
နေမုန်တိုင်းများ ဖြစ်ပေါ်မှုကို အစဉ်မပြတ် လေ့လာနေသည့် နာဆာမှ ပေးပို့သောပုံများအရ နေပေါက်ကွဲမှုမှာ ကမ္ဘာ့အချင်းထက် အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိရသည်။ ဒီဇင်ဘာလ ၃၁ရက်နေ့က ရိုက်ကူးထားသော ပုံများအရ နေပတ်လည်မှာ လောင်ကျွမ်းနေသော မီးတောက်များနှင့် သံလိုက်စက်ကွင်းများကို အသေးစိတ်တွေ့မြင်နိုင်သည်။
နေမှ ပေါက်ကွဲမှုအချင်းမှာ မိုင်ပေါင်း တစ်သိန်းခြောက်သောင်း အထိရှိသောကြောင့် အချင်း၇၉၀၀ မိုင်မျှသာရှိသည့် ကမ္ဘာ့အချင်းထက်ပင် အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိ ရခြင်းပင်ဖြစ်သည်။နှစ်သစ်ကူးသည့်နေ့က နေ၏ပေါက်ကွဲမှုမှာ လေးနာရီမျှကြာကြောင်း နာဆာက ရိုက်တာသို့ သတင်းပေးပို့ထားသည်။ နာဆာမှ သိပ္ပံပညာရှင်များ၏ အဆိုအရ နေသည် နှစ်၁၀၀ကြာလျှင် အကြီးမားဆုံးအကြိမ် ပေါက်ကွဲသွားပြီးနောက် မူလပုံမှန် အနေအထားသို့ ပြန်လည် ငြိမ်သက်သွားလေ့ ရှိသည် ဟုသိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။