက်ရန် အတွက် ၁၈မိနစ် အချိန်ယူ ခဲ့ကြောင်း၊ ၎င်းတို့၏ မျက်နှာ များကို လေကာ မှန်ဘက်တွင် ကပ်ထားပြီး ခန္ဓာကိုယ် များကို ပြတင်းပေါက်၏ အပြင်ဘက်တွင် ထုတ်ထား ကြောင်း သိရသည်။
ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်
http://www.myawady.net.mm/cache/6/861a2b7f377972ec5732efe4e6d1e278.png
စင်ကာပူ နိုဝင်ဘာ ၂၁
စင်ကာပူ နိုင်ငံရှိ ဆန်တိုဆာ ကမ္ဘာ့ အပန်းဖြေ စခန်း (RWS) ၌ ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးပြ တိုက်သည် အဏ္ဏဝါ ပြတိုက်များ အနက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခု ဖြစ်ပြီး ၎င်းပြတိုက်တွင် ရေလီတာပေါင်း ၄၅ သန်းခန့် ထည့်သွင်း ထား၍ ပင်လယ် ရေနေ သတ္တဝါ မျိုးစိတ် ၈ဝဝ မှ ရေသတ္တဝါ ကောင်ရေ တစ်သိန်းခန့် ပြသ သွားမည် ဖြစ်သည်။
မာယာ လူမျိုးများ ပျောက်ကွယ်မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေ
ဝါရှင်တန် နိုဝင်ဘာ ၂၁
မာယာ လူမျိုးများ ပျောက်ကွယ် မှုသည် စစ်ပွဲများ၊ မိုးခေါင် ရေရှားမှု ပြဿနာနှင့် ဆက်စပ်မှု ရှိနေကြောင်း သုတေသန ပညာရှင်များ ၏ လေ့လာချက်ကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ဝေသော သိပံ္ပ ဂျာနယ် တစ်စောင် တွင် ဖော်ပြ ထားသည်။
သုတေသန ပညာရှင် များသည် မာယာ လူမျိုးများ နေထိုင် ခဲ့သည့် Belize ဒေသရှိ Yok Balum လိုဏ်ဂူ ထဲတွင် ကြွင်းကျန် နေခဲ့ သည့် ကျောက်စက် မိုးမျှော်များကို ဓာတုဗေဒ နည်းများ အသုံးပြု၍ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ လွန်ခဲ့သော နှစ် ၂ဝဝဝ ကျော်က မိုးရွာသွန်း ခဲ့သော စံချိန် စံညွှန်း များကို ပြန်လည် ဆက်စပ် ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။
Monday, November 19, 2012
အမှတ်တမဲ့အလွဲများ(၁၇)
သမီးကိုလဲ မမ နန်းခင်ဇေယျာလို vote ပေးအုံးနော်...
လူ၂၀၀၀ကျော်က ဘောလုံး၂၀၀၀ကျော်ကို တစ်ပြိုင်တည်းထိန်းကစားပြ
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် လူငယ်၂၁၄၉ဦးက ဘောလုံး၂၁၄၉လုံးကို တစ်ပြိုင်တည်းမှာ ခြေဖျားနှင့်ခြေဖမိုးများသုံးပြီး အသာအယာထိန်း ကစားပြခဲ့သည်။ ယင်းသို့ ဘောလုံးကိုထိန်း ကစားနေချိန်မှာ I Believe in Me ဆိုသည့်သီချင်းကို သီဆိုခဲ့ကြသည်။ ယင်းပွဲတော်ကို ပျော်ရွှင်စွာနွှဲပျော်ရန် ဦးဆောင်စီစဉ်ခဲ့သူမှာ အများအကျိုးမမျှော်ကိုးသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူးဝစ်ပင်ဖြစ်သည်။ လူးဝစ်က America Scoresဆိုသည့် NGOတစ်ခုကို ဦးဆောင်တည်ထောင်ပြီး လူငယ်များကို စည်းရုံးဦးဆောင်နေသူလည်းဖြစ်သည်။ ယခုအခါ လူးဝစ်၏စိတ်ကူးဆန်းက ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်သွားသည်အထိ ချီးကျူးဂုဏ်ပြုခံရပြီဖြစ်သည်။
ref: ပြည်မြန်မာ 
Sunday, November 18, 2012
တစ်မူထူးခြား သစ်ပင်ပေါ်မှအိမ်ကလေးများ
သစ်ပင်ပေါ်မှာ သူများနှင့်မတူ နေချင်သူတွေအတွက် ထူးခြားလှပ ပြီး နေချင်စဖွယ်အိမ်လေး
တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။
Beach Rock Tree House
ဂျပန်နိုင်ငံ ၊ အိုကီနာဝါကျွန်းပေါ်မှာတည်ရှိတာပါ။
Friday, November 16, 2012
စာရွက်နှင့်ဖန်တီးထားသော 3D ပုံလေးများ
အရင် စာရွက်နှင့်ဖန်တီးထားသော ပုံလေးများ၏အဆက်ပါ...
စိတ်ကူးကောင်းကောင်း နှင့် လက်ဝင်လှသော ဖန်တီးမှုများပါ။
13_on-the-other-side-ii-2
ဒေါ်လာတစ်သန်းတန် အိမ်ကြီးကိုဝယ်ပြီးမှ အိမ်အောက်တွင် ဧရာမကြွက်တွင်းကြီးတွေ့ ရှိ
ကနေဒါနိုင်ငံအလယ်ပိုင်း မာနီတိုဘာပြည်နယ ၀န်နီပက်မြို့တွင် အမျိုးသမီးတစ်ဦးသည် ဒေါ်လာတစ်သန်းတန် အိမ်တစ်လုံးကို ၀ယ်ယူပြီးသောအခါမှ ၎င်းဝယ်ယူခဲ့သည့်အိမ်သည် စတုရန်းပေ၅၀၀၀ အကျယ်ရှိ ကြွက်တွင်းတစ်တွင်း၏ နှုတ်ခမ်းဝပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရ၍ အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့သည်။
လူသေအလောင်းကို Holloweenအရုပ်ထင်
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ပြည်နယ် မရီနာဒဲလ်ရေးဒေသရှိ အိမ်ရှေ့လေသာဆောင်တွင် သေဆုံးနေသည့် အလောင်းတစ်လောင်းကို အိမ်နီးနားချင်းများက Holloweenတစ္ဆေပွဲတော် အရုပ်ထင်၍ တစ်ပတ်ကျော်မှ လူသေမှန်းသိပြီး အာဏာပိုင်များက ဖယ်ရှားရှင်းလင်းခဲ့ရသည်။အသက်၇၀အရွယ်ရှိ မွန်စတာဖာမာမွတ်ဆိုသူသည် ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောကြားခဲ့သည်။ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က အိမ်နီးနားချင်းများအား စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ရာ အိမ်နီးနားချင်းများက လူသေအလောင်းကို တွေ့ရှိရသော်လည်း လူသေအရုပ်ထင်၍ အာဏာပိုင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။
ref: ပြည်မြန်မာ
အမေရိကန်နိုင်ငံ၏ ပထမဆုံး မိန်းမလျာလွှတ်တော်အမတ်
အမေရိကန်နိုင်ငံ၏ သမိုင်းစာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်သည့် အနေဖြင့်ဝီကိုဇင်ပြည်နယ်ရှိ မဲထည့်သူများက မိန်းမလျာတစ်ဦးဖြစ်သူ တန်မီဘော်ဒွင်ဆိုသူကို အမေရိကန်လွှတ်တော်၏ ပထဆုံးမိန်းမလျာ နိုင်ငံရေးသမားအဖြစ် မဲထည့်ရွေးချယ် ခန့်အပ်လိုက်သည် ဟုသိရသည်။အသက်၅၀အရွယ်ရှိ ဘော်ဒွင်သည် ဒီမိုကရက်တစ်ပါတီ၏ သက်တမ်း ခုနစ်ဆက်မြောက် လွှတ်တော်အမတ်ဖြစ်ပြီး ၀ီကိုဇင်ပြည်နယ်၏ လေးနှစ်သက်တမ်းရှိ ဆန်ဟာ့ပ်ကောလ်ဆိုသူ အုပ်ချုပ်ရေးမှူးကိုအနိုင်ယူပြီး အဆိုပါပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရခြင်းဖြစ်သည်။ ၎င်းသည်လွန်ခဲ့သည့် ခြောက်နှစ်ကျော်က လိင်တူလက်ထပ်ခြင်းကို လုံးဝပိတ်ပင်သည့် ဥပဒေကို ချမှတ်ခဲ့သည့် ၀ီကိုဇင်ပြည်နယ်၌ပင် လူထုထောက်ခံမဲ ၅၁ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ref: ပြည်မြန်မာ
ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒြါွေမကြီး
ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပြါွေမမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပြါွေမကြီးကို မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူကြွေမကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ref: ပြည်မြန်မာ
ကမ္ဘာ့အိမ်ထောင်သက်တမ်း အကြာမြင့်ဆုံးစုံတွဲ
အိန္ဒိယနိုင်ငံ ပန်ဂျပ်ဇာတိများဖြစ်ကြပြီး ယခုအခါ အင်္ဂလန်နိုင်ငံ ဘရက်ဖို့အရပ်တွင် အခြေချနေထိုင်လျက်ရှိသော အိန္ဒိယလူမျိုး အသက် ၁၀၇နှစ်အရွယ်ရှိကရမ်နှင့် သူ၏ဇနီးသည် အသက် ၁၀၀နှစ်ရှိပြီဖြစ်သည့် ကာတာရီတို့သည် ပြီးခဲ့သည့်အပတ်က အိမ်ထောင်သက် ၆၇နှစ်ပြည့် အထိမ်းအမှတ်မင်္ဂလာပွဲ ပြုလုပ်ခဲ့ကာ၎င်းမှာ ကမ္ဘာ့သက်တမ်းအကြာရှည်ဆုံး အိမ်ထောင်သက်အဖြစ် လက်ရှိဂင်းနက်စ် စံချိန်ကို ချိုးနိုင်ခဲ့သည်။ ထို့ပြင်ယခုအခါ သားသမီးရှစ်ဦးနှင့် မြေး၂၈ဦးရှိသော ကရမ်တို့စုံတွဲမှာ ကမ္ဘာ့အသက်အကြီးဆုံး မင်္ဂလာစုံတွဲလည်း ကမ္ဘာ့အိမ်ထောင်သက်တမ်း အကြာမြင့်ဆုံးစုံတွဲဖြစ်လာဖွယ်ရှိသည်။ ကရမ်က သူတို့အိမ်ထောင်ရေးနှင့် ပတ်သက်၍ နှစ်ယောက်အကြားတွင် လှို့ဝှက်ချက်လုံးဝမထားဘဲ တစ်ဦးနှင့်တစ်ဦး နားလည်မှုပေးနိုင်သည့်အတွက် ယခုကဲ့သို့ကာလကြာမြင့်စွာ ပျော်ရွှင်သည့် အိမ်ထောင်ရေးဖြစ်ခဲ့ကြောင်းနှင့် နောက်ထပ်နှစ်၈၀ခန့် ဇနီးသည်နှင့်အတူနေ ထိုင်သွားလိုကြောင်း ဒေသတွင်းသတင်း ၀က်ဘ်ဆိုက်ဖြစ်သော Zoosk.co.ukကို ပြောဆိုခဲ့ပြီး ထိုသတင်းဝက်ဘ်ဆိုက်မှ ချီးမြှင့်ခဲ့သော ကမ္ဘာ့အိမ်ထောင်သက် အကြာမြင့်ဆုံး အသိအမှတ်ပြုလက်မှတ်ကို လက်ခံရရှိခဲ့သည်။
ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...