Tuesday, January 29, 2013

မသေနိုင်သော သတ္တဝါ - Immortal Jellyfish


မသေနိုင်သော သတ္တဝါ - Immortal Jellyfish


ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေး
လေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
--
Ref: wiki,rarefacts
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/immortal-jellyfish.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia 
ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။
 တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေး
လေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

Sunday, January 27, 2013

သစ်ရွက်လိပ်ပြာ


လိပ်ပြာရယ်မလို့မဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။

တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish


 
 clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။

Friday, January 25, 2013

ဂုဏ်ယူစရာ ရွှေမြန်မာ


အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူလေး


အမေရိကန်ပြည်ထောင်စု အော်ရီဇွန်ပြည်နယ်မှ အမျိုးသမီးတစ်ယောက်သည် ၈လက်မမှ ၁၀လက်မအထိသာ အကျယ်ရှိသော တိုက်ကြားထဲသို့ အပေါ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပုံရ၍ လေးနာရီခန့်ကြာအောင် ပိတ်မိနေခဲ့ပြီး ရဲ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲအားထုတ် ကယ်တင်ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး မည်ကဲ့သို့ ယခုလိုတိုက်နှစ်လုံးကြားထဲ ညပ်ခဲ့ရကြောင်း အတိအကျမပြောနိုင်ဟု ဆိုကြသည်။

သခင်ကို ကားဖြင့်ပြန် တိုက်သည့်ခွေး


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ လူတစ်ယောက်ကို သူ့အချစ်တော်ခွေးက ကားဖြင့်တိုက်သတ်ခဲ့သည့် သတင်းကြောင့် ခွေးပိုင်ရှင်များအနေဖြင့် မှင်တက်သွားခဲ့ရသည်။ အသက်၆၈နှစ် ရှိပြီဖြစ်သည့် ဂျိမ်းစ်ကမ်ဘဲလ် ဆိုသူသည် ကားဖြင့် အိမ်သို့ပြန်လာပြီး နေအိမ်ဝင်း တံခါးရှေ့သို့ ရောက်သောအခါ သူ့အိမ်တံခါးကိုဖွင့်ရန် ကားကို စက်မသတ်သေးဘဲ ကားပေါ်မှဆင်းလာစဉ် သူ့အချစ်တော်ခွေးက ကားပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရာ လီဗာကိုနင်းမိပြီး စက်မသတ်ထားသော ကားမှာအရှိန်ဖြင့် သူ၏သခင် ဂျိမ်းစ်ကို ၀င်တိုက်မိ သွားလေတော့သည်။

အအေးဆုံးနေရာတွင် အဝေးဆုံးခရီးကို စက်ဘီးဖြင့်သွားခဲ့သူ


 ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ အေးခဲလှသည့် ရာသီဥတုဒဏ်ကို အံတုကာ စက်ဘီးဖြင့် မိုင်ပေါင်း ၁၇၅မိုင်တိတိ ခရီးနှင်ခဲ့သူကို ကမ္ဘာ့မှတ်တမ်းက စံချိန်တင် အသိအမှတ်ပြုလိုက်ပါပြီ။ အန္တရာယ်ကြားမှ စွန့်စွန့်စားစား သွားလာလိုသူ လာဆန်၏ခရီးစဉ်ကို အဓိက ကူညီပံ့ပိုးပေးခဲ့သူမှာ ဒေးဗစ်ဖင်းနေးဆိုသည့် လူမှုရေးအဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံး မီးဖိုချောင်


အပူဒဏ်ခံနိုင်သည့် ပလတ်စတစ်များ၊ သလင်းကျောက်များနှင့် အလှဆင်ကျောက်များဖြင့် ဖန်တီးထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုထားသော မီးဖိုချောင်ကို လန်ဒန်တွင် ကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ပေါက်ဈေးပေးဝယ် ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ အဆိုပါ မီးဖိုချောင်ကို ဖန်တီးရန် တစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရသည်ဟု ဒီဇိုင်နာက လော်ဒီယိုဆယ်လီဘာတီက ရှင်းပြသည်။

Monday, January 21, 2013

ကမ္ဘာပေါ်က အလှဆုံး ရေတံခွန်များ

ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။ 
Angel Falls
Image Hosted by PicturePush - Photo Sharing
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima အမျိုးသားဥယျာဉ်အတွင်းရှိ  Auyantepui တောင်ရဲ့ အစွန်းကနေ စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့ တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။

အမှတ်တမဲ့အလွဲများ( ၂၃ )

သူငယ်ချင်းများအတွက် ဆက်လက်ပြီး လွဲပါအုံးမယ်...
ဟာ...အမ ပဲများနေတာနဲ့ သွားပြီ... ဗွမ်း


Friday, January 18, 2013

ကမ္ဘာ့အသေးငယ်ဆုံး စက်ဘီးစီးသူ


 ပြင်သစ်နိုင်ငံမှ စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင် အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက် စီးနင်းမည်ဖြစ်သည်။

ဗြိတိန်၏ အမြင့်ဆုံး Shardမျှော်စင်တွင် အိမ်သာများမှလည်း မြို့ရှုခင်းကို ကြည့်ရှုနိုင်


 ဗြိတိန်၏ အမြင့်ဆုံး ၁၀၁၆ပေ အမြင့်ရှိသှော့Shardမျှော်စင်ကို ဖေဖော်ဝါရီလ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ထိုမျှော်စင်တွင် အိမ်သာများမှာလည်း မြို့ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။ ထိုလန်ဒန်မျှော်စင်သည် ၁၀၁၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၅လွှာပါရှိကာ မျှော်စင်အပေါ်မှပင် မိုင်လေးဆယ်အကွာမှရှုခင်းများကိုကြည့်ရှုနိုင်သည်။

နေမှလောင်ကျွမ်း ပေါက်ကွဲမှုက ကမ္ဘာမြေအချင်းထက် အဆ၂၀ပိုကြီး


 နေမုန်တိုင်းများ ဖြစ်ပေါ်မှုကို အစဉ်မပြတ် လေ့လာနေသည့် နာဆာမှ ပေးပို့သောပုံများအရ နေပေါက်ကွဲမှုမှာ ကမ္ဘာ့အချင်းထက် အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိရသည်။ ဒီဇင်ဘာလ ၃၁ရက်နေ့က ရိုက်ကူးထားသော ပုံများအရ နေပတ်လည်မှာ လောင်ကျွမ်းနေသော မီးတောက်များနှင့် သံလိုက်စက်ကွင်းများကို အသေးစိတ်တွေ့မြင်နိုင်သည်။

ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါး ဂျပန် အိုကာဆာဝါရာကျွန်း အနီးတွေ့ရှိ


၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌  ဖမ်းဆီးရမိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည် ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး ၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ် သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား ဖမ်းယူခဲ့ကြောင်း သိရသည်။

Wednesday, January 16, 2013

နဂါးပုပ်သင်


တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။
Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။

အစ္စရေးတွင် ပိန်သောသူများ မော်ဒယ်မလုပ်ရန် ဥပဒေဖြင့် တားမြစ်ထား


အစ္စရေးမှာ ပိန်သူများ မော်ဒယ်မလုပ်ရ ဆိုတဲ့ ဥပေဒ တားမြစ်ထုတ်ပြန် ထားပါတယ်။ အမျိုးသားရော၊ အမျိုးသမီးကိုရော ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေကို ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ ဥပဒေ ဖြစ်ပါတယ်။
ဘော်ဒီအချိုးအစား Index ၁၈.၅ သတ်မှတ်ထားပြီး အဲ့ထက်ရော့ရင် မော်ဒယ်လုပ်လို့ မရပါဘူး။ ရှိုလည်း လျှောက်လို့ မရပါဘူး။ မပိန်တာကို ပိန်အောင် Photoshop တို့လိုဟာနဲ့ ပြန်လည်ပြုပြင်ဖန်တီးရင်လည်း ဖန်တီးသူက ပြစ်မှုမြောက်ပါတယ်။

မျက်နှာနှစ်ခုနှင့်လူသား Edward Mordake


Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်းမပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။

ဆန်းဆန်းပြားပြား Body Art ပန်းချီများ


လူခန္ဓာကိုယ်ပေါ်မှာ အနုစိတ် ရေးဆွဲထားတဲ့ ပညာရပ်တစ်ခုပါ။
ဒီပန်းချီးပညာဟာ ရှေးခေတ်လူမျိုးတွေ လက်ထပ်တတည်းက ရှိခဲ့တာလို့ ပြောရင်
ရပါတယ်။ ရှေးခေတ်လူသားများဟာ အမဲလိုက်ခြင်း ၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း နှင့်
ယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးတမ်းများ အလိုက် ကိုယ်ခန္ဓာပေါ် မှာ ဆေးရေးခြယ်ခြင်း
များပြုခဲ့ကြပါတယ်။

Monday, January 14, 2013

Arizona နှင့် Canada မှထူးခြားသော မြင်းခွာပုံရေကန်များ

ကမ္ဘာပေါ်မှ ထူးဆန်းထွေလာတွေကတော့ တကယ့်ကိုအများသားပါပဲ ဒါပေမယ့် လူကဖန်တီးပြုလုပ်ထားတာမဟုတ်ပဲ သဘာဝကပြုလုပ်ခြင်းကြောင့် သဘာဝအရ တည်ရှီနေကြတဲ့ ထူးဆန်းထွေလာတွေကတော့ တကယ့်ကိုရင်သက်ရှုမောစရာပါပဲ အခုကျွှန်တော် ခေါ်ဆောင်သွားမယ့်နေရာလေးတွေကတော့ ကမ္ဘာပေါ်မှာ ထူးဆန်းထွေလာနေရာလေးတွေဖြစ်ပါသည် ။မြင်းခွာပုံရေကန် နှစ်ကန် ပဲဖြစ်ပါသည် ။
Horseshoe Bend, Arizona


နာရီပေါင်း ၁၀၀ ကြအောင် သဲအမြုပ်ခံခဲ့ သည့် မျက်လှည့် ဆရာ

ထိုင်ဝမ်နိုင်ငံမှ မျက်လှည့် ပညာရှင်တစ်ဦးဟာ လွန်ခဲ့ သည့် ကြာသပတေးနေ့ ကသဲအပြည့် ထည့် သွင်းဖုံး
အုပ်ထားသည့် တယ်လီဖုံးရုံတစ်ခုအတွင်းတွင် နာရီပေါင်း ၁၀၀ အမြုပ်ခံခဲ့ ပြီးကမ္ဘာ့ စံချိန်သစ်တင်နိုင်ခဲ့ 
တယ်လို့ ဆိုပါတယ်...
ဖျော့ တော့ ပြီး မောပန်းနွမ်းနယ်နေပုံပေါက်သည့် ချိုရှန်ကန်း ဟာ တိုင်ပေမြို့ ဟွာရှန်း အပန်းဖြေပန်းခြံထဲရှိ
အများသုံးတယ်လီဖုံးရုံထဲမှ ၎င်းကိုဆွဲထုတ်ခဲ့ စဉ်မှာ လက်ပြနှုတ်ဆက်ပြီး ခပ်ယဲ့ ယဲ့ သာပြုံးနိုင်ရှာပါတော့ 
တယ်....
တနင်္ဂနွေနေ့ ကစတင်ခဲ့ သည့် ၁၀၀ နာရီကြာ လူသားတစ်ဦးရဲ့ အပင်ပန်းဆင်းရဲခံနိုင်မှု စွမ်းပကားအား စမ်း
သပ်သည့် စွန့် စားလုပ်ဆောင်မှုဖြစ်သည့် ချိုရဲ့ ပြကွက်နောက်ဆုံး နာရီ၊ မိနစ်များကို သတင်းထောက်များ
နှင့် လူအုပ်ကြီးကပါလာရောက်စောင့် ကြည့် နေခဲ့ ကြပါတယ်....

Cho Sheng-keng was released from a sand-filled kiosk after 100 hours
နာရီပေါင်း ၁၀၀ သဲထဲမှာအမြုပ်ခံခဲ့ သည့် မျက်လှည့် ဆရာ ချိုရှန်ကန်း....

စပိန် နိုင်ငံမီးတောင်ထိပ်ဝက Restaurant

 
“El Diablo” restaurant သည် စပိန်နိုင်ငံ Lanzarote ကျွှန်းတွင်တည်ရှိသည့်အမြဲတမ်းတုန်ခါပြီး ပေါက်ကွဲချင်နေသည့်
မီးတောင်ကြှီးတစ်ခု၏ ထိပ်ဝတွင် တည်ဆောက်ထားခြင်းဖြစ်ပါသည် ။အမြဲတမ်း
 မီးတောင် အောက်မှ အပူငွေ့ များတတ်နေသည့်အတွက် restaurant 
အတွင်းစားသောက်သူများကို အအေးပေးစနစ် အခန်းများကိုအထူးပြုလုပ်ပေး
ထားသော်လည်း ပူပြင်းလှပါသည် ။ ထို့ ကြောင့် restaurant ဘေးပတ်လည် ၀န်းကျင်တွင် ရေများအမြဲပတ်ဖျန်းကာ ထားရပါသည် ။

တရုတ်နိုင်ငံမှ စိတ်ရောဂါဆရာဝန်တစ်ဦး၏ကြေငြာဆန်း

ဒေါက်တာဟေး အမည်ရှိတရုတ်နိုင်ငံမှ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ ရှန်ကျင်းဇ် မြို့ တော်မှလမ်း
ပေါ်တွင် အတွင်းခံဝတ်စုံသာဝတ်ဆင်ထားသည့်အမျိုးသမီးငယ်တစ်ဦးနှင့် အတူ ၎င်း၏ဆေးခန်းအတွက်
ကြေငြာထွက်ခဲ့ သဖြင့် အင်တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ ( အင်တာနက်မှ ထိုဓါတ်ပုံများမြင်တွေ့ 
ခဲ့ ကြရ၍ ) အံ့ အားသင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ ကြရပါတယ်...
ဒါဟာ လုပ်ငန်းရှင်များအတွက်သမားရိုးကျလုပ်ငန်းကြေငြာတစ်ခုမဟုတ်တာတော့ သေချာပါတယ်...
ဒီလိုအဆန်းထွင်ကြေငြာတဲ့ သူကလည်း စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်တစ်ဦးဖြစ်နေတာမို့ သူ့ အနေ
နဲ့ လူတွေရဲ့ မှတ်သိတုံ့ ပြန်မှုကို တတ်သိနားလည်နေတာဖြစ်ပါတယ်...

Saturday, January 12, 2013

အင်းလေးအိုင် အလှ နှင့် သမိုင်း


 ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင် အကြောင်းတင်ပေးပြီးတော့ အခြားသော ဆိုဒ်များမှ သူငယ်ချင်းများကအင်းလေးအိုင်နှင့် ဒေသအကြောင်းကို ဆက်လက်တင်ဖို့တောင်းဆို သဖြင့်ဒီပိုစ့်ကို ရှာဖွေတင်ပြလိုက်ပါတယ်။

 

အင်းလေးအိုင်သည် မြန်မာပြည်တွင်ရှိသော ကုန်းတွင်း အင်း အိုင်များတွင်
ဒုတိယ အကြီးဆုံး ဖြစ်ပါသည်။ အင်းလေးအိုင်အကြောင်းကို ကျွန်တော်တို့
တော်တော်များများသိ ဖူးကြပါသည်။ အင်းလေးဟုဆိုလိုက်သည်နှင့်
ရွှေသားအတိဖြစ်နေသော ဖောင်တော်ဦးဘုရား ၊  လှေကို
လက်နှင့်မလှော် ခြေနှင့်ခပ်လှာ်ပုံတွေ ၊ ကျွန်းမျောတွေပေါ်မှာ စိုက်ကြ ၊ ပျိုးကြ ၊
နေထိုင်ကြပုံတွေ နှင် ရေပေါ်ဈေးတို့ကို အမှတ်ရမိကြပါသည်။

Thursday, January 10, 2013

အမှတ်တမဲ့အလွဲများ( ၂၂ )

သူငယ်ချင်းများအတွက် ဒီတစ်ခါလာတဲ့အလွဲလေးတွေကတော့...
အမရေ မထိုင်လိုက်နဲ့နော်...ထိုင်လိုက်ရင် ဂွမ်းသွားမယ်...ဟီး

ကြိုးတန်းလမ်းလျှောက်ပြီး မွေးရပ်ကို အလွမ်းအဖြေသည့် ဂျာမနီမှ ဂေါ်ရီလာမျောက်ဝံ


ဒိန်းမတ်နိုင်ငံ Givskud တိရိစ္ဆာန်ဥယျာဉ်မှ ဂျာမနီနိုင်ငံ ကရီဖီလ်တိရိစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိလာသော ၁၂နှစ်အရွယ်ရှိ ဂေါ်ရီလာမျောက်ဝံသည် အိမ်လွမ်းသည့်ဝေဒနာ ဖျေဖျောက်နိုင်စေရန်အတွက် ကြိုးတန်းပေါ်တွင် လမ်းလျှောက်လေ့ရှိကြောင်း တိရိစ္ဆာန်ရုံမှ တာဝန်ရှိသူများက သတိထားမိခဲ့ကြသည်။

အသေးဆုံး စကိတ်ကိုစီးပြီး အဝေးဆုံးခရီးကို နှင်ခဲ့သူ


တရုတ်(တိုင်ပေ)ရှိ စကိတ်စီးသမား ဝူမန်လောင်းဆိုသူသည် စကိတ်စီးပြီး ကီလိုမီတာ ၃ဝဝ(၁၈၆မိုင်) ခရီးနှင်နိုင်ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ ယင်းသို့ မိုင်ပေါင်းရာချီ ခရီးနှင်နိုင်ရန်အတွက် ၂၄နာရီမျှ အချိန်ယူခဲ့ရသည် ဟုဝူကဆိုသည်။
ref:ပြည်မြန်မာ

Wednesday, January 9, 2013

လူသားစားfrigate ငှက်


(frigate )ငှက်လို့ အမည်ရှိတဲ့ရှားပါးငှက်တစ်မျိုးပါ။
သူတို့ ရဲ့ လည်ပင်အောက်မှာ အနီရောင်ဥကြီးတစ်ခုရှိပါတယ်။
သူတို့ က အဖွဲ့ နှင့်နေထိုင်လေ့ရှိပြီအသားစားငှက်တစ်မျိုးဖြစ်ပါတယ်။

ကား ဟိုတယ်

အကယ်၍ သင်ဟာ မော်တော်ကား ခရေစီ တစ်ယောက် ဖြစ်သည်ဆိုပါဆို့။
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှ Stuttgart မြို့တော်ရှိ V8 ဟိုတယ်ကို
အမှန်ပင် သဘောကျပေလိမ့်မယ်။ V8 ဟိုတယ်တွင် ဟိုတယ်ခန်းအတွင်းရှိ
အိပ်ယာများကို ကားအမျိုးအစားစုံ၏ ကိုယ်ထည်များဖြင့် ပြုလုပ်ထားသည်။
ဟိုတယ်ခန်း အပြင်အဆင်များကိုလည်း ကားပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည်။ထို့အပြင် စားသောက်ခန်းထဲတွင်လည်း ပြိုင်ကားများကို
မြင်တွေ့နိုင်သည်။

ဟိုတယ် ဧည့်ခန်းမတွင် မြင်တွေ့နိုင်မည့် ရှေးဟောင်း
ကားများကိုလည်းကောင်း ကော်ဖီစားပွဲ အောက်ခံအဖြစ် တွေ့ရသည့် ကားအင်ဂျင်
အမျိုးမျိုး ကိုလည်းကောင်း မြင်တွေ့နိုင်ပြီး နှင့် အခြားသော ကား အလှဆင်
ပစ္စည်များသည် V8 ဟိုတယ်ကို အမှန်ပင် မော်တော်ကား ဝါသနာအိုးများ
ပြီးပြည့်စုံသည့် ဟိုတယ် တစ်ခု ဖြစ်လာစေသည်။

ကဲဘယ်လောက်လန်းလည်း မသွားချင်ကြဘူးလား

ပင်လယ်ရေအောက်မှကြယ်လေးများ

ရေအောက်ကမ္ဘာမှာ ရှိတဲ့အလှတရားတွေထည်းမှာကြယ်ငါး
( star fish ) လို့ ခေါ်တဲ့ ထူးဆန်းလှပ တဲ့
ရေအောက်ကြမ်းပြင်နေ သတ္တ၀ါလေးတွေပါ ပါတယ်..
ဒါကြောင့်ဒီတစ်ခါ ထူးဆန်းတဲ့စတားဖစ် လေးတွေကိုသူငယ်ချင်းတွေ သိရန်အတွက်တင်ပေးလိုက်ပါတယ်နော်…
 
အနီရောင် စတားဖစ် တွေဟာ အများအားဖြင့်ပင်လယ်ရေအောက်ကြမ်းပြင်ရှိသဲလေးများထည်းတွင် နေတက်ကြပါတယ် အရောင်အမျိုးစားစုံပါတယ်..
သဲများပေါ်တွက်သူတို့ ရဲ့ ခန္တာကိုယ်ကို လွှင့်ပြီးသွားတက်ကြပါတယ်။

လက်ထပ်ပွဲဆင်နွှဲနိုင်ရန် အရပ် ၁၄ လက်မ ပိုရှည်အောင် ခွဲစိတ်ကုသခဲ့သည့် လူပု သတို့သမီး


အမေရိကန်ပြည်ထောင်စု မန်ဆာ ချူးဆက်ပြည်နယ်မှ ခြေထောက်နှင့် လက်သာမန်ထက်ပိုတိုနေသော အမျိုး သမီးတစ်ဦးသည် အရပ်ပိုမိုရှည်ထွက် လာစေရန် ခွဲစိတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက် အရပ် ၁၄ လက်မ ပိုရှည်ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။
သူမသည် ခြေလက်အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံးသူဖြစ်ကြောင်း သူမအား ခွဲစိတ်ပေးသည့် ဆရာဝန် များက ပြောကြားခဲ့သည်။

Monday, January 7, 2013

မြန်မာပြည်မှ မြစ်ကြီးများ

မဲခေါင်မြစ်(Mekong)

ကမ္ဘာကျော်မြစ်တစ်ခုပါပဲ။ ကမ္ဘာ့အရှည်ဆုံးမြစ်များ စာရင်းမှာ Top ten မ၀င်ခဲ့ပေမယ့်
နံပါတ် (၁၂) ချိတ်ပါတယ်။ China, Myanmar, Laos, Thailand, Cambodia
နှင့် Vietnam နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။ 2,705 မိုင်(သို့) 4350 km
ရှည်ပြီး တောင်တရုတ်ပင်လယ်ထဲ စီးဝင်ပါတယ်။

Sunday, January 6, 2013

ကမ္ဘာပေါ်မှ အထူးခြားဆုံး စေတီပုထိုး ဘုရားများ (ရွှေတိဂုံပါဝင်)

Tiger’s Nest Monastery


Tiger's Nest Monastery temple (1)
Tiger's Nest Monastery temple (2)
Paro တောင်ကြားမှာရှိတဲ့ ပေ ၃၀၀၀ မြင့်တဲ့ ကမ်းပါစောက်အစွန်းပေါ်မှာ တည်ရှိတဲ့ Tiger’s nest monasteryက Bhutan မှာ အမြင့်မြတ်ဆုံးနေရာတွေထဲကတစ်ခု

Saturday, January 5, 2013

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ


စင်ကာပူ ဇန်နဝါရီ ၃
စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက်အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။
အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ် အပါအဝင် စုစုပေါင်း အထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက် အအုံကို Premium မော်တော်ကား ကုမ္ပဏီမှ  အမေရိကန် ဒေါ်လာ သန်း  ၇ဝ အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

Friday, January 4, 2013

UFO ဆိုတာ

 
ဒီတစ်ခါ အကြောင်းအရာကတော့ သိပ္ပံပညာရှင်တော်တော်များများ ကိုယ်တိုင်ကိုက
အဓိပ္ပါယ်တိတိကျကျသတ်မှတ်ပြီး လေ့လာဖို့ခက်ခဲနေတယ့် UFO
အကြောင်းပဲဖြစ်ပါတယ်။ UFO လို့ဆိုလိုက်တာတဲ့ အားလုံးရဲ့မျက်စိထဲမှာ
ပန်းကန်ပြားပျံကြီးတွေကို မြင်ယောင်မိကြပါလိမ့်မယ်။
ဒါပေမယ့်မြင်ယောင်လာတဲ့အရာတွေဟာ ကိုယ်တိုင်တွေ့မြင်တဲ့သူက
အနည်းငယ်သာရှိပြီး ရုပ်ရှင်တွေ ၊ စာအုပ်တွေနဲ့ လူပြောများလို့သာ
စိတ်ထဲစွဲထင်နေတာပါ။ အခုအချိန်ထိကိုလည်း
တိတိကျကျဖြေရှင်းချက်မပေးနိုင်သေးတဲ့
အာကာသဆိုင်ရာတွေ့ရှိချက်တွေဖြစ်ပါတယ်။ UFO နဲ့ပက်သက်တဲ့စာအုပ်တွေ ၊
ရုပ်ရှင်တွေနဲ့ အချက်အလက်မှတ်တမ်းတွေ အများကြီးရှိနေပေမယ့်
တစ်ကယ်တမ်းကျတော့ သေသေချာချာသိတဲ့သူက လူငယ်ပိုင်းမှာအရမ်းကိုနည်းနေပါတယ်။

ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားများ


နာဇီခေါင်းဆောင် ဟစ်တလာ
 နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး
လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ်
ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။
ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရသူများ၊
ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့်
ဂျိုဗက်သက်သေ* များပါဝင်သည်။ ၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း
အစီအစဉ်တစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ
လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

သိမှတ်ဖွယ်ရာ ဗဟုသုတ ကမ္ဘာ့စာစုများ(၁)

(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့်
ညီမျှသောပမာဏ အလေးချိန်ကို " ဂါလံ " လို့ သတ်မှတ်ခဲ့ပါတယ် ။

(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင်
" 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့...
အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။

(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။
ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို
ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေး
ခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။

(၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။
" ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရပါသည် ။

(၅)"ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist "(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။
ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။
" Noisy ghost " ( ဆူညံသော သရဲ) လို့ အဓိပ္ပါယ်ရပါတယ် ။

အမှတ်တမဲ့အလွဲများ(၂၁)

သူငယ်ချင်းများအတွက် အမှတ်တမဲ့အလွဲများ လာပါပြီ...

ဦးဦးဘားသက်ရေ ဆုပဲတောင်းမနေနဲ့၊ ဂိုးဝင်တော့မယ်ဗျ...


ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)


ရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်း မျက်လုံး(၃)လုံးနဲ့လူသား

မျက်လုံးသုံးလုံးနဲ့ လူသားအဖြစ် တစ်ချိန်က ကျော်ကြားခဲ့တဲ့ ဘီလ် ဒါ့က် ရဲ့ ငယ်စဉ် ကလေးဘ၀ဟာ ကြမ်းတမ်းခဲ့ပါတယ် ။ သူ့ကို ဂျက်ပါ ၊ အလာဘာမား မှာ ၁၉၁၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ် ။ မွေးရာပါ မျက်နှာနှင့် နှာခေါင်းပိုင်း ပုံသဏ္ဏာန် ပျက်ယွင်းမှုကြီးတစ်ခုနဲ့ပေါ့ ။ နှစ်ခြမ်းကွဲနေတဲ့ သူ့မျက်နှာဘယ်တော့မှ ပြန်မဆက်သွားတော့ သလို ၊ ကိုးယိုးကားယားဖြစ်နေပြီး ကြီးမားတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ နှင့် နှာခေါင်းပေါက် တစ်ပေါက်စီသက်သက်ကွဲနေတယ်ဗျ ။ နောက်ပြီး မွေးတည်းက သူ့ရဲ့ မျက်လုံးများကို သူ့ရဲ့အရေပြားကပြန်အုပ်ထားလို့ငယ်စဉ်မှထဲက ခွဲစိတ်ပြီးပြန်ဖွင့်ခဲ့ရပါတယ် ။

Thursday, January 3, 2013

ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် တရုတ် နိုင်ငံမှ ရေခဲမြို့တော်ကြီး


ပေကျင်း ဒီဇင်ဘာ ၂၇
တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ ရှိသော ဟာဘင် ရေခဲ ပွဲတော်ကြီးအား  ဆက်လက် ကျင်းပခဲ့ရာ  ကမ္ဘာ လှည့် ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ ရှိသော အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု
တင်စား ခေါ်ဝေါ်ခဲ့ပြီး ဧရာမ ရေခဲပန်းပု ရုပ်တုများ က မြင်ရသူ တိုင်းကို အံ့သြ မှင်တက် စေခဲ့သည်။

ထူးထူးခြားခြား ကြက်မ တစ်ကောင်က မီးလောင်မှုကို သတိပေး

ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု အဖြစ် အမေရိကန် နိုင်ငံ ဝစ်ကွန်စင်ပြည်နယ် မီလ်ဝေါ့ခ်ကီ မြို့ရှိ ဇနီး မောင်နှံတို့ မွေးမြူထားသည့် ကြက်တစ်ကောင်ကြောင့် ၎င်းတို့ နေအိမ်နှင့် ကားများမီးလောင်မည့် ဘေးအန္တရာယ်မှ ကင်း လွတ် ခဲ့ရသည်။ 

ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦး စီးနင်းခဲ့သည့် ဧရာမ ဆိုင်ကယ်ကြီး

နယူးယောက် ဇန်နဝါရီ ၂
ခရစ္စမတ် ဘိုးဘိုးကြီး Santa Clausသည် တန်ဒြာ ဒေသမှ သမင်ကိုသာ စီး၍ ခရစ္စမတ် ပွဲတော်သို့ လာလေ့ ရှိသော်လည်း ယခုနှစ်တွင် ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦးသည် ဧရာမ ဆိုင်ကယ်ကြီးကို အတူစီး၍ ခရစ္စမတ် ပွဲတော်သို့ လာရောက်ခဲ့ကြောင်း သိရသည်။ ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦး စီးနင်းလာသော ဆိုင် ကယ်သည်

Tuesday, January 1, 2013

ကမ္ဘာ့အသေးငယ်ဆုံးငါးမွေးကန်

ရုရှားနိုင်ငံမှ Anatoly Konenko ဆိုတဲ့သူက ဖန်တီးခဲ့တာပါ။
အသက် ၅၇ နှစ်အရွယ်မှာ တကယ်ကို မိုက်ခရိုအသေးစား အနုပညာ
ဖန်တီးသူအဖြစ် သက်မှတ်ခံရပါတယ်။ 

သမ္မတနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဆေးမင်ကြောင်ဆရာ


အသက်(၅၃)နှစ်အရွယ်ရှိ ချက်နိုင်ငံသားဗလာဒီမာဖရင့်ဇ်ဆိုသူမှာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များ ထိုးထားသူဖြစ်သော်လည်း ၄င်းက ၂ဝ၁၃ခုနှစ် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်စာရင်းသွင်းထား သူဖြစ်သည်။ ၄င်းသည် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်ပြီး တေးဂီတ နှင့်ပန်းချီအနုပညာများကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်သည်။

၁၂ နှစ်လုံးလုံး ရေတစ်မျိုးတည်းသာ မှီဝဲသူ


တရုတ်နိုင်ငံ၊ ဟေနန်ပြည်နယ်မှ နင် ရှုဖား (အသက် ၂၂နှစ်)သည် လွန်ခဲ့သော ၁၂နှစ် ခန့်မှစ၍ ယနေ့အထိတိုင်အဖတ်အစာအာဟာရ များကိုစားသုံးခြင်းမရှိဘဲ ရေတစ်မျိုးတည်းသာ သောက်သုံး၍ အသက်ရှင်သန်နေထိုင်သူဖြစ် ကြောင်း တရုတ်မီဒီယာသတင်းများကဖော်ပြ ခဲ့သည်။

ထူးခြားလှပတောင်ပေါ်မြို့ ကလေး(၄)(Meteora, Greece)

သူငယ်ချင်းတို့ကို တောင်ပေါ်မြို့ကလေး နောက်တစ်မြို့ကိုအလည်ခေါ်ခြင်ပါတယ်။
ဒီမြို့လေးကတော့ ဂရိနိုင်ငံ မှာတည်ရှိတဲ့  Meteora ဆိုတဲ့ မြို့ကလေးပါ။
ဒီနေရာလေးကိုကြည့်ရတာ ကျွန်တော်တို့နိုင်ငံက ပုပ္ပားတောင် ကလပ် ကို
သတိရမိပါတယ်။
တကယ်တော့ ဒီနေရာဟာ မြို့ဆိုတာထက် ဂရိ အော်တိုဒေါ့ ဘုန်းကြီးကျောင်းပါ။
တောင်ခြေကမြို့နဲ့ဆက်သွယ်နေလို့ တောင်ပေါ်မြို့အဖြစ်ခေါ်ကြတာပါ။
Related Posts Plugin for WordPress, Blogger...